ဘက်နက်ဒစ်တင်းရသေ့ကျောင်းထဲသို့ခိုး၀င်၍မယ်တော့်ဆင်းတုတော်ကိုဖျက်ဆီးခဲ့သူ

ဘက်နက်ဒစ်တင်းရသေ့ကျောင်းထဲသို့ခိုး၀င်၍မယ်တော့်ဆင်းတုတော်ကိုဖျက်ဆီးခဲ့သူ

ဇန္န၀ါရီလအစောပိုင်းက အမေရိကန်ပြည်ထောင်စု အာကန်ဆာစ့်ပြည်နယ်မှလူတစ်ဦးသည် ဘေနေဒစ်တင်ရသေ့ကျောင်းထဲသို့ခိုး၀င်ပြီး မစ္ဆားစင်အားတူတစ်လက်ဖြင့်ထုခွဲဖျက်ဆီးခဲ့သည်။ သူသည်ကိုယ်တော်မြတ်ဗိမာန်တော်အားလည်းဖျက်ဆီးရန်အကြံရှိခဲ့သည်။ သို့သော် မယ်တော့်ဆင်းတုတော်ကိုတွေ့လိုက်ရသောအခါအရင်အတွေးသည်ပျက်ပြယ်သွားပြီး မယ်တော်၏ဆင်းတုတော်ကိုထုခွဲဖျက်ဆီးခဲ့သည်။

ထိုပြစ်မှုကိုကျူးလွန်ခဲ့သူမှာ အသက် (၃၂) ရှိ Jerrid Farnam ဆိုသူဖြစ်သည်။ သူသည် အိုကလာဟိုးမားပြည်နယ်၊ Sallisaw မှဖြစ်ပြီး ပစ္စည်းဖျက်ဆီးမှုဖြင့်ဖမ်းဆီးထားသည်။ ယခုဖမ်းမိထားသူနှင့် Arkansas ပြည်နယ်မှ Subiaco ရသေ့ကျောင်းထဲသို့၀င်ရောက်ခိုးခဲ့သောသူခိုးနှစ်ဦးလုံသည် ပြစ်ဒဏ်ချမှတ် ရန်စောင့်ဆိုင်းနေကြသည်။

အိုကလာဟိုးမားရသေ့ကျောင်း၌ဖမ်းဆီးရမိသူအား သက်ဆိုင်ရာရဲများကစစ်ဆေးရာတွင် သူ၏ အစကနဦးရည်ရွယ်ချက်မှာ ကိုယ်တော်မြတ်ဗိမာန်တော်ဖြစ်ကြောင်း၊ သို့သော် မယ်တော်သခင်မ၏ဆင်း တုတော်ကိုမြင်လိုက်ရသောအခါ ကိုယ်တော်မြတ်ဗိမာန်တော်ကိုအာရုံမရောက်နိုင်တော့ဘဲ မယ်တော့်တင်းတုတော်ကိုသာဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့သည်။ အလားတူပင် Arkansas ပြည်နယ် Subiaco ရသေ့ကျောင်းထဲသို့၀င်ရောက်သွားခဲ့သောသူခိုးသည်လည်း ဇန္န၀ါရီလ (၅) ရက်နေ့၌ လူစိမ်းတစ် ဦးသည်အသင့်ပါလာသောဆူး၊ ဆောက်၊ တူများဖြင့် စကျင်မစ္ဆားပလ္လင်ကိုဆက်လက်အသုံးပြု၍မရစေရန် တစ်ခုလုံကိုထုခွဲဖျက်ဆီးရန်မဖြစ်နိုင်၍ နေရာအတော်များများ၌ထုခွဲဖျက်ဆီးခဲ့သည်။ Subiaco ရသေ့ကျောင်းသည် (၁၈၇၈) ခုနှစ်၌တည်ထောင်ခဲ့သည်။ ကျောင်း၌ရသေ့ (၃၉) ပါးသီတင်းသုံးလျှက်ရှိသည်။

သူခိုသည်မစ္ဆားပလ္လင်၏အတွင်း၌ ဌာပနာထားသောဓာတ်တော်ကိုထုတ်ဆောင်သွားသော ကြောင့်မစ္ဆားပလ္လင်၏မျက်နှာပြင်သည် အပေါက်ကြီးအဖြစ်ကျန်ရစ်ခဲ့သည်။ အဆိုပါဓာတ်တော်များသည် လွန်ခဲ့သော (၁၅၀၀) ကရဟန္တာတို့၏ဓာတ်တော်ဖြစ်ပြီး ကြေး၀ါပခြုပ်ထဲ၌ထည့်၍ဌာပနာထားခြင်းဖြစ် သည်။

ဖောက်ထွင်းခံရသောရသေ့ကျောင်း၏တာ၀န်ခံအကြီးအကဲဖြစ်သော Elijah Owens, OSB က ထိုခိုးယူခံခဲ့ရသောဓာတ်တော်မှာ စိန့်ဘောနီဖေ့စ်၊ စိန့်တိုက်ဘဲရီအုစ့်နှင့် Nursia မှစိန့်ဘေနေဒစ်တို့၏ဓာတ်တော်များဖြစ်ကြောင်ကို ပြီးခဲ့သောဇန္န၀ါရီလ၌ CNA သ တင်းဌာနသို့ဖြေကြားခဲ့ဖူးသည်။ သူ၏သတင်းစာရှင်းလင်းပွဲ၌ ရသေ့ကျောင်းတာ၀န်ခံအကြီးအကဲက သူခိုးသည်ကိုယ်တော်မြတ်ဗိမာန်တော်ရှေ့၌ချထားသောလက်၀ါးကပ်တိုင်ကိုလည်းဖယ်ရှားထားကြောင်း ဓာတ်တော်ကိုခိုးယူသွားသူမှာ ထိုနေ့ချင်း၌ပင်ဖမ်းဆီးခံခဲ့ရပြီး ဓာတ်တော်သုံးခုလုံးကိုလည်းသူနှင့်တစ်ပါ တည်းပြန်လည်တွေ့ရှိခဲ့သည်ဟုဆိုသည်။

ဓာတ်တော်ကိုခိုးယူသွားသူသည် ဓာတ်တော်ကိုထုတ်ယူပြီးနောက် ပခြုပ်ကိုမှုဖခင်ဖြစ်သူအားပေးထားခဲ့ရာ ဖခင်ဖြစ်သူကအမှုမဲ့အမှတ်မဲ့အမှိုက်ပုံထဲသို့ပစ်ထည့်ထားခဲ့သည်။ သို့သော်ပြန်လည်တွေ့ရှိချိန်၌ ပခြုပ်တို့သည်မဖွယ်မရာပြုလုပ်မှုတစ်စုံတစ်ရာမရှိသည်ကိုတွေ့ရှိခဲ့ရကြောင်း ရသေ့တို့ကပြောပါသည်။ အဆိုပါပစ္စည်းများကိုခိုးယူခဲ့သူ Farnam သည်ခိုးမှုဖြင့်စွပ်စွဲဖမ်းဆီးခံထားရသည်။

ဤဓာတ် တော်များအား ကာလတန်ဖိုးဖြတ်၍မရပေ။ ၄င်းတို့သည် နှစ်ပေါင်း (၁၅၀၀) ကြာမြင့်သောရှေးဟောင်းဘာသာရေးအမွှေအနှစ်များဖြစ်ကြသည်။ Farnam စိတ်ထင်မှာ ကိုယ်တော်မြတ်ဗိမာန်တော်ထဲ၌ ယေဇူးသခင်၏အရိုးတော်များဌာပနာထားသည်ဟုဖြစ်သည်။ ဘုရားသခင်ကထိုအရိုးကိုဖယ်ရှားရန်စေခိုင်းသည် ဟု CNA သတင်းဌာနအားဖြေဆိုခဲ့သည်။ သူခိုးသည် အရာ၀တ္ထုများအားဖျက်ဆီးခဲ့ဖူးသည့်ရာဇ၀င်များရှိပြီး ဖမ်းဆီးခံရသောနေ့၌လည်းမှုးယစ်ဆေးသုံးစွဲထားသည်ကိုတွေ့ရှိခဲ့သည်။ ယခုအခါ ရသေ့ကျောင်း သည် ပြန်လည်ပြင်ဆင်မွှမ်းမံလျှက်ရှိသည်။ ပြင်ဆင်မွှမ်းမံသည့်ကာလ၌ ရွေ့ပြောင်းနိုင်သောကိုယ်တော် မြတ်ဗိမာန်ဆောင်ကိုအသုံးပြုနေဦးမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ပြောကြားသွားခဲ့သည်။ CNA

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3Kaf0bM

Add new comment

5 + 15 =