ဗြိတိန်မှစေလွှတ်လိုက်သော ဂျူးလူမျိုးတို့၏ကိုယ်စားလှယ်က ပုပ်ဖရန်စစ်အား ‘ကျေးဇူးတင် ကြောင်းပြောကြား’

ဗြိတိန်မှစေလွှတ်လိုက်သော ဂျူးလူမျိုးတို့၏ကိုယ်စားလှယ်က ပုပ်ဖရန်စစ်အား ‘ကျေးဇူးတင် ကြောင်းပြောကြား’

ဗြိတိန်မှစေလွှတ်လိုက်သော ဂျူးလူမျိုးတို့၏ကိုယ်စားလှယ်က ပုပ်ဖရန်စစ်အား ‘ကျေးဇူးတင် ကြောင်းပြောကြား’

 

            Marie van der Zyl သည် ဗြိတ်န်မှဂျူးလူမျိုးအဖွဲ့အစည်း၏ ဥက္ကဌဖြစ်သည်။ ဗြိတိန်ရှိဂျူးလူမျိုးအဖွဲ့အစည်းအားလုံးကို ကိုယ်စားပြုသည်။ သူသည် လက်ရှိရာထူးကိုထမ်းဆောင်သူ ဒုတိယအမျိုးသမီးဖြစ်သည်။ သူ့အား တရားဇရပ် (၁၈၀) ခုနှင့်နိုင်ငံအသီးသီးသို့ ရောက်ရှိနေထိုင်နေကြ သော ဂျူးအဖွဲ့အစည်း (၄၀) ကျော်မှ ကိုယ်စား လှယ် (၃၀၀) ကျော်က ရွေးချယ်တင် မြောက်ထား သူဖြစ်သည်။ သူသည် အဆိုပါအဖွဲ့အစည်း၏အ လုပ်အမှုဆောင်ချုပ်ဖြစ်သော Michael Wegier နှင့်ရောမသို့ခရီးထွက်လာပြီး ရဟန်းမင်းကြီးဖရန်စစ်အားသွားရောက်ဖူးတွေ့ခဲ့သည်။ ရဟန်းမင်းကြီး နှင့်ရင်းနှီးစွာတွေ့ခွင့်ရခဲ့ကြောင်း၊ ဂျူးနှင့်ခရစ်ယာန်များကြား ၌ဆက်ဆံရေးကောင်း မွန်နွေး ထွေးနေ သောကြောင့်လည်း အလွန်ကျေနပ်ရကြောင်း၊ ရာစုပေါင်းများစွာ ခက်ခဲသော အချိန်ကာလ ကိုကျော် ဖြတ်ခဲ့ပြီးနောက် ဂျူးလူမျိုးနှင့်အဖွဲ့အစည်းကိုအလွန်နွေးထွေးပျူဌာသော ရဟန်းမင်းကြီးရှိနေ ပြီဖြစ်ကြောင်း၊ အလွန်အထောက်အကူဖြစ်ကြောင်းနှင့်ကျေးဇူးတင်ကြောင်းပြောလိုကြောင်း၊ ဆန်တီယာဂို၌ရှိနေသော သူ၏အမျိုးသမီးကလည်း ကျေးဇူးတင်ကြောင်း စကားပါးလိုက်ကြောင်းဖြင့် ရင်းနှီးစွာအပြန်အလှန်စကားပြောခဲ့ကြသည်။

        ၄င်းတို့ပြောဆိုဖြစ်ခဲ့ကြသောအကြောင်းအရာများအနက် ဗြိတိန်၌ ဂျူးလူမျိုးမုန်းတီးရေးသည် အရှိန်တိုးလာလျှက်ရှိကြောင်း၊ အထူးသဖြင့် (၂၀၂၁) အီစ္စရေးနှင့်ပါလက် စတိုင်းကြား တင်းမာမှုများ နောက်ပိုင်း၌ဤသို့မြှင့်တက်လာခဲ့ကြောင်း၊ ၄င်းတို့အနေဖြင့် ရဟန်းမင်းကြီးဖရန်စစ်ကို ကျေး ဇူးတင်ရကြောင်း အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီးက ‘ကျွန်တော်ထပ်ပြောပါရစေ။ အကြမ်း ဖက်မှုနှင့်ဂျူးလူမျိုးမုန်းတီးရေးလုပ်ရပ်များအား လုံးကို တစ်ညီတညွှတ်ထဲဆန့်ကျင်ရှုတ်ချကြစို့။ ဘုရားသခင်၏ပုံသဣာန်တော်ရှိနေသည် လူသားတိုင်း၌ရှိနေသည်၊ လူသားတိုင်းသည် ဘုရားသ ခင်၏ဖန်ဆင်းခံဖြစ်သည်၊ ထို့ကြောင့်အဘယ်သူမျှဖျက်ဆီး၊ စွန်းထင်းအောင်လုပ်၍မရ‌’ ဟုမိန့်ကြားခဲ့ခြင်းကိုကျေးဇူးတင်ကြောင်း၊ ထို့နောက် ဂျူးနှင့် ခရစ်ယာန်ကြား ဆက်ဆံရေး အရေးကြီး သည့်အကြောင်းနှင့်ဂျူးလူမျိုးတို့အတွက်ဆုတောင်းပေးမည်ဖြစ်သကဲ့သို့သူ့အတွက်လည်းဆုတောင်းပေးရန် တောင်းခံခဲ့သည်။

ရောမသည်လည်း ဂျူးလူမျိုးဆန့်ကျင်ရေးကို လက်မခံသောမြို့တစ်မြို့ဖြစ်သည်။ (၁၉၄၃၊ အောက်တိုဘာ) က နာဇီတို့သည် ဂျူး လူမျိုးတို့အား ၄င်းတို့၏နေအိမ်မှဖမ်းဆီးကာ ချွေးတပ်စခန်းသို့ပို့ဆောင်ခဲ့ကြသည်။ သို့သော် အတော်များများသည် ဂျူးမဟုတ်သောမိတ်ဆွေတို့၏ အိမ်များ၊ ဘုရားကျောင်းများ၌၀ှက်ထားပေးခဲ့သောကြောင့်လွတ်မြောက်ခဲ့ကြသည်။ အချို့မှာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ချွေးတပ်စ ခန်းသို့ခေါ်ဆောင်သွားခံရပြီး ပြန်မလာ ကြတော့သည့်ဂျူးတို့ကိုအောက်မေ့သည့်အနေဖြင့် ဂျူးလူမျိုးတို့သည် ၄င်းတို့၏အိမ်ရှေ့၌ ကျောက်ဖြင့်ရွှေ ရောင်ကြမ်းခင်းများခင်းထားကြသည်။

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3LSAOaW

Add new comment

4 + 9 =