ဗြိတိန်ဘုရင်၏နန်းတက်ပွဲသို့ကက်သလစ်သာသနာ၏ကိုယ်စားလှယ်တက်ရောက်မည်

ဗြိတိန်ဘုရင်၏နန်းတက်ပွဲသို့ကက်သလစ်သာသနာ၏ကိုယ်စားလှယ်တက်ရောက်မည်

ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin က ဗြိတိန်နိုင်ငံ၏ဘုရင်ဖြစ်လာမည့် King Charles III ၏နန်းတက်ပွဲသို့ ရဟန်းမင်းကြီးဖရန်စစ်၏ကိုယ်စားအဖြစ်တက်ရောက်မည်ဖြစ်ကြောင်း ဗာတီကန်၏သတင်းပြန်ကြားရေးရုံးတာ၀န်ခံမှပြောကြားထူတ်ပြန်လာသည်။

ယခုကဲ့သို့သောအခမ်းအနားသို့ ကက်သလစ်သာသနာအနေဖြင့်တက်ရောက်ခြင်းသည် အဂ်လီကန်အဖြစ်အမိကက်သလစ်သာသနာတော်ကြီးမှခွဲထွက်သွားပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ်တက်ရောက်မည်ဖြစ်ကာ ထိုအခမ်းအနားကို မေလ (၆) ရက်နေ့၌ကျင်းပမည်ဖြစ်သည်။

ကာဒီနယ်သည် အခြားဖိတ်ကြားထားသောဂုဏ်သရေရှိကမ္ဘာခေါင်းဆောင်များ၊ ဥရောပနိုင်ငံများမှဘုရင်အားကိုယ်စားပြုဘုရင်အဖွဲ့၊ နိုင်ငံအသီးသီးမှတော်၀င်မိသားစု၀င်များနှင့်အတူတက်ရောက်မည်ဖြစ်သည်။ ယခုကဲ့သို့တော်မိသားစု၏နန်းတက်ပွဲသို့ အခြားသောနိုင်ငံများမှတော်၀င်မိသားစုများနိုင်ငံများတက်ရောက်ခြင်းသည် ဗြိတိန်နိုင်ငံ၏နန်းတက်သည့်အစဉ်အလာနှင့်သွေဖီနေကြောင်းဗြိတိန်သတင်းစာများကိုထောက်ပြကြပါသည်။

ဤအခမ်းအနားသို့ မှန်းချေ (၂၂၀၀) ဦးတက်ရောက်ဖွယ်ရှိသည်။ Westminster ဂိုဏ်းချုပ်သာသနာပိုင်ဖြစ်သော ကက်သလစ်ကာဒီနယ် Vincent Nichols မှလည်းနန်းတက်ပွဲ အခမ်းအနားအတွင်းကောင်းချီးပေးဆုတောင်းပေးမည်ဖြစ်သည်။ ဗြိတိန်နိုင်ငံသည် ကက်သလစ်သာသနာမှခွဲထွက်သွားပြီးနောက် နန်းတက်မဂ်လာပွဲသို့ယခုတစ်ကြိမ်သည် ပထမဦး ၏အကြိမ်တက်‌ရောက်ခြင်းဖြစ်သည်။ ဗြိတိန်နိုင်ငံအတွင်းရှိအခြားသောခရစ်ယာန်ခေါင်းဆောင်များအားလည်း ဘုရင်အသစ်အားဆုတောင်းကောင်းချီးပေးနိုင်ရန်ဖိတ်ကြားထားသည်။

ယခုကဲ့သို့ဖိတ်ကြားရခြင်းမှာ (၁၉၅၃) ခုနှစ်ကသဘောတူခဲ့ကြသော ခရစ်ယာန်များစု ပေါင်းဆုတောင်းခြင်းကိုဦးတည်လုပ်ဆောင်ရန်ဆုံးဖြတ်ထားခဲ့သည့်အတိုင်း ပထမအကြိမ် စတင်ဖော်ဆောင်ခြင်းဖြစ်သည်။ ကောင်းချီးပေးခြင်းအစီအစဉ်သည် Canterbury ဂိုဏ်းချုပ်ဆရာတော်မှ ဘုရင့်သရဖူကိုဆောင်းပေးပြီးနောက်ပိုင်း အသီးသီးကောင်းချီးပေးဆုတောင်းပေးမည်ဖြစ်သည်။ သရဖူဆောင်းပြီးသည်နှင့်ချက်ချင်း Westminster ရသေ့ကျောင်းမှခေါင်း ကြီးကိုထိုး၍အသိပေးကြေညာမည်ဖြစ်သည်။ ထို့နောက်ကောင်းချီးပေးခြင်းအစီအစဉ်ကိုစတင်ကြမည်ဖြစ်သည်။

ကာဒီနယ် Nichols မှ 'ဘုရားသခင်သည် သင့်အပေါ်သို့ကြွယ်၀သောကောင်းချီးများသွန်းလောင်းချပေးပါစေ။ သူ၏သန့်ရှင်းသောကြောက်ရွံ့ခြင်း၌သင့်ကိုစောင့်ရှောက်ပါစေ။ ထာ၀ရပျော်ရွှင်ခြင်းကိုလည်းပြင်ဆင်ပေးပါစေ။ လောကအသက်တာ၏နောက်ဆုံးအချိန်၌ ကိုယ်တော့်ကိုခံယူပြီး ထာ၀ရဘုန်းတော်ထွန်းတောက်ရာနိုင်ငံတော်၌စံစားခွင့်ပေးပါစေ' ဟုဆုတောင်းမည်ဖြစ်သည်။

ဘုရင်အသစ်အား York ဂိုဏ်းချုပ်သာသနာပိုင်၊ ဂရိဩသိုဒေါ့စ် ဆရာတော်များဖြစ်ကြသော Thyateira နှင့်ဂရိတ်ဗြိတိန်မှလည်းကောင်း၊ အခြားသောခရစ်ယာန်ခေါင်းဆောင်အသီးသီးတို့ကလည်းကောင်း ဆုတောင်းကောင်းချီးပေးကြမည်ဖြစ်သည်။ CNA

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/429j3M7

Add new comment

3 + 17 =