ဗြိတိန်ဘုရင်မအဲလစ်ဇဘက်၏ မွေးနေ့ကိုကြိုဂုဏ်ပြုသောအားဖြင့်ဗြိတိန်သံရုံးကလ္ဘက်ရည်ဖြင့် ဧည့်ခံခဲ့

ဗြိတိန်ဘုရင်မအဲလစ်ဇဘက်၏ မွေးနေ့ကိုကြိုဂုဏ်ပြုသောအားဖြင့်ဗြိတိန်သံရုံးကလ္ဘက်ရည်ဖြင့် ဧည့်ခံခဲ့

ဗြိတိန်ဘုရင်မအဲလစ်ဇဘက်၏ မွေးနေ့ကိုကြိုဂုဏ်ပြုသောအားဖြင့်ဗြိတိန်သံရုံးကလ္ဘက်ရည်ဖြင့် ဧည့်ခံခဲ့

ဗာတီကန်၏ဗြိတိန်သံအမတ် Sally Axworthy ကဘုရင်မအဲလစ်ဇဘက်၏မွေးနေ့ကိုဂုဏ်ပြု သောအားဖြင့် အင်္ဂါနေ့မွန်းလွှဲပိုင်း၌လ္ဘက် ရည်ဖြင့်ဧည့်ခံခဲ့သည်။ ထိုဧည့်ခံပွဲသို့နိုင်ငံတကာမှဧည့်သည် (၁၂၀) ဦးခန့်တက်ရောက်ခဲ့သည်။ ဤအခမ်းအနားကိုလိုင်းမှထုတ်လွှင့်ခဲ့သည်။ အခမ်းအနား၌ Lord Ahmad of Wibbledon မှမိန့်ခွန်းပြောကြားရာ ကက်သလစ်သာသ နာတော်ကြီး၏ကမ္ဘာနှင့်ယှဉ်သော ကဏ္ဍကိုအသားပေး ပြောကြားခဲ့သည်။ အထူးသဖြင့်ကမ္ဘာကြီးဖွံ့ဖြိုးစည်ပင်ရေးနှင့်နိုင်ငံတိုးတက်ရေး ကိုမနားမနေကြိုးစားပေးနေသည်။

အသင်းသားအချို့သည်ရှေ့ တန်းနယ်မြေ၌ရွံ့ရွံ့ချွန်ချွန်အစေခံခဲ့ သော ကြောင့်အသက်ဆုံးရှုံးခဲ့ရကြောင်း၊ အချို့သည်မိမိတို့၏ဆက်ကပ်ခြင်းကြောင့်အသက်ဘေးမှကင်း လွှတ်ခဲ့သည်။ ဗြိတိန်အသင်းတော်သည်ကက်သလစ်သာသနာတော်နှင့်အမှုကိစွများစွာဥပမာအားဖြင့် လူကုန်ကူးမူတိုက်ဖျက်ရေး၊ ခေတ်သစ်ကျွန် စနစ်၊ ဘာသာရေးလွှတ်လပ်မူ၊ ကျားမခွဲခြားပြီး၊ ကိုယ်ထိလက် ရောက်စော်ကားခံရခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း စသောအမှုများ၌ ကက်သလစ်သာသနာ တော်နှင့်လက်တွဲလုပ်ဆောင်ခဲ့သည်။

‘လူသားအားလုံးသည်ဘာသာမတူကြသော်လည်း ကိုင်း ကျွန်းမှီ၊ ကျွန်းကိုင်းမှီရ သည်ကိုယခုကိုဗစ် (၁၉) ကကောင်းစွာသင်ကြားပေးပြီဖြစ်ကြောင်းပြောကြားခဲ့သည်။ အမျိုးသမီးသူတော် စင်များကိုယ်စားအနေဖြင့်စစွတာရ် Jolanta Kafka က ‘စိုးရိမ်စိတ် သည်ကျွန်မတို့ကိုတုန်လှုပ်သွားစေကြောင်း၊ သို့သော်ဘုရား သခင် ၏ဝိညာဉ်တော်သည်အသွင်သဣဏ္ဍာန်ပြောင်းလဲ ရန်ကျွန်မတို့အားနှိုးဆော်နေကြောင်း၊ ဆုတောင်းခြင်းကိုအားပြုခြင်းသည်အခါအားလျှော်စွာကျွန်မတို့သည်မိမိတို့ကိုယ်ကိုသာအားကိုး၍မရ ကြောင်း နှိမ့်ချကာဘုရားကိုတောင်းခံတတ်ရန်သင်ကြားပေးသည်။

ဂျက်ဆွီဘုန်းတော်ကြီး Arturo Sosa ကလည်းကိုဗစ် (၁၉) အကြပ်အတည်း၌ သူတော်စင်များသည်မြင်သာ၊ မမြင်သာသောအပိုင်းများမှပေါ့ပါးအောင်ပါ၀င်ခဲ့သည်။ မြင်သာသောလုပ်ဆောင်ချက်တစ်ချက်မှာမတရားမှုလည် ပတ်နေခြင်းကိုပြောင်းလဲပစ်ရန်ဖြစ်သည်။ အထူးသဖြင့်အပစ်ပယ်ခံများထံသွားလိုလှသည်။ ထို့ကြောင့်လည်းသူတော်စင်များသည်လူမှုအဖွဲ့အ စည်းအတွက်မရှိဖြစ်လိုအပ်လာမည်ဖြစ်သည်ဟုပြောကြားခဲ့သည်။

ဗြိတိန်သံအမတ်က ဗြိတိန်အစိုးရသည်လည်းကိုဗစ် (၁၉) ၏ရန်ကိုတက်ကြွ စွာပါ၀င်လုပ်ဆောင်နေကြောင်း၊ ဗြိတိန်သည်ဇွန်လကပြုလုပ်သောကာကွယ်ဆေးဆိုင်ရာဆွေးနွေးပွဲကိုလည်း အိမ်ရှင်အဖြစ်လက်ခံကျင်းပပေး ခဲ့ကြောင်း။ ကာကွယ်ဆေးအမှန်တကယ်ထုတ်လုပ်နိုင်သောအခါလူတိုင်းအတွက်ဖြစ်စေရမည်ဖြစ်ကြောင်း၊ ဗြိတိန်သည်ကာကွယ်ဆေးဖော်စပ် နိုင်ရန်အားထုတ်သကဲ့သို့တိုင်းပြည်များဖွံ့ဖြိုးတိုးတက်ရန်ကိုလည်းရည်မှန်းလုပ်ဆောင်ကြောင်းပြောကြားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3ecGhrH

Add new comment

8 + 1 =