ဗြိတိန်နှင့်အမေရိကန်သံအမတ်များအမျိုးသမီးသူတော်စင်တို့ကိုဂုဏ်ပြုသောအားဖြင့်ဆွေးနွေးပွဲကျင်းပမည်

ဗြိတိန်နှင့်အမေရိကန်သံအမတ်များအမျိုးသမီးသူတော်စင်တို့ကိုဂုဏ်ပြုသောအားဖြင့်ဆွေးနွေးပွဲကျင်းပမည်

ဗြိတိန်နှင့်အမေရိကန်သံအမတ်များအမျိုးသမီးသူတော်စင်တို့ကိုဂုဏ်ပြုသောအားဖြင့်ဆွေးနွေးပွဲကျင်းပမည်

ဗြိတိန်နှင့်အမေရိကန်နိုင်ငံ၏ဗာတီကန်သံရုံးများကသာသနာတော်ကြီး၏အမှုတော်ဖြစ်သောချို့တဲ့နွမ်းပါးပြီး၊ ခိုကိုးရာမဲ့သူများအား ကူညီပေးနေကြသောသူတော်စင်အမျိုးသမီးများကိုဂုဏ်ပြုသော အားဖြင့်ဆွေးနွေးပွဲတစ်ခုကိုဇွန်လ (၂၃) ရက်၊ နံနက် (၁၁) နာရီတွင်ကျင်းပ ရန်ပူးပေါင်းစီစဉ်နေကြ သည်။ ထိုဆွေးနွေးပွဲ ကို ‘ရှေ့ဆုံးမှရပ်တည်နေကြသောသူတော်စင်အမျိုးသမီးများ’ ဟုဖြစ်ပြီး၊ တစ်နာ ရီကြာအွန်လိုင်း မှထုတ်လွှင့်မည်ဖြစ်သည်။ ထိုဆွေးနွေးပွဲ၏အစ၌ဗြိတိန်နှင့်အမေရိကန်၏ဗာသံအမတ် တို့သည်ဗာတီကန်သတင်းဌာန၏မေးခွန်းများ ရေးသား ပေးပို့၍မေးမြန်းချက်များကိုရေးသားဖြေကြားခဲ့ သည်။ ၄င်းတို့နှစ်ဦးလုံးသည်အမျိုးသမီးသီလရှင်များ၏စွမ်းဆောင်ချက်များကိုချီးကျူးခဲ့သည်။ အမေရိ ကန်သံအမတ်က ‘ဂုဏ်မဖော်သောကက်သလစ်သာသနာတော်ကြီး၏သူရဲကောင်းများ’ ဟုတင်စားခဲ့ ပြီး၊ ၄င်းတို့၏ပေးဆပ်မှုသည်အသိ အမှတ်လည်းပြုမခံရသကဲ့သို့၊ လူမသိသူမသိခဲ့’ ဟုချီးကျူးထားပါ သည်။

ဗြိတိန်သံအမတ်ကလည်းအမေရိကန်သံအမတ်ကဲ့သို့ပင် ‘လူ့အသိုင်းအဝိုင်းအတွင်းအလွန် နွမ်းပါးချို့တဲ့သောသူများ အားပြုစုပျိုး ထောင်ပေးနေသောအမျိုးသား၊ အမျိုးသမီးများ၏ပေးဆပ်မှုကို အလွန်တန်ဖိုးထားပါကြောင်း၊ ၄င်းတို့သည်ကမ္ဘာတစ်၀န်းရှိလူသားတစ်ဦး၏ အခြေခံလိုအပ်ချက်များမဲ့ နေသောသူများကိုအစေခံနေကြသည်။ သို့သော်၄င်းတို့မည်သည့်အရာပြုလုပ်နေသည်၊ မည်သို့ပြုလုပ် နေသည်တို့ကို ထုတ်ဖော်ကြေငြာခြင်းမရှိ။ တစ်ခါတရံ၌မိမိတို့၏အသက်ကိုပင်စွန့်လှူရသည်အထိဖြစ် ကြရသည်။ အမေရိကန်သံအမတ်ကသစ္စှာသုံးပါးခံသီ လရှင်များသည် ‘ပညာသင်ပေးသူ၊ ရင်းနှီးမြှုံနှံသူ၊ ကျန်းမာရေးကိုစောင့်ရှောက်ပေးသူ၊ လူမှုရေးစိတ်ဓာတ်ပြည့်၀စွာဖြင့်ရှေ့တန်းတွင်လူမျိုးမရွေး၊ ဘာသာ မရွေး၊ အသင်းအဖွဲ့မရွေးကူညီပေးနေကြသူများဖြစ်သည်’ ဟုမှတ်ချက်ပြုသည်။

ဤတင်ပြချက်ကိုဖော်ဆောင်ရခြင်းမှာကိုဇစ် (၁၉) ကပ်ရောဂါဆိုးကြောင့်လူများသည်အလွန် အခက်အခဲကြုံနေရသည်။ ထိုအခြေ အနေမျိုး၌သူတော်စင်သီလရှင်များကအလုပ်လက်မဲ့များ၊ ဆင်းရဲ မွဲတေမှု၊ အစားအစာမလုံလောက်မှုစသောစိန်ခေါ် ချက်များကိုမမောမပန်းနိုင် အောင်လုပ်ဆောင်ကျော် ဖြတ်ခဲ့သည်။ ဤဆွေးနွေးတင်ပြချက်သည်အလွန်တိကျသောအချက်အလက်များကိုအသားပေးမိန့် ကြားမည်။ အမျိုး သမီးသူတော်စင်များသည်ကျွန်ုပ်တို့အတွက်အလွန်ကျိုးရှိထိရောက်စွာလုပ်ဆောင် ပေးသည်။ တစ်ခါတရံ၌ယှဉ်မရသောလူမှုရေး၊ စီးပွားရေး၊ နိုင် ငံရေးအမြင်များလည်းရှိလာသည်။ အမေ ရိကန်သံအမတ်ကြီးက ‘သီလရှင်များ၏နူးညံ့မူသည်အဆုံးမဲ့သည်။ လိုအပ်သည်ကိုမျက်မှန်းတန်းမိနေ ပြီး၊ ပြန်လည်တုန့်ပြန်သည်။

အင်္ဂါနေ့တွင်ကျင်းပမည့်ဆွေးနွေးတင်ပြချက်များ၌ဦးဆောင်ဆွေးနွေးသွားမည့်သီလရှင်သုံးပါးပါ ၀င်သည်။ ဤသူတော်စင်သုံးဦးတို့သည်ပညာရေး၊ လူ့အခွင့်အရေးနှင့်လူကုန်ကူးမူတို့တွင်ထဲထဲ၀င်၀င် ပါ၀င်လှုပ်ရှားခဲ့သည့်အတွေ့အကြုံများစွာရှိသူများဖြစ်ကြသည်။ ဗြိတိန်သံအမတ်ကထိုသူတော်စင်အ မျိုးသမီးသုံးဦး၏အမိသာသနာ၏ စိတ်နေသဘောထားအတိုင်းစံထားလောက်သောပေးဆက်မှုကိုထုတ် ဖော်ထားသည်။ ထိုသူတော်စင်သုံးပါးအနက်စစွတာရ် Stan Therese Mumuni အသင်း၏အမြင့်ဆုံးအမှုတော်ကိုထမ်းဆောင်နေသော Sisters for Eucharistic Love အသင်းမှဖြစ်ပြီး၊ ဂန်နာမြောက်ပိုင်းမှမွေးရာပါ ချို့တဲ့သောကလေးများကိုကယ်တင်ခဲ့သည်။ Sister Imelda Poole မှာမူဥရောပရှိသီလရှင်များမှဖွဲ့စည်းလုပ် ဆောင်နေသောလူကုန်ကူးမူနှင့်အသုံးချခံနေရမူများတိုက်ဖျက်ရေးကွန်ရက်၏ဥက္ကဌဖြစ်သည်။ သူသည် အာလ်ဘေးနီးယားနှင့်ဥရောပတလွှား၌လူကုန်ကူးမူခံရသောသူများအားကူညီကယ်တင်ပေးနေသူဖြစ် သည်။

Sister Alicia Vacas မှာမူဂျေရူးစလင်ရှိကွန်ဘိုနီသီလရှင်များ၏တာ၀န်ခံအကြီး အကဲတစ်ပါးဖြစ်ပြီး၊ သူသည်ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကာလ၌အီတလီမြောက်ပိုင်းရှိဘ၀တူသီလရှင်များအားများအနီး ကပ်ကူညီပြုစုခဲ့သကဲ့သို့ Chad နိုင်ငံတွင်၄င်းတို့အသင်းပိုင်ဆေးရုံ၌လည်းလူနာများကိုမကြောက်မရွံ့ဘဲ ဆေး၀ါးကုသမူပေးခဲ့သည်။ ဤသူတော်စင်အမျိုးသမီးသုံးဦးသည်သူတော်စင်သီလရှင်များအားလုံးကို ကိုယ်စားပြုကြောင်း၊ မိမိတို့၏အသက်ကိုပင်မငဲ့ဘဲမိမိတို့၏အကူအညီကိုအမှန်တကယ်လိုအပ်နေသူ များအားအစေခံခဲ့ကြောင်းသံအမတ်ကပြောကြားခဲ့သည်။ အမေရိကန်သံအမတ်ကမူသူတော်စင်သီလ ရှင်များသည်အစိုးရနှင့်လူမူအသင်း အဖွဲ့များထိထိရောက်ရောက်လုပ်ကိုင်ရန်ခက်ခဲသောနေရာဒေသများ ရှိလူသန်းပေါင်းများစွာတို့၏နောက်ဆုံးမျှော်လင့်ချက်ရောင်ခြည်ဖြစ်ကြောင်း၊ သီလရှင်များ၏ရပ်တည် မပေးပါကမည်သည့်တောင်းဆိုမူ၊ မည်သည့်အခွင့်အရေးမျှမရဖြစ်နေကြရမည့်သူများဖြစ်ကြောင်း၊ ခို ကိုးရာမဲ့သကဲ့သို့စိတ်ပျက်စရာလည်းဖြစ်ကြမည်ဖြစ်ကြောင်းဂုဏ်ပြုစကားပြောကြားခဲ့သည်။

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3fPxxs0

Add new comment

3 + 0 =