ဗြိတိန်ကက်သ လစ်ဆရာတော်ကြီးများအဖွဲ့မှ ပြောင်းရွေ့များနှင့်ဒုက္ခသည်များဆိုင်ရာတာ၀န်ခံဆရာတော်ကြီး Paul McAleenan က ဗြိတိန် နှင့်ပြင်သစ်အစိုးရနှစ်ရပ်အားပူး ပေါင်း၍ ဒုက္ခသည်များအင်္ဂလိပ်တူးမြောင်းမှသက်စွန့်ဆံဖျားကူးဖြတ်ကာဗြိတိန်သို့သွားသည်ကိုလစ်လျူရှုမထားရန်

ဗြိတိန်ကက်သ လစ်ဆရာတော်ကြီးများအဖွဲ့မှ ပြောင်းရွေ့များနှင့်ဒုက္ခသည်များဆိုင်ရာတာ၀န်ခံဆရာတော်ကြီး Paul McAleenan က ဗြိတိန် နှင့်ပြင်သစ်အစိုးရနှစ်ရပ်အားပူး ပေါင်း၍ ဒုက္ခသည်များအင်္ဂလိပ်တူးမြောင်းမှသက်စွန့်ဆံဖျားကူးဖြတ်ကာဗြိတိန်သို့သွားသည်ကိုလစ်လျူရှုမထားရန်ပ

ဗြိတိန်ကက်သ လစ်ဆရာတော်ကြီးများအဖွဲ့မှ ပြောင်းရွေ့များနှင့်ဒုက္ခသည်များဆိုင်ရာတာ၀န်ခံဆရာတော်ကြီး Paul McAleenan က ဗြိတိန် နှင့်ပြင်သစ်အစိုးရနှစ်ရပ်အားပူး ပေါင်း၍ ဒုက္ခသည်များအင်္ဂလိပ်တူးမြောင်းမှသက်စွန့်ဆံဖျားကူးဖြတ်ကာဗြိတိန်သို့သွားသည်ကိုလစ်လျူရှုမထားရန်ပန် ကြား

မကြာခင်ကပြည်ထဲရေး၀န်ကြီး Priti Patel က ဒုက္ခသည်များတရားမ၀င်သောနည်းလမ်းများဖြင့်အင်္ဂလိပ်တူးမြောင်းမှကူးသန်းသွားလာ နေသည့်ကိစွကိုဆွေးနွေးရန် ပြင်သစ်ပြည်ထဲရေး၀န်ကြီး Gerald Darmanin နှင့်တွေ့ဆုံခဲ့သည်။ ၀န်ကြီးနှစ်ပါးလုံးပူးတွဲကြေငြာချက်၌လက်မှတ်ရေးထိုးခဲ့ ကြသည်။

ထိုကြေငြာချက်ထဲ၌ ပြင်သစ်-ဗြိတိန်ပူးတွဲလုပ်ဆောင်ချက်၌ ဒုက္ခသည်များ၏ နောက် ကွယ် ၌ရှိသော ရာဇ၀တ်ဂိုဏ်းအဖွဲ့ကိုပိုက်စိပ်တိုက်ရှာ ဖွေဖော်ထုတ်ရန် ဖြစ်သည်။ ဆရာတော် McAleenan ကလည်း အင်္ဂါနေ့ကထုတ်ပြန်သော သူ၏သတင်း စကား၌ ‘ထိုကြေငြာချက်သည် တိကျမူရှိရမည်။ အဘယ်ကြောင့်ဆိုသော်အ ဘယ်ကြောင့်ဒုက္ခသည်များသည်မိမိတို့၏မွေးရပ်မြေကိုစွန့်ခွာထွက်ပေးကြသနည်း။

ဤနှစ်ပြည်ထောင်အနေဖြင့် ၄င်းတို့ ၏ဩဇာကိုအသုံးပြု၍ ဤမျှအန္တရာယ်ရှိလှသောစွန့်စားမှုကိုဟန့်တားနိုင်ရန်ကြိုးစားလုပ်ဆောင်သင့်ကြောင်း၊ ယခုကဲ့သို့အလွန်အန္တ ရာယ်ကြီးမား သောအခြေအနေ၌ရှိသူများကိုကယ်ဆယ်ကာကွယ်ပေးခြင်းသည်ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်သည်။

နှစ်ပြည် ထောင်လုံးသည်မိမိတို့မာနကိုပြိုင်ဆိုင်နေကြပြီး၊ ဤပြသာနာကြီးမားလာသည့်အခါမှသာအခက်ကြုံကြမည်ဖြစ် ကြောင်း၊ ထို့ကြောင့်လူသားတို့ကိုအကာအကွယ်ပေးခြင်းသည်၄င်းတို့ဦးစားပေး စဉ်းစားရမည့်အရေးဖြစ်သည်’ ဟုထည့်သွင်းပြောကြားထားသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : AFP or licensors

https://bit.ly/30GRv29

Add new comment

3 + 1 =