ဗုဒ္ဓဟူးနေ့နံနက်တိုင်းဘုရားဖူးများနှင့်တွေ့ဆုံခြင်းကိုပုံမှန်အတိုင်းပြန်လည်ကျင်းပတော့မည်

ဗုဒ္ဓဟူးနေ့နံနက်တိုင်းဘုရားဖူးများနှင့်တွေ့ဆုံခြင်းကိုပုံမှန်အတိုင်းပြန်လည်ကျင်းပတော့မည်

ဗုဒ္ဓဟူးနေ့နံနက်တိုင်းဘုရားဖူးများနှင့်တွေ့ဆုံခြင်းကိုပုံမှန်အတိုင်းပြန်လည်ကျင်းပတော့မည်

 ဗာတီကန်၏တာ၀န်ရှိသူတစ်ဦးမှ ရဟန်းမင်းကြီး၏ဗုဒ္ဓဟူးနေ့တိုင်း ဘုရားဖူးများနှင့်တွေ့ဆုံသည့် အစီအစဉ်ကိုစက်တင်ဘာလမှစ၍ ပုံမှန်အတိုင်းပြန်လည်ကျင်းပသွားမည်ဟုပြီးခဲ့သောဗုဒ္ဓဟူးနေ့ကတ ရား၀င်ထုတ်ပြန်ကြေငြာခဲ့သည်။

ဤတွေ့ဆုံခြင်းကိုတစ်နှစ်ပတ်လုံး၌ ဇူလိုင်လတစ်လသာရပ်နားထားပြီး၊ ရဟန်းမင်းကြီးနိုင်ငံတကာသို့တမ်တော်ခရီးကြွရောက်သည့်ခရီးနှင့်တိုက်ဆိုင်သောအပတ်များမှလွှဲ၍တစ် နှစ်ပတ်လုံးဗုဒ္ဓဟူးနေ့တိုင်းပုံမှန်ရှိသည်။ ယခုနှစ် ၌မူကိုဗစ် (၁၉) ကြောင့်နှစ်စဉ်ထက်ပို၍ရပ်နားထားခဲ့ရ သည်။

စက်တင်ဘာလ၌ဆန်း (၂) ရက်နေ့သည်ဗုဒ္ဓဟူးနေ့ကျရောက်သောကြောင့်ထိုနေ့၌အစပြု၍ဘုရား ဖူးများနှင့်ကိုဗစ် (၁၉) မဖြစ်မီကကဲ့သို့ပုံမှန်တွေ့ဆုံမည်ဖြစ်သည်။ သို့သော်ကျန်းမာရေးဆိုင်ရာလမ်းညွှန်မူ ကိုမူမျက်ခြေမပျက်လိုက်နာဆောင်ရွက်မည်ဖြစ်ပြီး၊ ကိုဗစ် (၁၉) အလွန် ဘုရားဖူးဘာသာတူများနှင့်ပထမ ဆုံးအကြိမ်တွေ့ဆုံမည့်နေရာမှာစိန့်ပီတာရင်ပြင်၌မဟုတ်။ အဘယ်ကြောင့်ဆိုသော်မိုးမကုန်သေး၍ San Damaso ခန်းမ၌ကျင်းပမည်ဖြစ်သည်။ ဤတွေ့ဆုံခြင်းအစီအစဉ်၌လူဦးရေကန့်သတ်ထားခြင်းမရှိဘဲ အား လုံးပါ၀င်နိုင်သည်။

တွေ့ဆုံလေ့ရှိသောပုံမှန်အချိန်မှာအီတလီစံတော်ချိန် နံနက် (၉း၃၀) ဖြစ်သည်။ အစီ အစဉ်၌ပါ၀်ငလိုသူများသည် နံနက် (၇း၃၀) ကပင်၀င်ရောက်နေရာယူထားနိုင်ပြီဖြစ်သည်။

 

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3jgQaa4

Add new comment

1 + 12 =