ဗုဒ္ဓဘာသာမှကက်သလစ်ခရစ်ယာန်ဖြစ်လာခဲ့ပြီးနောက် ကက်သလစ်သီလရှင်ဘ၀ကိုခံယူသော ကမ္ဘော ဒီးယားအမျိုးသမီးနှစ်ဦး

ဗုဒ္ဓဘာသာမှကက်သလစ်ခရစ်ယာန်ဖြစ်လာခဲ့ပြီးနောက် ကက်သလစ်သီလရှင်ဘ၀ကိုခံယူသော ကမ္ဘော ဒီးယားအမျိုးသမီးနှစ်ဦး

သူတို့နှစ်ဦးသည် ဗုဒ္ဓဘာသာမိသားစုမှမွေးဖွားကြီးပြင်းလာခဲ့ကြသူများဖြစ်သည်။ နောက်ပိုင်း၌ ကက်သလစ်ခရစ်ယာန်ဖြစ်လာခဲ့ပြီး ပြီးခဲ့သောလ စက်တင်ဘာ (၁၄) ရက်နေ့က ကက်သလစ်သီလရှင် များအဖြစ်ဘ၀ကိုဆက်ကပ်ခဲ့ကြသည်။ ‘ဘုရားသခင်သည် ကျွန်ုပ်တို့၏ဘ၀ကိုအနှစ်သာရရှိအောင်ပြု ပြင်ပြောင်းလဲပေးလေ့ရှိသည်’ ဟု ကမ္ဘောဒီးယားနိုင်ငံ၏ကက်သလစ်သာသနာပိုင်မွန်ဆီညှော် Pierre Suon Hangly ကအဆိုပါအမျိုးသမီးငယ်နှစ်ဦး၏ သူတော်စင်အသက်တာခံယူသည့် မစ္ဆားတရား ပူဇော်သည့်ဩဝါဒ၌ထည့်သွင်းဟောကြားခဲ့သည်။

‘သင်တို့၏အသက်တာ၊ သင်တို့၏လုပ်ဆောင်ချက်များကိုမြင်တွေ့ခြင်းအားဖြင့်ဘုရားသခင်ကို သိချင်လာအောင် လမ်းပြပေးနိုင်သော ဘုရားသခင်ပေးလာသည့် မြေအိုးများဖြစ်ကြပါစေ။ ရွံ့စေးသည် ပင်ကိုယ်အရ တန်ဖိုးသိပ်မကြီးလှ။ သို့သော်အိုးထိန်းသည်က လှပစွာပုံဖော်လိုက်သောအခါ တန်ဖိုးကြီး လာသည်ဟုဆိုသည်။

အဆိုပါစစ္စတာရ်နှစ်ပါးတို့မှာ Clara Sreylay DOT နှင့် Clara Kanha KHEAN တို့ဖြစ်ကြ သည်။ သူတို့၏ဇာတိမှာ Kampong Cham ခရိုင် Koh Raka Krao မှဖြစ်သည်။ မြို့တော်နှင့် (၁၂၃) ကီလိုမီတာခန့်‌ဝေးသည်။ သူတို့သည် Kampong Cham မှ ‘the Lovers of the Holy Cross’ (သန့် ရှင်းသောကားတိုင်တော်ကိုချစ်ကြသူများ) စစ္စတာရ်ဖြစ်လာကြသည်။

ကဗ္ဘောဒီးယားနိုင်ငံ၏သာသနာ့ တာ၀န်ခံသည် ခရိုင် (၈) ခုကိုတာ၀န်ယူရသည်။ ၄င်းတို့မှာ Kampong Cham, Tbong Khmum, Prey Veng, Svay Rieng, Kratie, Stung Treng, Ratanakkiri, and Mondulkiri တို့ဖြစ်ကြသည်။

ခေါ်တော်မူခြင်းခံရသည်ကို ကတိသစ္စာသုံးပါးဖြင့်တုန့်ပြန်ရာ၌ခက်ခဲသည်။ အိမ်ထောင် သားမွေး ခြင်းမပြုဘဲနေထိုင်ခြင်း၊ ခြိုးခြံချွေတာခြင်းနှင့်မိမိတို့၏အသင်းအကြီးအကဲကိုနားထောင်နာခံခြင်းတို့ဖြစ် သည်။ ဤကတိသစ္စာများသည် လက်ရှိမျက်မှောက်ခေတ်၌မူလက်တွေ့ရှင်သန်ရန်အလွန်ခဲယဉ်းသည်။ အဘယ်ကြောင့်ဆိုသော် သူ့ထက်ငါကောင်းသောအရာများကိုပိုင်ဆိုင်ရန်ပြိုင်ဆိုင်နေသောခေတ်ကာလ ဖြစ်သည်။ ပိုချမ်းသာချင်၊ ဂုဏ်ပြုခံချင်၊ ပိုမိုကြီးပွားလိုကြသည်။ ယေဇူးသခင်ကဲ့သို့ ရိုးစင်းသောအသက် ကိုရှင်သန်ခြင်းသည် အားနည်းပြီး၊ နှိမ့်ကျသောအသက်တာဖြစ်သည်။ နှိမ့်ချခြင်းသည် တစ်ပါးသူတို့အား ဘုရားသခင်ကလိုလားလာအောင်နိုးဆော်ပေးသည်။ ဘုရားသခင်၏အလိုကိုဆောင်ရွက်ခြင်းဖြင့်ဘုရား သခင်၏ ချီးမြောက်ခြင်းကိုနေ့စဉ်တွေဆုံရသောသူများထံဆောင်ယူပေးသည်။

၀တ်ပြုခြင်းအခမ်းအနား၌ ကက်သလစ်ဘာသာတူ (၂၀၀) ခန့်တက်ရောက်ခဲ့ပြီး ၄င်းတို့အား လည်း ဘုရားသခင်ကိုဆက်ကပ်အပ်နှံထားသည့်အသက်တာဖြင့်ရှင်သန်ရန်၊ ဘုရားသခင်ကိုရှာဖွေရန်၊ လူသားတို့သည် ဘာသာတူတို့၏အခြားသူများအား ကောင်းမှုပြုသည့်သာသနာပြုလုပ်ငန်းများအားဖြင့် ဘုရားသခင်ကိုမြင်တွေ့သိရှိလာက်ပေမည်။ ဤ၀တ်ပြုခြင်းအခမ်းအနားသည် Kampong Cham သာ သနာအုပ်စု၌ကျင်းပခဲ့သည်။ စစ္စတာရ်ဘ၀ကိုခံယူကြသည့် အမျိုးသမီးငယ်နှစ်ဦးတို့သည် မစ္ဆားပလ္လင် ရှေ့၌ဒူးထောက်လျှက် ၄င်းတို့၏တစ်သက်တာကိုနားထောင်နာခံခြင်းဖြင့်ဆက်ကပ်ရှင် သန်မည်ဟုကတိ သစ္စာပြုခဲ့ကြသည်။

၄င်းတို့ရွေးချယ်သော စစ္စတာရ်အသင်းသည် (၁၆၇၀) က ပြင်သစ်သာသနာပြုဆရာတော် Pierre Lambert de la Motte မှ ဗီယက်နမ်နိုင်ငံ၊ Tonkin ၌ သာသနာ၏လိုအပ်ချက်အတွက်တည် ထောင်ပေးခဲ့သည်။ ၄င်းနောက် Cochinchina နှင့်အရှေ့တောင်အာရှနိုင်ငံများသို့ပျံ့နှံ့သွားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံအတွင်း၌ ဒေသခံဘုန်းတော်ကြီး (၈) ပါးရှိသည်။ စစ္စတာရ်အသင်း၏အကြီးအကဲ ဖြစ်သူ Sangwat ANG က ယခုစစ္စတာရ်အသစ်နှစ်ပါးသည် အသင်း၏အသက်တာနှင့်ချို့တဲ့နွမ်းပါးသူ များကိုအလုပ်အကျွေးပြုခြင်း၊ အစုအဖွဲ့နှင့်နေထိုင်ခြင်းတို့ကိုဆက်လက်၍ ဆည်းပူးရှင်သန်ရဦးမည်ဖြစ် ကြောင်း၊ ၄င်းတို့အနေဖြင့် ပြင်ဆင်ရန်များရှိသေကြောင်း၊ သူတော်စင်တို့၏အသက်တာသည် စိန်ခေါ်မှု များဖြင့်ပြည့်နက်နေကြောင်း၊ သို့သော် ရဲရဲသာဆက်လက်လျှောက်လှမ်ကြရန် ၄င်းတို့ကိုအားပေးတိုက် တွန်းကြောင်း၊ အဓိကမှာဘုရားသခင်နှင့်၄င်းတို့ကြားပေါင်းစည်းခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ဤစစ္စတာရ်အသင်း၏အဓိကတမန်တော်လုပ်ငန်းမှာ ဧ၀ံဂေလိသတင်းကောင်းကိုကြေညာခြင်း၊ တရားသိလနှင့်ရှင်သန်ခြင်း၊ သာသနာနယ်အတွင်းလိုအပ်သည့်နေရာမှအစေခံခြင်းတို့ဖြစ်သည်။

သီလရှင်ဘ၀ကိုသစ်လွင်စွာခံယူသော စစ္စတာရ် Clara Sreylay DOT က စစ္စတာရ်တစ်ပါးအ ဖြစ် သာသနာ၏အစေခံဖြစ်ရန်ရည်မှန်းထားခဲ့သကဲ့သို့ ယခုဖြစ်လာခွင့်ရသည့် အတွက်၀မ်းသာပါ ကြောင်း၊ ဘ၀ကိုခြိုးခြံစွာနေထိုင်ခြင်း၊ နားထောင်နာခံ၍နေထိုင်ခြင်း၊ ကညာစင်အဖြစ်ရှင်သန်ခြင်းကို ရှင်သန်ရတော့မည်ဖြစ်ကြောင်း၊ သူ့အနေဖြင့် ယေဇူးသခင်၏သာသနာပြုလုပ်ငန်း၌ပါ၀င်ရန်အသင့်ရှိ နေပါကြောင်း၊ သူ၏ခြေတော်ရာများကိုလိုက်မည်ဖြစ်ကြောင်း၊ သူ့အားဆက်ကပ်ကြည်ညိုစွာအသက်ရှင် နိုင်ရန်ကြိုးစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3SWiikr

Add new comment

2 + 9 =