ဗာရ်ကီးနာ ဖားဆိုရဲ့ လမ်းတလမ်းကို ပုပ်ဘယ်နဒစ် ၁၆ (ငြိမ်း) အား ဂုဏ်ပြုအမည်ပေး

ဗာရ်ကီးနာ ဖားဆိုရဲ့ လမ်းတလမ်းကို ပုပ်ဘယ်နဒစ် ၁၆ (ငြိမ်း) အား ဂုဏ်ပြုအမည်ပေး

ဗာရ်ကီးနာ ဖားဆိုရဲ့ လမ်းတလမ်းကို ပုပ်ဘယ်နဒစ် ၁၆ (ငြိမ်း) အား ဂုဏ်ပြုအမည်ပေး

ဗာရ်ကီးနာဖားဆိုမှာ လမ်းတလမ်း၏ အမည်ကို အနားယူသွားပြီဖြစ်တဲ့ ပုပ်ဘယ်နဒစ် ၁၆ အား ဂုဏ်ပြုသောအားဖြင့် ပုပ်အမည်ကို ခေါ်တွင်စေကြောင်းနဲ့ အရှင်သူမြတ်ဟာ အာဖရိကနဲ့ ကမ္ဘာကြီးအတွက် မျှော်လင့်ခြင်းကို ဆောင်ကျဉ်းပေးသူဖြစ်တယ် လို့ ထိုဒေသမှ ကာဒီနယ်က ပြောကြားခဲ့ပါတယ်။

Rue Pape သို့မဟုတ် ပုပ်ဘယ်နဒစ်၏လမ်း ဟု မှည့်ခေါ်ခဲ့ကြောင်းကို ဂျွန်လ ၁၃ ရက်နေ့မှာ Cardinal Philippe Ouédraogo မှာ ပြောကြားခဲ့ပါတယ်။

ယခင်ကထိုလမ်းကို ၅၄.၁၆၀ ဟုခေါ်ခဲ့ကြပြီး ထိုလမ်းမှာ ပုပ်ရဟန်းမင်းကြီး ၏ကိုယ်စားလှယ်တော် တည်းခိုရာနေရာဝန်းကျင်မှာဖြစ်တယ်လို့ဆိုပါတယ်။

၂၀၀၅ ခုနှစ်မှ အနားယူချိန် ၂၀၁၃ ခုနှစ်အထိ ဆက်ကပ်အမှုထမ်းခဲ့သော ပုပ်ဘယ်နဒစ် (ငြိမ်း) ဟာ ဗာရ်ကီးနာ ဖားဆို၊ အာဖရိက နဲ့ ကမ္ဘာကြီးဆီသို့ မျှော်လင့်ခြင်းကိုသယ်ဆောင်ပေးကာ၊ အပြန်အလှန်ဆွေးနွေးဖလှယ်ခြင်း၊ ပြန်လည်ကြေအေးသင့်မြတ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့တရားမျှတခြင်းတို့ကို လူတို့၏နှလုံးသားထဲမှာ ကိန်းအောင်းဘို့ ကြိုးပမ်းခဲ့သူဖြစ်ကြောင်း

ဒီလမ်းကို ငြိမ်းချမ်းခြင်းပြန်လည်နိုးထ လာတဲ့လမ်းဖြစ်စေကြပါစို့လို့ကာဒီနယ် Philippe က ဆိုပါတယ်။

ဗာရ်ကီးနာဖားဆိုဟာ အာဖရိကအနောက်ပိုင်းက ကုန်း၀န်းရံနေတဲ့ နိုင်ငံလေးဖြစ်ပြီး လူဉီးရေ သန်း ၂၀ ရှိကာ ၁၉ ရာခိုင်နှုန်းမှာ ဆေးကြောခြင်းခံယူပြီးကြသည့် ကက်သလစ်များဖြစ်ကြောင်း

ပုပ်ရဲ့အမည်ကို ဂုဏ်ပြုပေးတဲ့အတွက်အထူးကျေးဇူးတင်​ကြောင်း ထိုမြို့၏ကာဒီနယ်အား ပုပ်ရဟန်းမင်းကြီး ကိုယ်စလှယ်က ကျေးဇူးတင်ခဲ့​ပါတယ်။

ပုပ်ဘယ်နဒစ် လမ်းသစ်ဟာ တမူထူးခြားပြီး အာဖရိကအနောက်ပိုင်းဒေသ Catholic University of West Africa (UCAO) တည်ရှိရာနေရာလည်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of CNA

https://bit.ly/35p3XGQ

Add new comment

7 + 4 =