ဗာတီကန် အတွင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ ဉီးရှိပြီ

ဗာတီကန် အတွင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ ဉီးရှိပြီ

ဗာတီကန် အတွင်း ဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ ဉီးရှိပြီ

ဗာတီကန် အတွင်း ပုပ်ရဟန်းမင်းကြီး ရုံးတော်မှ ကိုဗစ် ကူးစက်ခံရသူ ၄ ဉီးရှိပြီ ဖြစ်တယ်လို့ ဗာတီကန်သတင်းတိုက်ရဲ့ ဒါရိုက်တာ Matteo Bruni က သတင်းထောက်များကို ပြီးခဲ့တဲ့ အင်္ဂါနေ့က အတည်ပြုပြောကြားလိုက်ပါတယ်။

ပထမဆုံး ကူးစက်ခံရခြင်းမှာ မတ်လ ၆ ရက်နေ့တွင် ဖြစ်ကြောင်းနှင့် ရောင်းဝယ်ရေး ကဏ္ဍ မှ ၀န်ထမ်း နှင့် ဗာတီကန် ပြတိုက်မှ ၂ ဉီး တို့ပါ၀င်ကြောင်း ၄င်းလူနာများ ကို သီးသန့်ကြပ်မတ်ကုသပေးနေကြောင်း ဆိုပါသည်။

အီတလီတွင် ကိုရိုနာကြောင့် အိမ်ပြင်မထွက်ရ အမိန့် ချထားသည့် အချိန်အတော အတွင်းမှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်ဟာ ၄င်းရဲ့ ပုံမှန် အစီအစဉ်များကို အင်တာနက်မှ ကြည့်နိုင်ရန် Live လွှင့် ပေးနေသည်ဆိုခြင်းကို ဗာတီကန် သတင်းအရ သိရှိရပါတယ်။

အာဗီအေမြန်မာဗာတီကန်သတင်း
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

 

https://bit.ly/2UCxKpD

 

 

 

Add new comment

2 + 1 =