ဗာတီကန် ဘာဆီးလီကားတွင် မေ ၃၁ တနင်္ဂနွေ၌ ပရိတ်သတ်မပါပဲ ပုပ်ဖရန်စစ် မစ္ဆားဟောမည်

ဗာတီကန် ဘာဆီးလီကားတွင် မေ ၃၁ တနင်္ဂနွေ၌ ပရိတ်သတ်မပါပဲ ပုပ်ဖရန်စစ် မစ္ဆားဟောမည်

ဗာတီကန် ဘာဆီးလီကားတွင် မေ ၃၁ တနင်္ဂနွေ၌ ပရိတ်သတ်မပါပဲ ပုပ်ဖရန်စစ် မစ္ဆားဟောမည်

လာမည့်မေလ ၃၁ ရက် တနင်္ဂနွေနေ့ဟာ သန့်ရှင်းသော၀ိညာဉ်တော်ပွဲတော်နေ့ကြီးဖြစ်ပြီး ထိုနေ့မှာတော့ အရှင်သူမြတ်ပုပ်ဖရန်စစ်ဟာ ဗာတီကန်အတွင်းရှိ စိန့်ပီတာဘာဆီးလီးကားမှာ နံနက် ၁၀ နာရီ မစ္ဆားတရားဟောကြားမှာဖြစ်ပေမဲ့ ပရိတ်သတ်တော့ပါမှာမဟုတ်ပါဘူး။ မစ္ဆားအပြီးမှာ Regina Caeli မေတ္တာကို ဘာဆီလီးကားကျောင်းတော် ရင်ပြင်တော် အပေါ်ပြတင်းဝမှ ရွတ်ဆိုကာ ဘုရားဖူးများကိုကောင်းချီးပေးမှာပါ။

ဘုရားဖူးများအကွာအဝေးသတ်မှတ်ချက်များရှိရေး နှင့်လုံခြုံရေးအတွက် ရဲများလည်းစောင့်ကြပ်ထားရှိမည်ဖြစ်ကြောင်း ကိုဗစ် ၁၉ ကြောင့် မတ်လ ၈ ရက်မှ စပြီး ပုပ်ဖရန်စစ်ဟာ ၄င်း၏ စာကြည့်တိုက်မှသာ အန်ဂျေလူးမေတ္တာကို ရွတ်ဆိုခဲ့ပြီး ရင်ပြင်တော်မှာ ပရိတ်သတ်မရှိသော်လည်း ထွက်ကြည့်ပြီး ကောင်းချီးပေးနေခဲ့ကြောင်းကို ဗာတီကန် သတင်းအရသိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

photo: AFP or Licensors

https://bit.ly/2M2sxDE

Add new comment

8 + 0 =