ဗာတီကန် တာ၀န်ရှိခေါင်းဆောင်များ ကမ္ဘာ့ကပ်ရောဂါ အပြီး အဆင့် ၂ အတွက် ဆွေးနွေးရန်တွေ့ဆုံ

ဗာတီကန် တာ၀န်ရှိခေါင်းဆောင်များ ကမ္ဘာ့ကပ်ရောဂါ အပြီး အဆင့် ၂ အတွက် ဆွေးနွေးရန်တွေ့ဆုံ

ဗာတီကန် တာ၀န်ရှိခေါင်းဆောင်များ ကမ္ဘာ့ကပ်ရောဂါ အပြီး အဆင့် ၂ အတွက် ဆွေးနွေးရန်တွေ့ဆုံ

ကိုဗစ် ၁၉  အလွန် အဆင့် ၂ အနေနဲ့ ဆောင်ရွက်ရန်များကို ဆွေးနွေးတိုင်ပင်ရန်အတွက် အထူးအစည်းအဝေးတရပ် ကို ဗာတီကန်မှာ ကျင်းပခဲ့ပါတယ်။

အီတလီအနေနဲ့ မေလ ၄ ရက်နေ့မှာအခြေအနေ တားဆီးမှုတွေ လျှော့ချဘို့ သတ်မှတ်ချိန်ရာက်လာတော့မှာ မို့ ဗာတီကန်နိုင်ငံခြားရေး၀န်ကြီး Cardinal Pietro Parolin ဉီးဆောင်သည့် အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြပြီး ကိုဗစ်နှင့်ပတ်သက်ပြီး လုပ်ဆောင်နေမှုများအား အဆင့် ၂ အစီအစဉ်များလုပ်ဆောင်ရန် အခြေအနေများကိုမူတည်ကာ အစည်းအဝေး ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဗာတီကန်ရုံးတော်အသီးသီး အဖွဲ့အစည်း အသီးသီးက တက်ရောက်ခဲ့ကြတဲ့ အစည်းအဝေးကို ညီလာခံ ကျင်းပတဲ့ ခန်းမအဟောင်းမှာ ပြုလုပ်ခဲ့ကြကြောင်း

အသင်းတော်ကြီးတခုလုံးနဲ့ သာသနာ့ ဉီးသျှောင်ပုပ်ရဟန်းမင်းကြီး ရဲ့ သာသနာ့အမှုတော်များကိုသော်၄င်း၊ ဗိုင်းရပ်စ်ပိုး ပြန့်နှံ့ခြင်းမရှိစေရန်ကိုသော်၄င်း ကြိုတင်ကာကွယ်မှုများကို ဆက်လက်ထိန်းသိမ်း လုပ်ဆောင်သွားကြရန်
နှင့် ပုံမှန်လုပ်ငန်းလည်ပတ်မှုများဖြစ်စေရန် တဖြေးဖြေးခြင်း ပိတ်ဆို့မှုများကို လျှော့ချ ပေးသွားကြမယ်လို့ အစည်းအဝေးတက်ရောက်သူများမှ ဆုံးဖြတ်ခဲ့ကြကြောင်းကို Vatican News အရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

https://bit.ly/2W0cE4W

Add new comment

9 + 2 =