ဗာတီကန်-တရုတ်နိုင်ငံကြား ကက်သလစ်သာသနာနှင့်ဆိုင်သောသဘောတူညီချက်

ဗာတီကန်-တရုတ်နိုင်ငံကြား ကက်သလစ်သာသနာနှင့်ဆိုင်သောသဘောတူညီချက်

လက်ခံနိုင်ဖွယ်ရှိသောတွေ့ဆုံဆွေးနွေးခြင်း၊ တွေ့ဆုံဆွေးနွေးမှုအပေါ်ပြန်လည်သုံးသပ်ပြီး နောက် ဗာတီကန်နှင့်တရုတ်အစိုးရတို့ကြား တရုတ်နိုင်ငံရှိကက်သလစ်သာသနာရေးနှင့်စပ်လျင်း၍ တရုတ်အစိုးရနှင့်နှစ်နှစ်တာသဘာတူညီမှုထပ်မံတိုးမြှှင့်ခဲ့သည်။ ဤသဘောတူညီမှုမျိုးကို (စက်တင်ဘာလ ၂၂၊ ၂၀၁၈) ၌စတင် ခဲ့ပြီး အဆိုပါသဘောတူညီချက်ကို နှစ်နှစ်တစ်ကြိမ်ပြန်လည်သုံးသပ်ဆွေးနွေး၍ သက်တမ်းတိုးခြင်းမတိုးခြင်းကိုဆုံးဖြတ်လေ့ရှိသည်။ ယခုတစ်ကြိမ်သက်တမ်းတိုးခြင်းသည် တတိယ တစ်ကြိမ်ဖြစ်ပါသည်။

ဤသဘောတူညီမှု၏အဓိကအချက်မှာ တရုတ်နိုင်ငံရှိကက်သလစ်သာသနာအတွက် ဆရာတော်များရွေးချယ်ရာတွင် ဗာတီကန်၏သဘောထားသာမဟုတ်ဘဲ တရုတ်အစိုးရ၏သဘောထားကိုလည်းထည့်သွင်းစဉ်းစားရန်ဖြစ်သည်။

ကက်သလစ်သာသနာတော်ကြီး၏အစဉ်အလာအရ ဆရာတော်လစ်လပ် (သို့) လိုအပ်သောနိုင်ငံမှရွေးကောက်ခံနိုင်ခြေရှိသူများကိုအမည်တင်သွင်းပြီး ဗာတီကန်မှစီစစ်ရွေးချယ်လေ့ရှိသည်။ ဤသဘောတူချက်အရ တရုတ်နိုင်ငံ၏ ဆရာတော်ရွေးကောက်တင် မြောက်ခြင်း၌မှု ဗာတီကန်၏သဘောထားတစ်ခုတည်းသာမဟုတ်ဘဲ တရုတ်နိုင်ငံအစိုးရ၏သဘောထားကိုလည်းထည့်သွင်းစဉ်းစားရသည့်သဘောတူညီချက်ဖြစ်သည်။

ဗာတီကန်သတင်းဌာန၏ထုတ်ပြန်ကြေညာချက်၌ တရုတ်နိုင်ငံ၏လက်ရှိအာဏာရပါတီအား လေးစားပြီး အပြုသဘောဆောင်သောဆက်ဆံရေး၊ တရုတ်နိုင်ငံအတွင်းရှိ ကက်သလစ်သာသနာတော် ကြီးအားထိန်းသိမ်းစောင့်ရှောက်နိုင်ရန်နှင့်ဒေသခံဘာသာတူများ၏၀ိညာဉ်ရေးကောင်းကျိုးကိုရှေ့ရှု၍ သက်တမ်းတိုးရခြင်းဖြစ်ကြောင်းဆိုပါသည်။

ဤအကြောင်းအရာနှင့်စပ်လျင်း၍ ပြီးခဲ့သောဇူလိုင်လက ရဟန်းမင်းကြီးဖရန်စစ်မှရိုက်တာသ တင်းဌာန၏မေးမြန်းချက်ကိုဖြေကြားရာ၌ ယခုအောက်တိုဘာလတွင်ထပ်မံသက်တမ်းတိုးရန်မျှော်လင့် ကြောင်းဖြေကြားခဲ့ဖူးသည်။

တရုတ်နိုင်ငံရှိကက်သလစ်သာသနာတော်ကြီးအတွက် ဆရာတော်ရွေးချယ် တင်မြှောက်ခြင်းနှင့်ပတ်သက်၍ နှေးကွေးသည်ဟုထင်မှတ်ရသော်လည်း လက်ရှိအချိန်ထိကောင်း ကြောင်း၊ သို့သော်အချိန်ကိုငဲ့ရပြီး အလောသုံးဆယ်လုပ်၍မဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်းအ ခက်အခဲရှိနေကြောင်း အဘယ်ကြောင့်ဆိုသော် ဒေသအာဏာပိုင်တို့သည် ကက်သလစ်သာသနာတော် အား ဗဟိုအစိုးရမှချမှတ်ထားသည့်အတိုင်းမဟုတ်ဘဲမိမိတို့နည်းဟန်ဖြင့်ခြားနားစွာလုပ်ဆောင်နေ ကြောင်း၊ သို့သော် နေရာတိုင်း၌ဤသို့သောအခက်အခဲမျိုးရှိကြသည်မဟုတ်ဟုဆိုသည်။

ရဟန်းမင်းကြီးသည် ကာဒီနယ် Agostino Casaroli ၏ကြိုးစားအားထုတ်မှုကိုပြန်လည်အမှတ်ရသည်။ သူသည် အရှေ့ဥရော ပ၌ ကက်သလစ်သာသနာတော်ထိုးဖောက်နိုင်ရန်အတွက် ‘များစွာစိတ်ရှည်’ ရသည့်အကြောင်းကိုပြော ကြားခဲ့သကဲ့သို့ အနစ်နာခံလုပ်ဆောင်ခဲ့သူဖြစ်သည်။

ရဟန်းမင်းကြီးဂျွန် (၂၃)၊ ရဟန်းမင်းကြီးပေါလ် (၆) တို့အားလည်း သူ့ခေတ်အခါကလူများသည် မလိုသောခံစားချက်၊ အမြင်များဖြင့်အမျိုးမျိုးတိုက် ခိုက်‌ေ၀ဖန်ခဲ့ကြဖူးသည်။ သံတမန်ဆက်ဆံရေးသည် ဤသဘောဆောင်ပါသည်။ ဒေသတစ်ခု၏အခြေအ နေမှန်ကိုသိပြီး၊ ဖြစ်နိုင်ခြေရှိသည်ကိုလုပ်ဆောင်ရသည်။ စိတ်ကူးသက်သက်သာမဖြစ်ရ။ သံတမန်နည်း လမ်းသည် ဖြစ်နိုင်ချေအရှိဆုံးလမ်းကြောင်းကိုရှာဖွေချဉ်းကပ်ပြီး လက် တွေ့ဖော်ဆောင်ခြင်းဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3N9CMVb

Add new comment

1 + 0 =