ဗာတီကန် စိန့်ပီတာရင်ပြင်တော်အတွက် ခရစ္စမတ်သစ်ပင်ရောက်လာပြီ

ဗာတီကန် စိန့်ပီတာရင်ပြင်တော်အတွက် ခရစ္စမတ်သစ်ပင်ရောက်လာပြီ

ဗာတီကန် စိန့်ပီတာရင်ပြင်တော်အတွက် ခရစ္စမတ်သစ်ပင်ရောက်လာပြီ

 

ဗာတီကန်ဝန်ထမ်းများဟာ ယခုနှစ်စိန့်ပီတာရင်ပြင်တော်မှာထားရှိမယ့် ခရစ္စမတ် သစ်ပင်ရောက်ရှိလာပြီဖြစ်လို့ စတင်လှုပ်ရှား ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ ပေ ၉၀ အမြင့်ရှိတဲ့ ထင်းရှူးပင်ကြီးဟာ အီတလီမြောက်ပိုင်း ထရဲန်တီးနို နယ် Andalo က ရောက်ရှိလာတာဖြစ်ပါတယ်။

အဆင်တန်ဆာများကို လည်း နယ်ခံတွေက ပြင်ဆင်ခဲ့ကြတာဖြစ်ပြီး အတွင်းပိုင်းမှာ မြို့ခံကလေးငယ်များပြုလုပ်ထားတဲ့ ခရစ္စမတ်ကဒ်လေးတွေနဲ့ အလှဆင်ထားတာပါ။

ထိုမြို့တော်ဟာ အလုပ်အင်မတန်ကြိုးစားလုပ်ကိုင် သူများနဲ့ ပြည့်နေတဲ့ မြို့လို့ လူသိများကြောင်း၊ အလုပ်အလွန်ကြိုးစားကြတာကြောင့် ထိုမြို့အတွက် “အိပ်နေရင်းတောင် ထင်းဖြတ်နေတယ်”  ဆိုတဲ့ စကားပုံလေးတစ်ခုရှိတယ်လို့ ဆိုပါတယ်။

ဒီနှစ်အတွက် ခရစ္စမတ်သစ်ပင်နဲ့ သူငယ်တော်မွေးဖွားခြင်းရုပ်ပြ သူငယ်တော်အိမ် ကို ဒီဇင်ဘာလ ၁၀ ရက်နေ့ ရောမစံတော်ချိန် ညနေ ၅ နာရီမှာ ဖွင့်လစ်ပြသသွားမှာဖြစ်ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/32C0Pcx

 

 

Add new comment

15 + 1 =