ဗာတီကန် ကျန်းမာရေးဌာန ခေတ္တရပ်ဆိုင်းပိတ်ထား

ဗာတီကန် ကျန်းမာရေးဌာန ခေတ္တရပ်ဆိုင်းပိတ်ထား

ဗာတီကန် ကျန်းမာရေးဌာန ခေတ္တရပ်ဆိုင်းပိတ်ထား

ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနုန်း သက်သာစေရန်အတွက် ဗာတီကန်မှလည်း ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ အခုအခါမှာတော့ ပြင်ပလူနာများအတွက်သုံးသည့် ကျန်းမာရေး အသုံးအဆောင် ပစ္စည်းများမှတဆင့် ကူးစက်မည်စိုးရိမ်ရသည့်အတွက် အရေးပေါ်ဌာန မှလွဲ၍ ကျန်းမာရေးဌာနကို ယာယီပိတ်ထားလိုက်ပါသည်။
ဗာတီကန်မှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ်အပေါင်းလက္ခဏာပြ လူနာတဦးတွေ့ရှိခဲ့ခြင်းကြောင့် အခုလို ပိတ်ထားရခြင်းဖြစ်ကြောင်းကို ဗာတီကန်သတင်းတိုက်၏ ဒါရိုက်တာ Matteo Bruni က သတင်းထောက်များအား ပြောကြားခဲ့ပါသည်။
ပုပ်ဖရန်စစ် ကတော့ အအေးမိခြင်းကနေ ပြန်လည်သက်သာလာပြီဖြစ်ကြောင်း
ဗိုင်းရပ်စ် ပျံ့ပွားမှုနုန်းကို ထိန်းသိမ်းသက်သာစေရန် ပါပါးဖရန်စစ်လုပ်ဆောင်နေကျ ပုံမှန်လှုပ်ရှားမှု အစီအစဉ်များအတွက်ကိုတော့ လေ့လာနေဆဲဖြစ်​ကာ အီတလီ အစိုးရ အရာရှိများ၏ ထုတ်ပြန်ချက်များနှင့် လျှော်ညီစွာ ဗာတီကန် မှလည်းလုပ်ဆောင်သွားမည် ဆိုခြင်းကို ဗာတီကန်သတင်းအရ သိရှိရပါတယ်။

အာဗီအေမြန်မာဗာတီကန်သတင်း
#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

 

Photo credit: AFP

http://bit.ly/2TKgLRz

 

 

Add new comment

6 + 3 =