ဗာတီကန်၏ ပထမဆုံး သံရုံးကို အာရပ်စော်ဘွားများနိုင်ငံ (UAE) တွင်ဖွင့်လှစ်

ဗာတီကန်၏ ပထမဆုံး သံရုံးကို အာရပ်စော်ဘွားများနိုင်ငံ (UAE) တွင်ဖွင့်လှစ်

ဗာတီကန်၏ ပထမဆုံး သံရုံးကို အာရပ်စော်ဘွားများနိုင်ငံ (UAE) တွင်ဖွင့်လှစ်

ဗာတီကန်၏ ပထမဆုံး သံရုံးကို အာရပ်စော်ဘွားများ နိုင်ငံ (UAE) တွင် ပြီးခဲ့တဲ့ သောကြာနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ဗာတီကန်နိုင်ငံတော် အတွင်းဝန်ရုံး၏ ကိုယ်စားရွက်ဆောင်သူ ဂိုဏ်းချုပ် ဆရာတော်ကြီး Edgar Peña Parra သည် အာရေဗျကျွန်းဆွယ်ရှိ သံတမန် ရာထူးကို ဖွင့်လှစ်ရန် Abu Dhabi သို့ သွားရောက်ခဲ့ပါတယ်။

“ဒီရုံးရှိနေခြင်းအားဖြင့် ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်စားလှယ်အတွက် အထောက်အကူဖြစ်စေသလို ဒေသတွင်းကက်သလစ်အသိုင်းအဝန်းအတွက် အထောက်အကူ ဖြစ်စေတယ်"လို့ ဆိုကာ သူ့ရဲ့တာဝန်ကို ထမ်းဆောင်ရာမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဖြစ်စေချင်တဲ့ရိုးသားတဲ့ဆန္ဒပါပဲ” ဟု ဆရာတော်ကြီး Edgar က ပြောကြားခဲ့ပါတယ်။

ဗာတီကန်သံရုံး ရှိနေခြင်းဟာ ပုပ်ရဟန်းမင်းကြီး ရဲ့ သံတမန်ရေးရာ လုပ်ငန်းတခုဖြစ်ကာ ဒါကို အရပ်ဘက်အစိုးရမှ အသိအမှတ်ပြုထားသော ပုပ်ရဟန်းမင်းကြီး၏တရားဝင် ကိုယ်စားလှယ် တစ်ဦးက ဦးဆောင်ကြောင်း

“ဤနိုင်ငံတွင် ကိုယ်စားလှယ် ရုံးတော်ဖွင့်ခြင်း၏ အဓိပ္ပါယ်မှာ အလွန်ရိုးရှင်းပါတယ်။ ဤနေရာတွင် ပုပ်ရဟန်းမင်းကြီး အိမ်တော်ရှိသွားမှာ ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ ဒါဟာ အဘူဒါဘီမှာရှိတဲ့ ဗာတီကန်ရုံးတော်ရဲ့ သံတမန်ရေးရာ ကိုယ်စားပြုပါတယ်” ဆို​ပြီး ဆရာတော် Edgar က သူ၏ခရီးစဥ်အတွင်းမှာ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့တယ်။

ဒါဟာ ဝိညာဉ်ရေးဆိုင်ရာ ထင်ရှားတဲ့အမှတ်လက္ခဏာဖြစ်သလို တစ်ချိန်တည်းမှာပဲ ဒါဟာ နိုင်ငံနှစ်ခုဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ရုံးတော် နဲ့ ဒီနိုင်ငံကြား ဆက်ဆံရေးမှာ နီးစပ်စေတယ် ဆိုပြီးလည်း ဆရာတော်က ဆက်လက်ပြောကြားခဲ့ပါတယ်။

UAE ယဉ်ကျေးမှုဝန်ကြီး Noura Al Kaabi နှင့် ယဉ်ကျေးမှုနဲ့ ပြည်သူ့သံတမန်ရေးရာ လက်ထောက်ဝန်ကြီး Omar Ghobash တို့ကလည်း ဖွင့်ပွဲအခမ်းအနားသို့ ယူအေအီးအစိုးရ၏ အခြားတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြတယ်။

ဆရာတော်ကြီး Edgarက ယူအေအီးနိုင်ငံခြားရေးဝန်ကြီး Sheikh Abdullah bin Zayed Al Nahyan နှင့် အရပ်ဘက်အာဏာပိုင်များအား ဖွင့်လှစ်ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး၏ ကိုယ်ရေးကိုယ်တာအတွင်းဝန်ဟောင်း Msgr Yoannis Gaid သည် ဆရာတော် Edgarနှင့်အတူ ယူအေအီးသို့လည်း သွားရောက်ခဲ့သည်။ Msgr Gaid သည်ညီအစ်ကို မိသားစုအဆင့်မြင့်ကော်မတီ၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကာ အာရေဗျတောင်ပိုင်းရှိ ပုပ်ရဟန်းမင်းကြီး ကိုယ်စားလှယ်ဖြစ်တဲ့ ဆရာတော်ကြီး ပေါလ် ဟင်ဒါ လည်း တက်ရောက်ခဲ့တာပါ။

ဗာတီကန်သည် ၂၀၀၇ ခုနှစ်တွင် UAE နှင့် သံတမန်ဆက်ဆံရေးရှိပေမယ့်လည်း ယခင်က ပုပ်ရဟန်းမင်းကြီး ကိူယ်စားလှယ်တွေက ကူဝိတ်တွင် အခြေစိုက်ပြီး UAE မှာ နေထိုင်ခဲ့ခြင်းမရှိပါဘူး။

ယူအေအီးတွင် ၂၀၀၇ ခုနှစ်မှ စတင်ကာ ရဟန်းမင်း​ကြီး ကိူယ်စားလှယ် ၃ ပါး ရှိခဲ့ပြီး မကြာသေးမီက ဂိုဏ်းချုပ်ဘုန်းတော်ကြီး Francisco Montecillo Padilla သည် ၂၀၁၆ မှ ၂၀၂၀ ခုနှစ်အထိ ပုပ်ကိုယ်စားလှယ်အဖြစ် တာဝန် ဆောင်ရွက်ခဲ့ပါတယ်။ ဘုန်းတော်ကြီး Padilla သည် ဂွာတီမာလာသို့ ပြောင်းရွှေ့ကတည်းက ရာထူးလစ်လပ်ခဲ့ပြီး Msgr Kryspin Dubiel သည် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

UAE မှာ လက်ရှိအချိန်တွင် ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီး၏ သံရုံးသို့ရောက်ရှိနေတဲ့ကိုယ်စားလှယ်တစ်ဦး မှမရှိပါ

ယခုရက်သတ္တပတ်အစောပိုင်းတွင် ဆရာတော် Edgarသည် လူဦးရေ ၁.၄၂ သန်းရှိတဲ့ အာရေဗျနိုင်ငံရှိ ကက်သလစ်ဘုရားကျောင်းနှစ်ခုအနက်မှ တစ်ခုဖြစ်သည့် Abu Dhabi ရှိ စိန့်ဂျိုးဇက်ဘုရားရှိခိုးကျောင်းတွင် ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းအသစ်အတွက် ဖွင့်လှစ်ပေးခဲ့တယ်။

“အဘူဒါဘီနှင့် အာရေဗျကျွန်းဆွယ်ရှိ ကက်သလစ်အသိုက်အဝန်းတစ်ခုလုံးဟာ မျှော်လင့်ချက်အပြည့်ဖြင့် သည်းခံခြင်းနှင့် ခရစ်ယာန်အသက်ရှင်ခြင်း၏ စံနမူနာတစ်ခုဖြစ်တယ်” လို့ ဘုန်းတော်ကြီးက သူ၏ တရားဟောချက်ထဲမှာ ပြောကြားခဲ့ပါတယ်။

သင်တို့ဟာသိုးစုငယ် ဖြစ်နေပေမယ့်လည်း အသင်းတော်ဆိုတဲ့ ခရစ်တော်ရဲ့ ခန္တာကိုယ်မှာ လုပ်ဆောင်စရာတွေရှိနေကြပါတယ်။ ဘယ်အစိတ်အပိုင်းကမှပိုသာတယ် ပိုအရေးကြီးတယ်ဆိုတာမရှိပါဘူး။ လူဦးရေ အရေအတွက်နည်းသော်လည်း အာရပ်စော်ဘွားများပြည်ထောင်စုရှိ စီရင်စုများဟာ အရှေ့အလယ်ပိုင်း၊ တောင်အာရှနှင့် အခြားကမ္ဘာ့ခရစ်ယာန် အသင်းတော်များမှ ကက်သလစ်ထုံးတမ်းစဉ်လာများနှင့် ဝတ်ပြုကိုးကွယ်မှုများကို အတူတကွ ပေါင်းစပ်စေပါတယ်လို့ ဆိုပါတယ်။

မစ္ဆားတရားကို အာရပ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဖိလစ်ပိုင်၊ မလေးလမ်၊ ဆင်ဟာလီ၊ အူရဒူ၊ တမီလ်၊ ကွန်ကာနီ၊ ဂျာမန်၊ အီတလီ၊ ကိုးရီးယား၊ ပိုလန်နှင့် ယူကရိန်းဘာသာဖြင့်လည်း ကျင်းပပါတယ်။

စိန့်ပေါလ်ကက်သလစ်ဘုရားကျောင်းဖွင့်လှစ်ချိန်အထိ စိန့်ဂျိုးဇက်စီရင်စုသည် နှစ်ပေါင်း (၅၀) ကျော် အဘူဒါဘီရှိ တစ်ခုတည်းသောကက်သလစ်ဘုရားကျောင်းဖြစ်တယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စု၏တရားဝင်ဘာသာမှာ အစ္စလာမ်ဖြစ်ပြီး ဆွန်နီမွတ်စလင်အများစုဖြစ်သည်။ သုတေသနအဆိုအရစုစုပေါင်းလူဦးရေ၏ ၁၂.၆ ရာခိုင်နုန်ုး ဟာခရစ်ယာန်များဖြစ်ကြောင်း

Abu Dhabi ၌ ဘာသာပေါင်းစုံနှီးနောဖလှယ်ပွဲ၌ ခရစ်ယာန်သာသနာပြု သီလရှင်ကျောင်းကို အဘူဒါဘီတွင် ကျင်းပသည့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် အတူတကွနေထိုင်ခြင်းဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ စာရွက်စာတမ်း ၏ သုံးနှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဖရန်စစ်သည် အဘူဒါဘီတွင် ဘာသာရေးဆိုင်ရာ အစည်းအဝေးတစ်ခုအတွင်း ဖရန်စစ်နှင့် လက်မှတ်ရေးထိုးခဲ့ပြီး ပီး သုံးနှစ်ပြည့်နှစ်ပတ်လည် (ဖေဖော်ဝါရီ ၄၊ ၂၀၁၉) မှာ ဖွင့်လှစ်ခဲ့ပါတယ်။

၂၀၁၉ တွင် ပုပ်ရဟန်းမင်းကြီးသည် Abu Dhabiသို့ လာခဲ့ပြီး အာရပ်ရဲ့ ဘာသာရေးခေါင်းဆောင်နဲ့ တွေ့ဆုံပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် အတူတကွနေထိုင်ခြင်းဆိုင်ရာ လူသာ ချင်းစာနာမှုဆိုင်ရာ စာရွက်စာတမ်းကို လက်မှတ်ရေးထိုးခဲ့ပြီး သုံးနှစ်ပြည့်တဲ့ချိန်မှာ ဖွင့်လှစ်နိုင်ခဲ့တာပါ။

ဆရာတော် Edgar က လူသားချင်းစာနာမှုဆိုင်ရာ စာရွက်စာတမ်းသည် "ကျွန်ုပ်တို့၏ သံတမန်ဆက်ဆံရေးကို နက်ရှိုင်းစေမည့်မျော်လင့်ချက် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပညာရေးဆိုင်ရာ ဗာတီကန်အသင်းတော်မှ ဗာတီကန်တာဝန်ရှိသူများသည် လူသား ဆန်သော ဂုဏ်ထူးဆောင် ဆုဖြင့် Abu Dhabi အိမ်ရှေ့စံမင်းသား Sheikh Mohammed bin Zayed Al Nahyan အား ဂုဏ်ပြုရန်အတွက် ပြီးခဲ့တဲ့ ဇူလိုင်လမှာ ယူအေအီးသို့ သွားရောက်ခဲ့ကြပါတယ်။
 

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/3gJPxGW

Add new comment

13 + 5 =