ဗာတီကန်၏လူမှုကယ်ဆယ်ရေးရုံး၌အမှုတော်ထမ်းရန် သီလရှင်တစ်ပါးအားခန့်အပ်

ဗာတီကန်၏လူမှုကယ်ဆယ်ရေးရုံး၌အမှုတော်ထမ်းရန် သီလရှင်တစ်ပါးအားခန့်အပ်

ဗာတီကန်၏လူမှုကယ်ဆယ်ရေးရုံး၌အမှုတော်ထမ်းရန် သီလရှင်တစ်ပါးအားခန့်အပ်

ရဟန်းမင်းကြီးဖရန်စစ်သည် လူမှုကယ်ဆယ်ရေးရုံးတော်၏ အတွင်းရေးမှူးအသစ်ကိုခန့်အပ်ခဲ့သည်။ ဤရုံး တော်သည် အလွန်သိမ်မွေ့သောကိစ္စများကိုကိုင်တွယ်ဖြေရှင်းလုပ်ဆောင်နေရသည်။ ဥပမာအားဖြင့် ဆင်းရဲမ​ွဲ​တေ ခြင်း၊ စီးပွားရေး၊ သဘာ၀ပတ်၀န်းကျင်နှင့်ဆိုင်သောအရေးနှင့်ပြောင်းရွှေ့သူတို့အရေးတို့ဖြစ်ကြသည်။ ယခုအသစ်ခန့် အပ်လိုက်သော အတွင်းရေးမှူးမှာ သက်တော် (၄၆) နှစ်ရှိ သစ္စာသုံးပါးခံသူတော်စင်သီလရှင်တစ်ပါးဖြစ်သည်။ သူ၏ အမည်မှာ SR. ALESSANDRA SMERILLI, F.M.A. ဖြစ်သည်။

‘လက်ရှိကပ်ရောဂါဆိုးကြီး၏တိုက်ခိုက်မှု၌ ကျွန်မတို့အားလုံးသည် တစ်လှေထဲ၌ရှိနေသူများဖြစ်ကြောင်း၊ ဤအချက်ကိုသဘောမပေါက်သရွေ့ ကပ်ရောဂါဆိုး၏ လှိုင်းဂယက်မှရုန်းထွက်နိုင်မည်မဟုတ်ပေ။ ဥပမာအားဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကဲ့သို့သော ကိစ္စမျိုးဖြစ်သည်။ ကာကွယ်ဆေးသည် ကမ္ဘာတစ်၀ှမ်းရှိလူတန်းစားအလွှာ အ သီးသီးသို့မရောက်ရှိနိုင်က သိပ်မထူးလှပေ။ ယခု

အသစ်ခန့်အပ်လိုက်သော အတွင်းရေးမှူးသည် ယခင်ဖာသာရ် Bruno Marie Duffé ၏နေရာနှင့်အခြားနေရာတစ်ခု ပေါင်းနှစ်ခုကိုထမ်းဆောင်ရမည်ဖြစ်သည်။ ဖာသာရ် Bruno Marie Duffé သည် ပြင်သစ်နိုင်ငံမှဖြစ်ပြီး၊ သူသည် ပြီးခဲ့သော ဇူလိုင်လက သက်တော် (၇၀) ပြည့်သွား၍ သူ၏သာသနာဖြစ် သောပြင်သစ်နိုင်ငံ၊ Lyon သို့ပြန်သွားခဲ့သည်။ ကျန်နေရာတစ်ခုမှာ အာဂျင်တီးနားနှင့်အင်္ဂလန်နိုင်ငံ၌ပညာသင်ကြားခဲ့ သောဖာသာရ် Augusto Zampini ၏နေရာဖြစ်သည်။ သူသည်စီးပွားရေးပညာရှင်ဖြစ်ပြီး၊ သူသည်လည်း သူ၏ဇာတိမြေ သို့ပြန်တော့မည်ဖြစ်သည်။ ယခုကဲ့သို့ပြန်လည်စီစဉ်ခြင်းသည် ပြီးခဲ့သောဇွန်လနှင့်ဇူလိုင်လက ရဟန်းမင်းကြီး၏ပန် ကြားချက်ဖြင့် ကာဒီနယ် Blase Cupich သည် ၄င်းရုံးတော်သို့သွားရောက်ကြည့်ရှူ့စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ ပြောင်းစီစဉ်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

Ref:Rome Reports

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

#rvamyanmar #rvapastoralcare #RVANews #Nun

Photo -Credits

Add new comment

2 + 11 =