ဗာတီကန်၏တစ်ခုတည်းသော သတင်းစာ “L’Osservatore Romano” ထုတ်‌ဝေခဲ့သည်မှာနှစ် (၁၆၀) ပြည့်ခဲ့ပြီဟုဆို

ဗာတီကန်၏တစ်ခုတည်းသော သတင်းစာ “L’Osservatore Romano” ထုတ်‌ဝေခဲ့သည်မှာနှစ် (၁၆၀) ပြည့်ခဲ့ပြီဟုဆို

ဗာတီကန်၏တစ်ခုတည်းသော သတင်းစာ “L’Osservatore Romano” ထုတ်‌ဝေခဲ့သည်မှာနှစ် (၁၆၀) ပြည့်ခဲ့ပြီဟုဆို

            ဗာတီကန်၏ တစ်ခုတည်းသောသတင်းစာကို“L’Osservatore Romano”  ဟုခေါ်သည်။ ဤသတင်းစာကို (၁၈၆၁) ခုနှစ် ကစတင်ထုတ်‌ေ၀ခဲ့ရာ ယနေ့ဇူလိုင် (၁) နေ့သည် သတင်းစာထုတ်‌ဝေခဲ့သည့်နှစ် (၁၆၀) ပြည့်မဂ်လာနှစ်ပတ်လည်နေ့ဖြစ်သည်။ ထိုစဉ်ကအမိသာသနာတော်ကြီးအားဦးဆောင်ဦးရွက်ပြုနေသောရဟန်းမင်းကြီးမှာ ရဟန်းမင်းကြီးပီအုစ့် (၉) ဖြစ်သည်။

         ဤသတင်းစာသည်နေ့စဉ်ထုတ်သတင်းစာဖြစ်သည်။ ဘုရားသခင်ကောင်းကြီးတော်နှင့်ကျက်သရေမဂ်လာအဖြာဖြာပြည့်စုံသောဤနေ့၌ ရဟန်းမင်းကြီးသည် သတင်းစာ၏၀န်ထမ်းများအား ဂုဏ်ပြုနှုတ်ဆက်ရင်း၊ ၄င်းတို့၏အလုပ်ကို သစ္စာတည်ကြည်စွာ နှင့်စာဖတ်သူ များအတွက် အသိပွားစေမည့်အသစ်အဆန်းများစွာကိုလည်းဖော်ထုတ်တင်ပြသတင်းပါးနိုင်ကြပါစေကြောင်းလည်းဆုကောင်း တောင်းပေးထားသည်။

       ဤသတင်းစာသည် အီတလီ၌ လူဖတ်အများဆုံးနှင့်စာဖတ်ပရိတ်သတ်များအားလွှမ်းမိုးနိုင်သောသတင်း စာတစ်စောင်လည်းဖြစ်သည်။ သတင်းစာကို (မတ်လ၊ ၂၊ ၁၈၁၀) ခုနှစ်ကမွေးဖွားခဲ့သော အီတလီနိုင်ငံသား Carpineto Romano ကမကထပြု၍စတင်ထုတ်‌ဝေခဲ့သည်။

       သတင်းစာ၏အမည်အဆုံးပိုင်းကိုလည်း အဆိုပါသတင်းစာဆရာအားဂုဏ်ပြု သည့်အနေဖြင့် သူ၏အမည်ကိုလည်းထည့်သွင်းဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။ သတင်းစာဆရာ Carpineto Romano သည် (ဇူလိုင်၊ ၂၀၊ ၁၉၀၃)၊ အသက် (၉၃) နှစ်တွင် ရောမ၌ကွယ်လွန်သွားခဲ့သည်။ အဓိကထားရေးသားဖော်ပြသောအကြောင်းအရာမှာ အမိသာသနာတော်ကြီး၏အကြောင်းအရာ၊ အာဘော်၊ ရဟန်းမင်းကြီး၏တမန်တော်လုပ်ငန်းနှင့်အီတလီအစိုးရ၏အရေးကြီးသောသတင်းများ ကိုသာထည့်သွင်းဖော်ပြလေ့ရှိသည်။ တစ်နည်းဆိုသော် စီးပွားရေးနွယ်သောသတင်းစာမဟုတ်ပေ။     

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3hoHYoV

 

Add new comment

5 + 3 =