ဗာတီကန်၌ ဘုရားဖူးလာသူများကိုပြန်လည်ခွင့်ပြုတော့မည်

ဗာတီကန်၌ ဘုရားဖူးလာသူများကိုပြန်လည်ခွင့်ပြုတော့မည်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ ဘုရားဖူးများနှင့်ပုံမှန်တွေ့ဆုံလေ့ရှိသော ဗုဒ္ဓဟူးနေ့ အစီအစဉ်သည် ကပ်ရောဂါ မဖြစ်ပွားမည်အချိန်ကကဲ့သို့ ပြန်လည်အသက်၀င်စည် ကားလာနေပါသည်။ ဆိုလိုသည်မှာ ရဟန်းမင်းကြီး၏ဘုရားဖူးများနှင့်တွေ့ဆုံသည့်အစီအစဉ်၌ ကပ်ရောဂါဆိုးကြောင့် ရပ်နားထားခဲ့ရာမှ ယခုတစ်စတစ်စပြန်လည် ပုံမှန်အနေ အထားသို့ရောက်ရှိလာနေပါသည်။ အထူးသဖြင့် နိုင်ငံခြားသားဘုရားဖူးများ၊ အလည်အပတ်လာရောက်သူများဖြင့် စည်ကားနေပါသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာတစ်၀ှမ်းလုံး၌လည်း ကိုဗစ်ကာကွယ်ဆေးကို သတ်မှတ်အလုံး ရေပြည့်မှီအောင်ထိုးနှံထားသူများသည် ပြည်တွင်းပြည်ပခရီးသွားလာခွင့်ရလာကြသောကြောင့်ဖြစ်သည်။

ဗာတီကန်သို့ ဘုရားဖူးရောက်နေသောသူများအနက် အမေရိကားမှ ဇနီးမောင်နှံတစ်တွဲလည်းပါသည်။ ၄င်းတို့ရောမသို့ရောက်ရှိနေခြင်းမှာ ၀ါရှင်တန်မှ ၄င်းတို့၏အသိမိတ်ဆွေ ရဟန်းလောင်းကိုရင်တစ်ပါးသည် နက်ဖန်နေ့ ၌ စိန့်ပီတာဘုရားကျောင်းတော်ကြီးတွင် ဦးမဉ္စင်းသိက္ခာခံယူမည်ဖြစ်၍ ထိုအခမ်းအနားသို့တက်ရောက်ရန်ဖြစ် ကြောင်းရှင်းပြသည်။

စက်တင်ဘာလမှစ၍ အမေရိကားမှဘုရားဖူးများ၊ အလည်အပတ်လာရောက်သူပိုမိုများပြား လျှက်ရှိသည်။ ၀ါရှင်တန်ဂိုဏ်းချုပ်ဆရာတော် ကိုယ်တော်တိုင်သည်လည်း ရောမသို့ရောက်ရှိနေပြီး၊ ကာဒီနယ်အ ဖြစ်ချီးမြောက်ခြင်းအခမ်းအနား၌ပါ၀င်မည်ဖြစ်သည်။ ထို့အတူ လာတင်းအမေရိကားမှလာရောက်သူများလည်းများ ပြားလျှက်ရှိသည်။

သက်တော် (၈၄) နှစ်ရှိသည့်ပုပ်ဖရန်စစ်သည် သူ၏လုံ့လစိုက်ထုတ်မူ၊ သူ၏လူသားချင်းစာနာစိတ်ရှိမှု၊ သူ ၏ရိုးရှင်းသောသွန်သင်ချက်များဖြင့် ဘာသာတူတို့၏နှလုံးသားထဲ၌စွဲထင်ကျန်ရစ်စေသည်။

ဥရောပတိုက်သားများ အတွက် ရောမသို့လာရောက်လည်ပတ်ရန်မှာလွယ်ကူသည်။ ဂျာမဏီမှဘုရားဖူးတစ် ဖွဲ့အနေဖြင့်လည်း ရဟန်းမင်း ကြီးနှင့်တွေ့ဆုံခွင့်ရ၍ အလွန်ကျေနပ်ပီတိဖြစ်နေကြသည်။

ရဟန်းမင်းကြီးနှင့်တွေ့ဆုံမည့်ခန်းမထဲသို့‌ရောက်ရှိသွားရာတွင် အလွန်စိတ်လှုပ်ရှားခဲ့ရပါသည်။ ထိုခန်းမထဲ ရောက်ရှိနေသူတိုင်း ပျော်ရွှင်နေကြသည်။ ယခုကဲ့သို့ရောမသို့လာရောက်နိုင်ခဲ့ခြင်းသည် အလွန်တရာကောင်းမြတ်လှ ပါသည်။ အဘယ်ကြောင့်ဆိုသော် ရောမသည် ကက်သလစ်သာသနာတော်ကြီး၏ ဗဟိုချက်မဖြစ်သည်။ ရဟန်းမင်း ကြီးနှင့်တွေ့ဆုံမှုအစီအစဉ်သည် ကပ်ရောဂါဆိုးကြီးမဖြစ်ပွားမီကနှင့်ကွာခြားနေပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားဖူးတိုင်းသည် နှာခေါင်းစီးကို၀တ်ဆင်ထားရပြီး၊ တစ်ဦးနှင့်တစ်ဦးလည်းခွာနေရသော ကြောင့်ဖြစ်ပါသည်။

ဘာသာပြန်ဆိုသူ။ ။

ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3oFsr9m

Redirecting to /en/2021/10/03/the-vatican-is-back-to-welcoming-pilgrims/

romereports.com

Add new comment

6 + 5 =