ဗာတီကန်၌အသုံးပြုနေသောယာဉ်များကိုလျှပ်စစ်စွမ်းအင်သုံးစနစ်ပြောင်းရန်စီစဉ်

ဗာတီကန်၌အသုံးပြုနေသောယာဉ်များကိုလျှပ်စစ်စွမ်းအင်သုံးစနစ်ပြောင်းရန်စီစဉ်

ဗာတီကန်၌အသုံးပြုနေသောယာဉ်များကိုလျှပ်စစ်စွမ်းအင်သုံးစနစ်ပြောင်းရန်စီစဉ်

ရဟန်းမင်းကြီးဖရန်စစ်သည် သူကိုယ်တိုင်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအကြောင်းကိုစာချွန်တော်ထုတ် ဝေဖြန့်ချီ၍တစ်မျိုး၊ အပြည်ပြည်ဆိုင်ရာအစည်းအ‌ေ၀းများ၊ ခေါင်းဆောင်များကိုသ၀တ်လွှာများပေးပို့၍တစ်ဖုံမိန့် ကြားလာခဲ့သကဲ့သို့သဘာ၀ပတ်၀န်းကျင်စောင့်ရှောက်ထိန်းသိမ်းရေးကိုဆက်လက်ဖော်ဆောင်လျှက်ရှိသည်။

ဗာတီကန် အတွင်းအသုံးပြုသောယာဉ်များကိုလောင်စာစီများအစား လျှပ်စစ်ဖြင့်မောင်းနင်အသုံးပြုနိုင်ရန်တစ်စတစ်စပြောင်းလဲ စီစဉ်နေကြောင်း၊ ဤသို့ပြောင်းလဲခြင်းသည်ဗာတီကန်၏သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးတည်ချက်နှင့်ကိုက်ညီ ကြောင်းဖြင့်ဗာတီကန်၏ယာဉ်ထိန်းသိမ်းရေးတာ၀န်ခံ Roberto Mignucci ကဗာတီကန်သတင်းစာဖြစ်သော L’Osservatore Romano ၏မေးမြန်းချက်ကိုပြန်လည်ဖြေကြားခဲ့ပါသည်။

ဤသို့အသုံးပြုရန်အတွက်အလွန် လက်တွေ့ကျ ခြင်းမှာဗာတီကန်၀င်းသည်အပြောမကျယ်လှ။ ဗာတီကန်ပိုင်သောအဆောက်အဦးများသည်လည်းတစ်ဆောင်နှင့်တစ် ဆောင်မ‌ဝေးလှ။ တစ်နှစ်လုံးသွားလာသောခရီးအကွာအ‌ေ၀းကိုတွက်ချက်လိုက်မည်ဆိုပါမိုင်ပေါင်း (၄၀၀၀) ၀န်း ကျင့်ခန့်သာရှိကြောင်း၊ အကယ်၍ဗာတီကန်အနေဖြင့်အမှန်တကယ်ပြောင်းလဲမည်ဟုဆုံးဖြတ်လျှင် အားပြန်လည်သွင်းနိုင် သောနေရာများစွာကိုစီစဉ်ထားပေးရမည်ဖြစ်ကြောင်း၊ ဤအစီအစဉ်သည်ဗာတီကန်၏လောင်စာဆီအသုံးပြုမူလျော့ချရေး အစီအစဉ်ကိုဖော်ဆောင်ခြင်းဖြစ်ကြောင်း၊

ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏လက်ထက်၌လည်း နေရောင်ခြည်စုပ် ယူသောကိရိယာပြား (၂၄၀၀) ခုကိုတပ်ဆင်အသုံးပြုခဲ့ကြောင်း၊ ရဟန်းမင်းကြီး၏စီးတော်ယာဉ်ကိုလည်းလျှပ်စစ်ဖြင့် ပြောင်းလဲအသုံးပြုမည်မပြုမည်ကိုမူထုတ်ဖော်ပြောကြားသွားခြင်းမရှိပေ။ လက်ရှိရဟန်းမင်းကြီး၏စီးတော်ယာဉ်သည် တိုယိုတာအမျိုးအစားဖြစ်ပြီး၊ လောင်စာဆဲလ်ကိုအသုံးပြုသောယာဉ်ဖြစ်သည်။

ဤလောင်စာသည်လေထုညစ်ညမ်းမူကိုအ လွန်နည်းပါးစေပြီး၊ ရေငွေ့ထုတ်လွှတ်သကဲ့သို့သာဖြစ်ပေမည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Courtesy use of Toyota

https://bit.ly/2UwNdIg

 

Add new comment

1 + 15 =