ဗာတီကန်၌ရဲ၀န်ထမ်းအသစ်များ မေလ (၆) ရက်နေ့၌ကတိသစ္စာပြုကြမည်။

ဗာတီကန်၌ရဲ၀န်ထမ်းအသစ်များ မေလ (၆) ရက်နေ့၌ကတိသစ္စာပြုကြမည်။

ဗာတီကန်၌ရဲ၀န်ထမ်းအသစ်များ မေလ (၆) ရက်နေ့၌ကတိသစ္စာပြုကြမည်။

လာမည့်မေလ (၆) ရက်နေ့၌ ဗာတီကန်ရဲများအဖြစ် အမှု ထမ်းကြမည့် ၀န်ထမ်းအသစ်များသည် ကိုးဗစ် (၁၉) ရောဂါ ကူးစက်မှုအန္တရာယ်ရှိနေသော် လည်း ကတိသစ္စာပြုခြင်းအ ခမ်းအနားကို ကျင်းပကြမည်ဖြစ်သည်။ ၄င်း တို့အား အ လွယ်တကူ ‘ဗာတီကန်ရဲများ ’ ဟုခေါ်သော်လည်း အမှန်မှာ ‘ရဟန်းမင်းကြီး၏သက်တော် စောင့် ဆွီစ်လုံခြုံရေး၀န်ထမ်း များ’ ဟုခေါ်ကြသည်။ ၄င်းတို့အား လုံးသည် ဆွီစ်ဒင်နိုင်ငံသားများဖြစ်ကြသည်။ ထို့အတူဆွီဇာလန်နိုင်သားမှသာလျှင်ထမ်း ဆောင်ခွင့်ရှိသည်။

ဆွီစ်ဒင်နိုင်ငံသားများကသာ အမှုထမ်းခွင့်ရှိရခြင်းမှာ ရာစုနှင့်ချီကြာခဲ့ပြီဖြစ်သော သမိုင်း ကြောင်းရှိခဲ့ သောကြောင့်ဖြစ် သည်။ ဤသမိုင်းကြောင်းကို ယခင်နှစ်ကလည်း ဖော်ပြပြီးဖြစ်ပါသည်။

ယခုနှစ်၌ အမှုထမ်းမည့်လူ ငယ် (၃၄) ဦးရှိသည်။ ဤသို့အမှုထမ်းခွင့်ရခြင်းသည် ၄င်းတို့၏ဘ၀၌ ဂုဏ်ယူစရာ၊ အ မှတ် ရရာဖြစ်မည်သေချာသည်။ အဘယ် ကြောင့်ဆိုသော် ရာစုအဆက်ဆက် ရဟန်းမင်းကြီးများအပေါ် သစ္စာ စောင့်ခဲ့ ကြသော ၄င်းတို့နောင်တော်ကြီးများ၏ ခြေ ရာကိုလိုက်ကြမည်ဖြစ်သည်။ ဤအခမ်းအနား၌ ရဟန်း မင်း ကြီး ကလဲမင်း (၇) ၏ လက်ထက် (၁၅၂၇) ရဟန်း မင်းကြီး၏အသက်ကိုရှာကြံသော သူတို့နှင့်အကြိတ်အနယ်တိုက်ပွဲဖြစ်ပွားရာတွင်ကျ ဆုံးခဲ့သော ဆွီစ်စစ်သား (၁၄၇) ဦးကိုပြန်လည်အမှတ်ရသည့်အခမ်းအနားလည်းပါသည်။ ဤကတိသစ္စာကိုပြုခြင်းဖြင့် ၄င်းတို့သည် ရဟန်းမင်းကြီး

ဖရန်စစ်နှင့်အမိသာသနာတော်ကြီး၏သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်တင်မြောက်သော ရဟန်း မင်းကြီးတို့အပေါ် ထာ၀ရသစ္စာ စောင့်ပါမည်ဟု ရဟန်းမင်းကြီးဖရန် စစ်ထံ ကတိပြုမည်ဖြစ်သည်။ ထို့အတူ ၄င်း တို့သည်လည်း ရဟန်းမင်းကြီးပေတရု၏အရိုက် အရာကိုဆက်ခံသော ရ ဟန်း မင်း ကြီးများအား ကြည်ညိုမှု၊ သစ္စာခံရ မည်။

ယခင်နှစ်ကလည်း ကိုးဗစ်ကူးစက်ရောဂါကြောင့် ကတိသစ္စာ ပြုမည့် အမှုထမ်းအသစ်များ၏ မိဘဆွေမျိုးများ၊ မိတ် ဆွေများမပါ၀င်နိုင်ခဲ့။ အခမ်း အနားကို အွန်လိုင်းမှတိုက် ရိုက်ထုတ်လွှင့်ပေးခဲ့ရသည်။ ထို့အတူယခုနှစ်၌လည်း အွန်လိုင်းမှ ထုတ်လွှင့်ပေးမည်ဖြစ်ပြီး၊ ကတိစ္စာပြုကြမည့် ၀န်ထမ်းအသစ်တို့၏မိဘမောင် နှမအနည်းငယ်ကို ကိုယ် တိုင်ကိုယ်ကျပါ ၀င်ခွင့်ပြုမည်ဖြစ် သည်။

ယခင်နှစ်က ၀န်ထမ်းအသစ်များအား ၄င်းတို့၏မိဘဆွေ မျိုးများရှေ့၌ ရဟန်းမင်းကြီးက ‘သင်တို့မိဘ၊ ဆွေမျိုးညာသိများ ဤအခမ်းအနား ၌ပါ ၀င်နေခြင်းသည် ဆွီစ်ဒင်လူ မျိုး ကက်သလစ်တို့၏ ရ ဟန်းမင်းကြီး အပေါ် သစ္စာ စောင့် ခြင်းကိုပြကြောင်း၊ ထို့အတူ မိဘများမှမိမိတို့၏ ရင်သွေးများကို ဘာသာ တရား၊ ကိုယ်ကျင့်သီလနှင့် ဆိုင်သောသွန်သင်ချက်များအား ၄င်းတို့၏သားသမီးများကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့ကြောင်း၊ မိမိနှင့်နီးစပ်သော သူများအား ရက်ရောစွာအစေခံတတ်ရန်သင်ကြားပေးခဲ့သည်ကိုပြသရာရောက်ကြောင်း’ မိန့်ကြားခဲ့သည်။ ထို့အတူ (၂၀၂၀) ခုနှစ်က ကတိသစ္စာပြုခဲ့ကြသောအဖွဲ့ကိုလည်း ‘ယခုပြုသောကတိသစ္စာသည် ဆေးကြောခြင်းမင်္ဂလာခံယူခြင်း မှပူးတွဲပါလာသော ဘုရားပေးတာ၀န်လည်းဖြစ်သည်’ ဟုမိန့်ကြားခဲ့သည်။

ဤအခမ်းအနားကို ဗာတီကန်၀င်းအတွင်းရှိ San Damasus ဥယျာဉ်၌ကျင်းပမည်ဖြစ်သည်။ အခမ်းအနားကို နံနက် (၇:၃၀) တွင် ကတိသစ္စာခံယူကြမည့်ရဲ၀န်ထမ်းအသစ်များနှင့်မိဘ၊ ဆွေမျိုး သားချင်းများပါ၀င်လျှက် စိန့်ပီတာ ဘုရားဆောင်ကြီးအ တွင်း၌ မစ္ဆားတရားပူဇော်ကြမည်ဖြစ်သည်။ ထိုမစ္ဆားတရားကို ဗာတီကန်၏ ပြည်နယ်အ တွင်းရေး မှူးဖြစ်သော ကာဒီနယ် San Damasus မှဦး ဆောင်ပူဇော်မည်ဖြစ်သည်။ ထို့အတူ ထိုနေ့ညနေ (၅:၀၀) နာရီ၊ သစ္စာဆို ခြင်းအမ်းအ နားကိုလည်း ကာဒီနယ်မှဦး ဆောင်မည်ဖြစ်သည်။ ရာသီ ဥတုသာယာပါက စီစဉ်ထားသည့်အတိုင်း ဗာတီကန်၀င်းအတွင်းရှိ San Damasus ဥယျာဉ်၌ကျင်းပမည်ဖြစ်ပြီး၊ ရာသီဥတုမသာယာပါက ရဟန်းမင်းကြီးပေါလ် (၆) ခမ်းမကြီးထဲ၌ကျင်းပမည်ဖြစ်သည်။

ဗာတီကန်ရဲအဖွဲ့အစည်းသည် ကမ္ဘာပေါ်၌ အငယ်ဆုံးသောကမ္ဘာ့အဖွဲ့အစည်းဖြစ်သည်။ ဗာတီကန်ရဲကို (၁၅၀၆) ခုနှစ် ရဟန်းမင်းကြီးဂျူလီအုစ့် (၂) လက်ထက်၌ဖွဲ့စည်းခဲ့သည်။ ဗာတီကန်ရဲတို့၏အဓိကတာ ၀န်မှာ ရဟန်းမင်းကြီးအား စောင့်ရှောက်ကာကွယ်ရန်၊ ဗာတီကန်နှင့်ဆိုင်သော အ ဆောက်အဦးများကိုကာကွယ်ရန်၊ ကာဒီနယ်အဖွဲ့များရဟန်းမင်း ကြီးရွေးချယ်ရန်အတွက်‌ ရောက်ရှိလာသည့်အချိန်မျိုးများ၌ လုံခြုံမှုပေးရန်တို့ဖြစ် သည်။ ဗာတီကန်ရဲများအား ဆွီစ်ရဲများ ဟုခေါ်ကြသကဲ့သို့ ၄င်းတို့သည် ဆွီစ်ဇာလန်နိုင်ငံတစ်ဝှမ်းမှ ဆွီစ်ဇာလန်နိုင် ငံသားများဖြစ်ကြသည်။ များ သောအားဖြင့် ၄င်းတို့သည် ဆွီစ်ဇာလန်နိုင်ငံ၏ St. Gallen၊ Valais နှင့် the canton of Lucerne အပိုင်းတို့မှပိုများ သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3xPnCMX

Add new comment

8 + 8 =