ဗာတီကန်၌စိုက်ထူမည့် ခရစ္စ မတ်သစ်ပင်ရောက်ရှိ

ဗာတီကန်၌စိုက်ထူမည့် ခရစ္စ မတ်သစ်ပင်ရောက်ရှိ

ဗာတိကန်ရှိ စိန့်ပီတာရင် ပြင်တွင် အလှဆင်စိုက်ထူမည့် ခရစ္စမတ်ထင်းရှူးပင်သည် ရောမမြို့သို့ရောက်နေပြီဖြစ် သည်။ ထိုအပင်သည် စလိုဗေးနီးယားအရှေ့မြောက်ဒေသမှဖြစ်သည်။ အလေးချိန် ခုနစ်တန်ရှိပြီး ၇၅ နှစ်သက်တမ်းရှိသော ထိုထင်းရှူးပင်ကြီးကို ဒုတိယကမ္ဘာစစ်အပြီးတွင် စိုက်ပျိုးခဲ့သည်။

ဗာတီကန်ဆိုင်ရာ စလိုဗေးနီးယားသံအမတ်ကြီးက ထိုသစ်ပင်အား"ငြိမ်းချမ်းသော ဘဝစတင်ခြင်းအထိမ်း အ မှတ်" ဟူတင်စားခဲ့သည်။

ယခုအချိန်တွင် အမြင့်မီတာ ၃၀ ရှိသော ထိုထင်းရှူးပင်သည် စလိုဗေးနီးယားနိုင်ငံလွတ်လပ်ရေးရသည့် နှစ်ပေါင်းသုံးဆယ်ပြည့်အ ထိမ်းအမှတ်ကိုလည်း ရည်ညွှန်းသည်။

သံအမတ်ကြီးက "ဤအရာသည် စလိုဗေးနီးယားအတွက် ကျေးဇူးတော်ဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် ဗာတီကန်ရင် ပြင်အတွက် ခရစ္စမတ်သစ်ပင် ပေးပို့ခွင့်ရသည့်အတွက် အ လွန် ဂုဏ်ယူဝမ်းမြောက်ကြောင်း"ပြောကြားခဲ့သည်။

ထိုခရစ္စမတ်သစ်ပင်တွင် အလှဆင်မီးသီးများကို ဒီဇင် ဘာ၁၁ရက်နေ့မှစ၍ ဖွင့်မည်ဖြစ်ပြီး ၂၀၂၁၊ဇန်နဝါရီ၁၀ရက်နေ့အထိ စိန်ပီတာရင်ပြင်တွင် ဆက်လက်ထားရှိမည်ဖြစ် သည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of: Crux Now

https://bit.ly/2VxMxmp

Add new comment

5 + 3 =