ဗာတီကန်အတွက် ဒိုမီနီကန်သမ္မတနိုင်ငံ၏သံအမတ်သစ်ခန့်အပ်

ဗာတီကန်အတွက် ဒိုမီနီကန်သမ္မတနိုင်ငံ၏သံအမတ်သစ်ခန့်အပ်

            Luis Emilio Montalvo သည် ဗာတီကန်အတွက် ဒိုမီနီကန်သမ္မတနိုင်ငံ၏သံအမတ်သစ် ဖြစ် သည်။ သံအမတ်သစ်သည် ယခင်အာဂျင်တီးနားနိုင်ငံအတွက် သံအမတ်အဖြစ်တာ၀န်ထမ်းဆောင် နေစဉ်က ရဟန်းမင်းကြီး ဖရန်စစ်အား Buenos Aires ဂိုဏ်းချုပ်ဆရာတော်အဖြစ် ပထမအကြိမ်တွေ့ ဆုံခဲ့ဖူးသည်။ ယခုတစ်ကြိမ် ၌မူ ဂိုဏ်းချုပ်ဆရာတော်အဖြစ်မဟုတ်တော့ဘဲ ကက် သလစ်သာသနာ တော်ကြီးတစ်ခုလုံးကို ဦးဆောင်ရသောရဟန်းမင်းကြီးအဖြစ်ပြန်လည်တွေ့ဆုံရပြန်သည်။ ယခင် လည်းတွေ့ဆုံဖူး ခဲ့ပြီး၊ နှစ်ပေါင်းများစွာ‌ဝေးကွာပြီးမှပြန်လည်ဆုံတွေ့ရသောကြောင့် ရဟန်းမင်းကြီး ဖရန်စစ်က ‘နှစ်ပေါင်းများစွာမတွေ့ရဘဲ အခု မှပြန်ဆုံရလို့၀မ်းသာပါတယ်’ ဟုကြိုဆိုနှုတ်ခွန်းဆက် စကားဆိုလိုက်သည်။

သံအမတ်သစ်သည်စိတ်ပိုင်းဆိုင်ရာဆရာ၀န်ဖြစ်ပြီး၊ဆေးပညာအတွေ့အကြုံများစွာရှိသူဖြစ်သည်။ ရဟန်းမင်းကြီးအားလာရောက်ဂါရ၀ပြုစဉ် လက်ဆောင်အဖြစ် ဗာတီကန်နှင့်ပတ် သက်၍သူ၏ ထင်မြင်ယူဆချက်များကိုရေးသားထားသည့် အတွေးပေါင်းချုပ်ကိုလက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်။ ဤဆောင်းပါး များသည် ‘(၂၀၁၃-၂၀၂၁) ခုနှစ်အတွင်းအမှုထမ်းနေသော ရဟန်းမင်းကြီးဖရန်စစ်၏ အကြောင်းများဖြစ်သည်။

စာအုပ်၏ခေါင်းစဉ် ကို ‘ရဟန်းမင်းကြီးဖရန်စစ်၏ အကောင်းကိုပြောပါသလော’ ဟုပေးထား သည်။ ရဟန်းမင်းကြီးဖရန်စစ်ကလည်း သူ့အတွက်အမှတ် တရအဖြစ်ထုတ်‌ဝေသောဆွဲပြားနှင့်သူ ရေးသားခဲ့သော အရေးကြီးသည့်စာချွန်တော်များကို လက်ဆောင်အဖြစ်ပြန်လည်ပေးအပ်ခဲ့ သည်။ ထို့နောက် ရဟန်းမင်းကြီးသည် သံအမတ်၏မိသားစုနှင့် အတူသံအမတ်၏မိခင်နိုင်ငံအတွက်ဆုတောင်း ပေးခဲ့သည်။ သံအ မတ်အနေဖြင့် သူမတိုင်မီကတာ၀န်ထမ်းဆောင်ခဲ့ပြီး၊ မိခင်နိုင်ငံသို့ပြန်သွားသော သံအမတ်ဟောင်း Eunisis Vasquez ၏လုပ်လက်စ အလုပ်များကိုဆက်လက်လုပ် ဆောင်ရမည် ဖြစ် သည်။ 

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

https://youtu.be/YJTXq0l0nvU

Add new comment

6 + 6 =