ဗာတီကန်အတွက်ကိုးဗစ်ကာကွယ်ဆေးသတင်း ကောင်း တခုထွက်ရှိဟုဆို

ဗာတီကန်အတွက်ကိုးဗစ်ကာကွယ်ဆေးသတင်း ကောင်း တခုထွက်ရှိဟုဆို

ဗာတီကန်အတွင်းအမူထမ်းနေကြသော၀န်ထမ်းများအ တွက် ကိုးဗစ်ကာကွယ်ဆေးသည် မကြာမီရက်ပိုင်းအတွင်း ထိုးနှံပေးတော့မည်ဖြစ်သည်။

အတိအကျပြောရလျှင် ကာ ကွယ်ဆေးသည်ဇန္န၀ါရီလ ၏ ဒုတိယအပတ်ထဲတွင်ရောက်ရှိလာ မည်ဖြစ်သည်။ ကာကွယ် ဆေးအရေအတွက်မှာ ဗာတီကန်၀င်းအတွင်းမှီးတင်းနေ ထိုင်ကြသူတိုင်းအတွက်အလုံ အလောက် မှာယူထား ကြောင်း ဗာတီကန်၏ ကျန်း မာရေး၀န်ကြီးဌာန၏ညွှန်ကြားရေးမူးက ပြီးခဲ့သောစနေနေ့ကပြောကြားခဲ့သည်။

ရောက်ရှိလာမည့်ကာကွယ် ဆေးများကိုသိုလှောင်ရန်အတွက်လည်း ရေခဲသေတ္တာများကိုပြင်ဆင်ထားပြီဖြစ် ကြောင်း၊ ပထမ ဦးစားပေးထိုးနှံမည့်သူများမှာ ရောဂါကူးစက်ခံရနိုင်ဖွယ်အရှိဆုံးအနေ အထားရှိသူများအားဖြစ်ကြောင်း၊ ထို့ကြောင့်ရော ဂါ အမျိုးမျိုးရှိသောလူနာများနှင့်ထိတွေ့ရသောကျန်းမာ ရေး၀န်ထမ်းများ၊ သက်ကြီးရွယ်အိုများနှင့်လူစုလူဝေးနှင့်မကြာခ ဏထိတွေ့ရသောသူ များဖြစ်ကြသည်။

ကာကွယ်ဆေးထိုးခြင်းကိုမူ ရဟန်းမင်းကြီးပေါလ် (၆) ၏ခန်းမကြီးအတွင်း၌ပြုလုပ် မည်ဖြစ်သည်။ ထိုးနှံပေးကြမည့်သူများမှာလည်း ကျန်းမာ ရေးဌာန၏ ကူးစက်ရောဂါနှင့်စပ်လျင်း၍နှံ့စပ် ကျွမ်းကျင်သောဆ ရာ၀န်များနှင့်သူနာ ပြုများသာဖြစ်ကြသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : ANSA

https://bit.ly/2XhgjMR

Add new comment

1 + 1 =