ဗာတီကန်သို့လာရောက်လည်ပတ်သူများ ကိုဗစ် (၁၉) ကာကွယ်ဆေးထိုးထားပြီးသူများဖြစ်ရန်လိုအပ်

ဗာတီကန်သို့လာရောက်လည်ပတ်သူများ ကိုဗစ် (၁၉) ကာကွယ်ဆေးထိုးထားပြီးသူများဖြစ်ရန်လိုအပ်

            ဗာတီကန်သို့လာရောက်လည်ပတ်ကြမည့်သူများနှင့်၀န်ထမ်းများအားလုံး ကိုဗစ် (၁၉) ကာကွယ်ဆေးထိုးပြီးသူ၊ သို့မဟုတ်ကိုဗစ် (၁၉) ကူးစက်ခံပြီးနောက် ပြန်လည်ကျန်းမာလာသူ၊ သို့မဟုတ် ဆေးစစ်ရာတွင် နက်ဂတစ်ဖ် အဖြေထွက်ခဲ့သူဖြစ် ကြောင်း ဗာတီကန်မှသော်လည်းကောင်း၊ သို့မဟုတ် လာရောက်လည်ပတ်သူတို့၏ မိခင်နိုင်ငံမှသက်သေကိုပြနိုင်ရမည်။ အ ဘယ်ကြောင့်ဆိုသော် အောက်တိုဘာလ (၁) ရက်နေ့မှစ၍ ကမ္ဘာတစ် ဝှမ်း မှလာရောက် လည်ပတ်သူများအား ပြန်လည်ဖွင့် လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ (၂၀) ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။     

            ဗာတီကန်၏အုပ်ချုပ်ရေးမှူးဖြစ်သော ကာဒီနယ် Giuseppe Bertello က ရဟန်းမင်းကြီးဖရန်စစ်က  ကိုးဗစ်ကူး စက်မြန်ရောဂါ ပျံ့ပွားမူကိုထိန်းချုပ်ရန် လိုအပ်သောကြိုတင်ပြင်ဆင်မှုများအားလုံးကိုပြုလုပ်ထားရန် မေတ္တာရပ်ခံသောကြောင့် ယခုကဲ့သို့ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

            ကက်သလစ်ဘာသာတူများအနေဖြင့် ဗာတီကန်၌ပူဇော်သောမစ္ဆားများပါ၀င်ပူဇော်နိုင်ရန်မှာ ကာကွယ်ဆေးထိုးနှံပြီးသူ များသာပါ၀င်နိုင်ခွင့်ပြုထားသည်။ မစ္ဆားတရားပါ၀င်ပူဇော်နိုင်သော်လည်း ကျန်းမာ‌ရေးအကာအကွယ်ကိုမူ ၀ိနည်းတော်နှင့် ဆန့်ကျင်မှုမဖြစ်ယူရပေမည်။ ကိုဗစ် (၁၉) ကာကွယ်ဆေးထိုးနှံပြီးသူများကိုင်ဆောင်ထားသောကဒ်ကို ‘Green Pass’ ဟုခေါ် သည်။ ထိုသက်သေခံအထောက်အထားသည် (၆) လအတွင်းကအထောက်အထားဖြစ်ရမည်။ အီတလီအစိုးရကလည်း ‘Green Pass’ ကိုအသိအမှတ်ပြုလိုက်ပြီး၊ အောက် တိုဘာလ (၅) ရက်နေ့မှစ၍ ပုဂ္ဂလိကဖြစ်စေ၊ လူအများနှင့်ထိတွေ့ရသော သူများ ဖြစ်စေ ဤအာမခံကဒ်ပြားကိုင်ဆောင်ထားကြရမည်သတ်မှတ်လိုက်သည်။ ဤအာမခံကဒ်ပြားမရှိသောသူများသည် အလုပ်မှ ယာယီရပ်ဆိုင်းထားခံရဖွယ်ရှိကြောင်း၊ သို့မဟုတ်ဒဏ်ငွေဆောင်ရဖွယ်ရှိကြောင်း၊ ဒဏ်ငွေမှာအမေရိကန်ဒေါ်လာ (၁၈၀၀) ဖြစ် သည်။ ဩဂုတ်လ (၁) ရက်နေ့မှစ၍ အီတလီနိုင်ငံ၌ အခန်းများ၊ စားသောက်ဆို်ငများ၊ ပြတိုက်များကဲ့သို့သော လူသွားလူလာထူ ထပ်သည့်နေရာသို့သွားလာလျှင် ကိုးဗစ်ကာကွယ်ဆေးထိုးထားပြီးကြောင်း အထောက်အထားလိုအပ်သည်။ စက်တင်ဘာလမှစ ၍ အဆိုပါအထောက်အထားသည် နိုင်ငံအတွင်းခရီးသွားလာရန်အတွက်လည်း မရှိမဖြစ်လိုအပ်လာသည်။ အချို့အလုပ်ရုံများ ဆေးရုံများနှင့်စာသင်ကျောင်းများတွင်တောင်းဆိုလာကြသည်။

            ဗာတီကန်သို့လာရောက်လည်ပတ်မည်သူများနှင့်၀န်ထမ်းများကိုဗစ် (၁၉) ကာကွယ်ဆေးထိုးနှံရန်လိုအပ်ကြောင်း ကြေညာချက်ကို စက်တင်ဘာလ (၁၈) ရက်နေ့ကလက်မှတ်ရေးထိုးကြေညာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အီတလီအစိုး ရအနေဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကို ပု ဂ္ဂ လိက ဖြစ်စေ၊ အများနှင့်ဖြစ်စေ ထိုးနှံပေးနေသောကြောင့် ယခုကဲ့သို့သတ်မှတ် တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ဤသက်သေအထောက်အထားများကိုစစ်ဆေးရန်မှာ ဗာတီကန်ရဲများကလုပ်ဆောင် မည်ဖြစ် သည်။ ဤကြေညာချက်ကိုမထုတ်ပြန်မီ ရဟန်းမင်းကြီးဖရန်စစ်သည် (စက်တင်ဘာ ၇) ရက်က ဗာတီကန်၏အုပ်ချုပ်ရေးမှူး ကာဒီနယ် Bertello နှင့်တွေ့ဆုံပြီး၊ လိုအပ်ချက်တစ်ခုအဖြစ် လာရောက်လည်ပတ်သောဧည့်သည်တော်များအတွက် သတ် မှတ်လိုက်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အခြားသောဧည့်သည်တော်များဂုဏ်သိက္ခာ၊ အခွင့်အရေးနှင့်အခြေခံကျသော လွှတ်လပ်မူကိုလေးစားသောအားဖြင့်သတ်မှတ်ခြင်းဖြစ်သည်။ အောက်တိုဘာ (၁) ရက်နေ့မှစ၍ ဤကြေညာချက်သည် အကျုံး ၀င်မည်ဖြစ်သည်။ ထို့အတူ ဖလောရင်စ်မြို့ရှိ ဘုရားကျောင်းကြီး၊ ဗင်းနစ့်မြို့ရှိ စိန့်မာခ်ဘာစီးလီကာနှင့်အီတလီနိုင်ငံတစ်၀ှမ်း ရှိ သမိုင်း၀င်သော ဘုရားကျောင်းကြီးများသို့၀င်ရောက်လည်ပတ်ရန် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း အထောက်အ ထားပြနိုင်ရန်လိုအပ်ပါသည်။

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်        

https://bit.ly/3u2wnln

Add new comment

1 + 0 =