ဗာတီကန်သည် (၂၀၂၅) ခုနစ် ‘မျှော်လင့်ခြင်းဘုရားဖူးဂျူဗလီနှစ်’ အတွက် ဆောင်ပုဒ် ကိုတရား၀င်ကြေညာပြီ

ဗာတီကန်သည် (၂၀၂၅) ခုနစ် ‘မျှော်လင့်ခြင်းဘုရားဖူးဂျူဗလီနှစ်’ အတွက် ဆောင်ပုဒ် ကိုတရား၀င်ကြေညာပြီ

ဗာတီကန်သည် (၂၀၂၅) ခုနစ် ‘မျှော်လင့်ခြင်းဘုရားဖူးဂျူဗလီနှစ်’ အတွက် ဆောင်ပုဒ် ကိုတရား၀င်ကြေညာပြီ

 

            ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် (၂၀၂၅) ခုနှစ် “မျှောင်လင့်ခြင်းဘုရား ဖူးဂျူဗလီနှစ်”အတွက် ကျင်းပရသည့်ရည် ရွယ်ချက်ကိုဖော်ညွှန်းသော ‘ဆောင်ပုဒ်’ ကိုတရား ၀င်ခွင့်ပြုလိုက်ပြီဖြစ်သည်။ ရဟန်းမင်းကြီး၏ ဧဝံဂေလိသတင်း ကောင်းကို နည်းလမ်းသစ်များဖြင့် ကြေညာဟောပြော ရေးရုံးတော်၏ဥက္ကဌဖြစ်သူက ‘(၂၀၂၅) ဂျူဗလီနှစ်အတွက် ရဟန်းမင်းကြီးအဖြစ်ချင်ဆုံးကား အနှစ်သာရှိသောအကောင်းဆုံးလမ်းဖြစ်ရေးဖြစ်သည်’ ဟုဇန္န၀ါရီလ (၃) ရက်နေ့၊ ရဟန်းမင်းကြီးနှင့်တွေ့ဆုံခဲ့အပြီး ဂိုဏ်းချုပ်ဆရာတော် Rino Fisichella ကပြောကြားသည်။

ဂျူဗလီ၏ဆောင်ပုဒ် ကား တိုတိုတုတ်တုတ်နှင့်စကားလုံးသာဖြစ်ကြောင်း၊ ၄င်းမှာ ‘Pilgrims of hope’ (မျှော်လင့်ခြင်း၏ဘုရားဖူးများ) ဟု ဖြစ်ကြောင်း၊ တိုတိုတုတ်တုတ်ဖြစ်သော်လည်း လိုရင်းတိုရှင်း သောဆောင်ပုဒ်ဖြစ်ကြောင်း၊ ကျင်းပလာခဲ့သော ဂျူဗလီပွဲများကဲ့သို့ ဂျူဗလီပွဲ၏ ‘၀ိညာဉ်ရေးခရီးစဉ်’ ကိုချုံငုံထားကြောင်း၊ ယခုရွေးချယ်ထားသော ‘pilgrims and hope’ (ဘုရားဖူးများနှင့်မျှော်လင့်ခြင်း) စကားနှစ်လုံးသည် ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ရဟန်းမင်းကြီးအမှုတော်ကို ကိုယ်စား ပြုပုံဖော် နေခြင်းဖြစ်ကြောင်း၊ ပွဲကျင်းပရန်ကျန်ရှိသော နှစ်နှစ်အချိန်ကာလအတွင်း၌ ပွဲတော်အတွက်ပြင်ဆင်စရာ များလှကြောင်း၊ အဓိကမှာ ကျစ်လစ်သောပြစ်ဆင်ခြင်းမျိုးဖြစ်ရန်လိုအပ်ကြောင်း၊ သို့မှသာ တာ၀န်ယူထားသောအဖွဲ့ အစည်းအသီးသီးသည် ချောမောစွာလည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ စတင်အကောင်အထည်ဖော်ရန်အတွက် ရဟန်းမင်းကြီးထံမှ အသေးစိပ်ညွှန်ကြားချက် ကိုစောင့် နေကြောင်း၊ လုပ်ဆောင်ရန်အချို့ကိုမူစတင်နေပြီဖြစ်ကြောင်း၊ အဓိ ကထားလုပ်ဆောင်မည်မှာ ဤဂျူဗလီနှစ်အတွက် အုံနှင့်ကျင်းနှင့်ကမ္ဘာတစ်လွှားမှရောက်လာကြမည့် ဘုရားဖူးများ အားရောမမြို့၌ အဆင်ပြေလုံခြုံစွာနေရာချထားရေးဖြစ်ကြောင်း၊ ထို့အတူ ဤနှစ်နှစ်အတွင်း၌ ကိုးဗစ် (၁၉) နှင့်ပတ် သက်သောကျန်းမာရေးတားမြစ်ချက်များလည်းမရှိတော့ဟုမျှော်လင့်ပါကြောင်း၊ လားဇီယိုခရိုင်၊ ရောမမြို့၏စည်ပင် သာယာရေးနှင့်လည်းကောင်း၊ အီတလီအစိုးရနှင့်လည်းကောင်း ချိပ်ဆက်လုပ် ဆောင်ရန်ရှိကြောင်း၊ အဘယ်ကြောင့် ဆိုသော် ဘုရားဖူးများ၏လုံခြုံရေး အပြည့်အ၀ရှိရေး နှင့်ဘုရားဖူးများအားလက်ခံထားရှိနိုင်ရေးသည် အဓိကလိုအပ် ချက်ဖြစ်ကြောင်းပြောကြားခဲ့သည်။

 

ဂျူဗလီနှစ်

 လွန်ခဲ့သော (၂၀၁၅) ခုနှစ်ကို ‘ထူးခြားသောသန့်ရှင်းသည့်သနားခြင်းကရုဏာနှစ်’ အဖြစ် ရဟန်းမင်းကြီးဖရန် စစ်ကအစပြုခဲ့သည်။ လာမည့် ပွဲကိုလည်း (၂၅) နှစ်ကြာ ဟူ၍ကျင်းပမည်ဖြစ်သည်။ မဟာဂျူဗလီကို (၂၀၀၀) ခုနှစ်ကကျင်းပခဲ့သည်။ ထိုဗဟာဂျူဗလီနှင့်အတူ ကမ္ဘာကြီးတစ်ခု လုံးကလည်း ကောင်း၊ ကက်သလစ်သာသနာတော် ကြီးကလည်းကောင်း ထောင်စုနှစ်အသစ်တစ်ခုကို  ခြေချရန်ဆိုင်း ပြင်းပြင်ဆင်ခဲ့ကြသည်။ ဂျူဗလီနှစ်သည် ထူးခြား သောကျေးဇူးတော်ခံစားရာနှစ်ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ထိုနှစ်များ၌ အမိသာသနာတော်ကြီးသည် ဘာ သာတူများအား ထူးခြား သော အခွင့် အရေးဖြစ်သည့် ‘အင်ဒူဂျင်းသျှာ’ (အပြစ်ဒဏ်ခွင့်လွတ်ခြင်းကောင်းကြီး) များပေး သည်။ အစဉ် အလာအရ ဂျူဗလီနှစ်ကို ခရစ္စမတ်မတိုင်မှီ၌တင်၍ နောက်တစ်နှစ် မင်းသုံးပါးပွဲမတိုင် မှီအဆုံး သတ် လေ့ ရှိသည်။ ရဟန်းမင်းကြီးသည် ဂျူဗလီပွဲတိုင်းကို စိန့်ပီတာဘာစီးလီကာ ဘုရား ကျောင်း တော်ကြီး၏ ဂျူဗလီတံခါးကြီးကိုခမ်း နားစည်ကားစွာဖွင့်ခြင်းဖြင့်အစပြု၍ အခြားသော ဘာစီး လီကာများ ဖြစ်ကြသော စိန့်ဂျွန်လေတာရင်၊ ရောမမြို့ပြင်ရှိ စိန့်ပေါလ်နှင့်စိန့်မေရီ မေဂျာ ဘာစီး လီကာဘုရား ကျောင်းမှ ဂျူဗလီတံခါးများကိုလည်းဖွင့်လှစ်ပေးထားသည်။ ထိုဂျူဗလီတံခါးများကို ဂျူဗလီ နှစ်ကုန်ဆုံး သည့် နောက်ဆုံးအချိန်ထိဖွင့်ထားပေးလေ့ရှိသည်။ မိမိ၏အပြစ်အတွက်  စုံလင် သောနာကြင်ခြင်းစွဲ၍ ထိုဂျူဗလီတံခါးမှ၀င်သွားပါက အပြစ်ခွင့်လွတ်ခြင်းချမ်းသာရသည်။ ထိုသို့သော ထူးခြား သည့်အပြစ် ခွင့်လွတ်ခြင်းချမ်းသာသည် ဆေးကြောခြင်းမဂ်လာခံယူစဉ်ကကဲ့သို့သော ၀ိညာဉ်ရေးအခြေအနေသို့ပြန် လည်ရောက်ရှိသွားသည်။ ဂျူဗလီတံခါးသည် ကောင်းကင်နိုင်ငံ တော်တံခါးပင်ဖြစ်သည်။   

 

အာဗီအေ ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3FywSHN

Add new comment

2 + 2 =