ဗာတီကန်သည် အိမ်ရာမဲ့အ ယောက် (၁၀၀) အတွက်ကိုးဗစ် ကာ ကွယ်ဆေးစီစဉ်ပေးထား

ဗာတီကန်သည် အိမ်ရာမဲ့အ ယောက် (၁၀၀) အတွက်ကိုးဗစ် ကာ ကွယ်ဆေးစီစဉ်ပေးထား

ပြီးခဲ့သော ဗုဒ္ဓဟူးနေမွန်းလွဲပိုင်းက ပထမဆုံးအသုတ်အ ဖြစ် မာသာရ်ထရေးဇာသီလ ရှင်များမှစောင့် ရှောက်ထားသော အိမ်ရာမဲ့အယောက် (၁၀၀) ကျော်နှင့်အခြားသာ သနာပိုင်အဆောင်များ၌ခိုကိုးနေသောအိမ်ရာမဲ့များကို ကာ ကွယ်ဆေးထိုးနှံပေးခဲ့ သည်။

ရဟန်းမင်းကြီး၏ကရုဏာရေးလုပ်ငန်းရုံးတော်မှ ရဟန်း မင်းကြီးဖရန်စစ်၏ လူတိုင်းကိုးဗစ်ကာ ကွယ်ဆေးထိုးနှံနိုင်စေရမည် ဟူသော မေ တ္တာရပ်ခံချက်ကိုတုန့်ပြန်သည့်အနေဖြင့် ချို့တဲ့နွမ်းပါးသူ (၁၂၀၀) ဦးအားကိုးဗစ်ကာ ကွယ်ဆေးထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

ယခုထိုးနှံသောကာကွယ်ဆေးသည် Pfizer-BioNTech အမျိုးအစားဖြစ်သည်။ ရဟန်း မင်းကြီးနှင့်ဗာတီကန်ရုံးတော်အတွင်းအ မှုထမ်းနေသောသူ များအားထိုးနှံခဲ့သောကာ ကွယ်ဆေးအမျိုးအစားဖြစ် သည်။ ကာကွယ်ဆေးကို ရ ဟန်းမင်းကြီးပေါလ် (၆) ၏ ခန်းမ ၌ထိုးနှံခဲ့သည်။

ရဟန်းမင်းကြီး၏ ကရုဏာရေးလုပ်ငန်းရုံးတော်တာ၀န်ခံ ကာဒီနယ် Konrad Krajewski ကိုယ်တိုင် ဗုဒ္ဓဟူးနေ့ မွန်း လွဲပိုင်း၌ ကာကွယ် ဆေးလာရောက်ထိုးနှံသူများအား အဆိုပါအိမ်ရာမဲ့များအားကြိုဆိုခဲ့သည်။

ဗာတီကန်သတင်းပြန် ကြားရေးရုံး တော်က လာမည့်ရက်များ၌လည်းအခြားသောအဖွဲ့များက ကာကွယ်ဆေးထိုးကြမည်ဖြစ်ကြောင်း၊ စိန့်အီဂျီးဒီယို၊ ကာရီတာစ့်ရောမ၊ မာသာထရေးဇာသီလရှင်များနှင့်အ ခြားသောအဖွဲ့အစည်းများကကူညီပေးကြမည်ဖြစ်ကြောင်းကြေညာချက်တစ် စောင်ထုတ်ပြန် ထားပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Straits time/google images

https://bit.ly/3ufnyTX

Add new comment

2 + 7 =