ဗာတီကန်သည်ယူကရိန်နိုင်ငံ ဆောင်းရာသီအတွက်အ၀တ်အစားများအလှူခံ

ဗာတီကန်သည် ယူကရိန်နိုင်ငံအတွက် ဆောင်း ရာသီအတွက်အ၀တ်အစားများအလှူခံ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ကရုဏာရေးလုပ်ငန်းကိုကြီးကြပ်ရ သောကာဒီနယ် Konrad Krajewski မှကမ္ဘာတစ်လွှားရှိကက်သလစ်ဘာသာတူများထံသို့ အသနားခံစာတစ်စောင်ကိုရေးသား ပေးပို့လိုက်သည်။

ထိုစာ၌ ရုရှား၏ကျူးကျော်စစ်ကိုခါးစည်းခံနေရသော စစ် ဘေးသင့်ယူကရိန်းပြည်သူတို့အတွက် ဆောင်းတွင်း၀တ်အကျီများလှူဒါန်းပေးကြပါရန်ပန်ကြားထားပါသည်။

အဘယ် ကြောင့်ဆိုသော် စစ်ကြောင့် လောင်စာများပြတ်တောက်ခြင်း၊ ဆုံးရှုံးခြင်း၊ ဖြတ်တောက်ခံရခြင်းများကြောင့် အရိုးကွဲ၊ ချင်စီခဲမတတ်အေးသော အ ေရှ့ဥ ရောပ၏ ဆောင်းရာသီကိုခံစားနေရ သော အ ေနွးဓာတ်ပေးရန်မဆိုထားနှင့်ထမင်းဟင်းချက်စားရန်ပင်ခက်ခဲ ေနကြ သော ယူကရိန်းနိုင်ငံသားများအတွက်ပန်ကြားထားခြင်းဖြစ်သည်။

တစ် နေကုန်နီးပါး လျှပ်စစ်မီးမရကြောင်း ချက်ပြုတ်ရာ၌၊ လောင်စာများကိုလိုအပ်၍အသုံးပြုရာ၌အလွန် ခြွေတာ၍အသုံးပြုရ ကြောင်းဖြင့် ယူကရိန်းနိုင်ငံ ကရုဏာရေးရုံး၏ အထွေထွေ အတွင်းရေးမှူးဖြစ် သော ဖာသာရ် VYACHESLAV GRYNEVYCHက ပြော သည်။

ကာဒီနယ်ကဆက်လက်၍ ခရစ္စမတ်ကာလ၌စစ် ဘေးသင့်ယူကရိန်းပြည်သူများ အ အေးဒဏ် ဘေးမှကင်းဝေးနိုင်ရေး ကူညီပေးကြရန်၊ ကူညီလှူဒါန်းလိုသူများအ နေဖြင့်ဗာတီကန်၏ရုံး၌ဖွင့် လှစ်ထားသောစိန့်အီဂျီးဒီအိုရုံး၌မိမိတို့အားဆက်သွယ်နိုင် သောလိပ်စာများကိုချန်ထားနိုင် ကြောင်းနှင့်ဆောင်းးတွင်း၀တ်အ၀တ်အစားများကိုလက်ခံနေကြောင်း ထိုအလှူပစ္စည်းများလက်ခံရရှိပြီးသည်နှင့်ယူကရန်းမြို့တော် Lviv သို့အမြန်ဆုံးပေး ပို့မည်ဖြစ်ကြောင်း ပြောကြားထားသည်။

ကာဒီနယ် သည် ရုရှား၏ကျူးကျော်စစ်စတင်သည့်အချိန်မှစ၍ ယူကရိန်းနိုင်ငံသို့ ရဟန်းမင်းကြီး၏ကိုယ်စားလှယ်အဖြစ်လည်း (၄) ကြိမ်တိုင်တိုင်သွားရောက်၍အခြေအနေအမှန်ကိုလည်းကိုယ်တိုင်ကိုယ်ကျမြင်တွေ့ကြားသိကြုံခဲ့သူလည်းဖြစ်သည်။

ယူကရိန်းနိုင်ငံအတွက် ရဟန်းမင်းကြီးဖရန်စစ်မှလှူဒါန်းသော လူနာတင်ယာဉ်ကိုလည်းယူသွားပေးခဲ့ပြီးဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3uEBr0b

Add new comment

3 + 3 =