ဗာတီကန်ရေဒီယိုအသံလွှင့်ခဲ့သည့်နှစ် (၉၀) ပြည့်နှစ်ပတ်လည်ပွဲကျင်းပမည်။

ဗာတီကန်ရေဒီယိုအသံလွှင့်ခဲ့သည့်နှစ် (၉၀) ပြည့်နှစ်ပတ်လည်ပွဲကျင်းပမည်။

ဗာတီကန်ရေဒီယိုအသံလွှင့်ခဲ့သည့်နှစ် (၉၀) ပြည့်နှစ်ပတ်လည်ပွဲကျင်းပမည်။

            ဗာဒီကန်ရေဒီယိုဌာနကို ရဟန်းမင်းကြီးပီအုစ် (၁၁) က (၁၉၃၁၊ ဖေဖော်၀ါရီလ၊ ၁၂) ရက်နေ့ကကောင်းကြီးပေးဖွင့်လှစ်ခဲ့ သည်။  တည်ထောင်ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာစေရန် ကမ္ဘာတစ်၀ှမ်းရှိလူသားများ ဧ၀ဂေလိအသံတော်နှင့်ရဟန်းမင်းကြီး ၏သွန်သင်ချက်များကိုလူများကိုကြားသိ ခွင့်ရရန်ဖြစ်ပါသည်။ ဒီဇိုင်းနှင့်တည်ဆောက်မူမှာ Guglielmo Marconi ၏အတွေးစိတ် ကူးဖြစ်သည်။ သူသည်ပထမဦးဆုံးရေဒီယိုအသံလွှင့်စနစ်ကိုစီးပွားရေးစျေးကွက်သို့အောင်မြင်စွာထိုးဖောက်အောင်စွမ်း ဆောင်နိုင်ခဲ့သူဖြစ်သည်။  ဤအသံလွှင့်ဌာနကိုထိုအချိန်မှစ၍ (၂၀၁၇) ခုနှစ်အထိ ဂျက်ဆွီစ်ဘုန်းတော်ကြီးအသင်းမှတာ၀န် ယူထုတ်လွှင့်ခဲ့သည်။  ယခုနှစ်သည်နှစ်ပေါင်း (၉၀) ပြည်ပြီဖြစ်သည်။ ဗာတီကန်ရေဒီသည် ဘာသာစကား (၄၁) အမျိုးအ ထိလွှင့်ထုတ်လျှက်ရှိပြီး၊ သမိုင်းမှတ်တိုင်သစ်တစ်ခုကိုထပ်မံစိုက်ထူနိုင်ရန်ခေတ်သစ်နည်းပညာကွန်ရက်များဖြင့်လည်း (၂၄) နာရီထုတ်လွှင့်နိုင်ရန်လုပ်ဆောင် လျှက်ရှိပါသည်။    

          ထုတ်ပြန်ကြေငြာချက်ထဲ၌ ဗာတီကန်ရေဒီယိုဌာန၏ညွှန်ကြားရေးမှူးက ယခုကဲ့သို့နှစ်ပေါင်းများစွာရပ်တည် နိုင်မူနှင့်ဗာတီကန်ရေဒီယို၏၀န်ထမ်းများသည် နိုင်ငံပေါင်း (၆၉) နိုင်ငံမှဖြစ်ကြောင်း၊ သမိုင်း၀င်သောဤနှစ်ပတ်လည်နေ့ ကိုဤသို့သမိုင်း၀င်ဖြစ်လာစေရန်စတင်ကြိုးစားပေးခဲ့ကြသောသူအားလုံးနှင့်အနာဂါတ်ကိုလှမ်းမျှော်၍လုပ်ဆောင်နေသူ များအားလုံးကိုကျေးဇူးတင်သည့်အနေဖြင့်ကျင်းပခြင်းဖြစ်ကြောင်း၊ ရေဒီယိုအသံလွှင့်ဌာနအနေဖြင့်သူ၏မူလရည်ရွယ်ချက် မှလည်းသွေဖီမသွားဘဲဆက်လက်ရပ်တည်ထုတ်လွှင့်နေကြောင်း၊ ရဟန်းမင်းကြီးတို့၏မိန့်ခွန်းများ၊ ဩ၀ါဒများကိုဒုတိ ယကမ္ဘာစစ်မီးလျှံကြား၊ ဖက်စစ်စနစ်နှင့်ကွန်မြူနစ်စနစ်တို့ကြီးစိုးချိန်များ၌လည်းမကြောက်မရွံ့ဘဲထုတ်လွှင့်ပေးနိုင်ခဲ့ကြောင်း၊ ရေဒီယိုအသံလွှင့်ဌာနသည် (၂၀၁၇၊ ဇန္န၀ါရီလ၊ ၁) ရက်နေ့မှစ၍ဌာနတစ်ခုအဖြစ်သတ်မှတ်လိုက်ပြီး၊ ဗာတီ ကန်၏သတင်းများ၊ အမိသာသနာတော်ကြီး၏သမိုင်းနှင့်ရဟန်းမင်းကြီး၏သွန်သင်ချက်ဆိုင်ရာလုပ်ပိုင်ခွင့်များကိုကျယ် ကျယ်ပြန့်ပြန့်ထုတ်လွှင့်ပေးနိုင်ခဲ့ကြောင်း၊  သမိုင်း၀င်နှစ်ပတ်လည်အားကိုးဗစ်ကူးစက်ရောဂါကျရောက်နေသောကာလ၌ ကျင်းပရသော်လည်းအဘယ်သူအားမျှချန်လှပ်ထားခြင်း၊ ရဟန်းမင်းကြီး၏အသံ၊ သတင်းအချက်အလက်များနောက်ကျ ကျန်ခဲ့ခြင်းမဖြစ်စေလိုကြောင်း၊ ထို့ကြောင့်လက်ရှိအနေအထားသည်တောင်းဆိုမူပို၍ကြီးမားကြောင်း၊ အသံလွှင့်ဌာနအနေ ဖြင့်ပြီးခဲ့သောနှစ်၌လူသားအချင်းချင်းတစ်စိတ်တစ်၀မ်းတည်းထား၍၀ိညာဉ်ရေးအကူအညီနှင့်အတူအမိသာသနာတော် ကြီး၏ပုံရိပ်ကိုဘာသာ၊ လူမျိုး၊ နေရာဒေသမခွဲခြားဘဲအားလုံးကိုယှိုင်းပင်းသည့်ပုံရိပ်ကိုပြသနိုင်ခဲ့ကြောင်းပြောကြားခဲ့ ပါသည်။  

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bit.ly/3pmyE6I

Add new comment

1 + 10 =