ဗာတီကန်ရုံးတော်အသီးသီး၌ အမျိုးသမီး၀န်ထမ်းများ ပို၍ခန့်အပ်

ဗာတီကန်ရုံးတော်အသီးသီး၌ အမျိုးသမီး၀န်ထမ်းများ ပို၍ခန့်အပ်

ဗာတီကန်အတွင်း ပုပ်ရဟန်းမင်းက​ြီးရုံးတော် ဌာန အသီးသီးမှာ အမျိုးသမီး၀န်ထမ်း ဉီးရေ တိုးပွားလာနေပြီး ၂၀၁၉ ခုနှစ်တွင်အမျိုးသမီး၀န်ထမ်း ၁၀၁၆ ဉီးကို ၀န်ထမ်းအဖြစ် ပုပ်ဖရန်စစ် က လက်ခံခဲ့ပါတယ်။
ဗာတီကန် ၀န်ထမ်းများရဲ့ ၂၂ ရာခိုင်နုန်းဟာ အမျိုးသမီး၀န်ထမ်း များဖြစ်ကြတဟ်လို့ မတ်လ ၈ ရက်နေ့က ကျရောက်တဲ့ ကမ္ဘာ့အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့ ဗာတီကန် သတင်းဌာန စစ်တမ်းကောက်ယူခဲ့တာပါ။
၂၀၁၀ခုနှစ် ၊ အနားယူသွားပြီဖြစ်တဲ့ ၁၆ဆက်မြောက်ပုပ်ဘယ်နဒစ် အမှုထမ်းချိန်တွင် ၀န်ထမ်း ၄၀၅၃ ဉီးရှိသည့်အနက် ၆၉၇ ဉီးမှာ အမျိုးသမီးများဖြစ်ကြကာ ၁၉ ရာခိုင်နုန်းဖြစ်ကြောင်း၊
၂၀၁၉ ခုနှစ် မှာတော့ ၀န်ထမ်းစုစုပေါင်း ၄၆၁၈ ဉီးအနက် ၁၀၁၆ ဉီးမှာ အမျိုးသမီးများဖြစ်ကာ ၂၂ ရာခိုင်နုန်းရှိလာခြင်းဖြစ်ကြောင်း
ကက်သလစ်သာသနာတော်တွင်လည်း ဉီးဆောင်နိုင်မည့် အမျိုးသမီးများစွာ လိုအပ်ကြောင်းနှင့် ဗာတီကန်နှင့် ပုပ်ရဟန်းမင်းကြီးရုံးတော်ဌာန အသီးသီးတို့တွင်လည်း တဖြည်းဖြည်းခြင်းစတင်နေရာပေးလာနေပြီဖြစ်ကြောင်းကို မကြာခင်ရက်ပိုင်းအလိုမှာ ပုပ်ရဟန်းမင်းကြီးအဖြစ် သိုးထိန်းတာ၀န် ယူခြင်း ၇ နှစ်မြောက် ကျင်းပတော့မည့် အရှင်သူမြတ်ပုပ်ဖရန်စစ်က မြွက်ကြားခဲ့ပါသည်။

အာဗီအေမြန်မာဗာတီကန်သတင်း
#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

 

http://bit.ly/2Isza0f

Add new comment

2 + 2 =