ဗာတီကန်ရင်ပြင်၌ ခရစ္မတ်သစ်ပင်နှင့်သူငယ်တော်အိမ်ကိုလာမည့်ဒီဇင်ဘာလ (၁၁) ရက်နေ့၌စတင်ပြင်ဆင်မည်။

ဗာတီကန်ရင်ပြင်၌ ခရစ္မတ်သစ်ပင်နှင့်သူငယ်တော်အိမ်ကိုလာမည့်ဒီဇင်ဘာလ (၁၁) ရက်နေ့၌စတင်ပြင်ဆင်မည်။

ဗာတီကန်ရင်ပြင်၌ ခရစ္မတ်သစ်ပင်နှင့်သူငယ်တော်အိမ်ကိုလာမည့်ဒီဇင်ဘာလ (၁၁) ရက်နေ့၌စတင်ပြင်ဆင်မည်။

ခရစ္စမတ်လသည်မကြာမီရောက်တော့မည်။ ကိုဗစ်လှိုင်းအဘယ်မျှပြင်းထန်စွာရိုက်ခတ်သည်ဆိုသော်လည်း ခရစ္စ မတ်ခံစားချက်၊ ခရစ္စမတ်၏အပျော်ကို်ကိုအဘယ်သို့မျှရပ်တန့်မပစ်နိုင်ကြောင်း၊ အထူးသဖြင့်ယနေ့ခေတ်၌ပို၍ပင်ရပ်တန့် မရပေ။ ကိုဗစ် (၁၉) မဖြစ်မည် ယခင်အချိန်အတိုင်းပုံမှန်ပြန်လည်ဆုံဆည်းခွင့်ရသည်အထိ ကျွန်ုပ်တို့၏ညီအစ်ကိုမောင်နှမ များနှင့်စုစည်းနေရန်မှာလိုအပ်သည်။ ယခုနှစ်ဗာတီကန်၌ကျင်းပမည့်ခရစ္စမတ်၏ခံစားချက်ကား ‘မျှော်လင့်ခြင်း၊ ယုံကြည် မူ၊ ချစ်ခြင်း၊ မိသားစုနှင့်ယေဇူးသခင်သည်သူ၏လူမျိုးများထံကြွလာ၍၄င်းတို့ကိုကယ်တင်မည်။ နှစ်သိမ့်မူကိုပေးမည်။

လာမည့်ဒီဇင်ဘာလ (၁၁) ရက်နေ့ ညနေ (၄း၃၀) နာရီ၌ ကိုဗစ်ရောဂါမကူးစက်မပျံ့ပွားရေးဥပဒေနှင့်အညီ အစဉ်အလာမပြတ် သူငယ်တော်အိမ်ကိုစတင်တည်ဆောက်မည်ဖြစ်သည်။ ယခုနှစ်သူငယ်တော်အိမ်ကိုအီတာလီနိုင်ငံ Castelli မြို့မှလှူဒါန်းခြင်းဖြစ်သည်။ ဤမြို့၌ကြွေပြားထုတ်စက်ရုံရှိပြီး၊ ဤလုပ်ငန်းကိုလုပ်ကိုင်ခဲ့သည်မှာ (၁၆) ရာစုမှ ဖြစ်သည်။

ခရစ္စမတ်သစ်ပင်သည် (၂၈) မီတာအမြင့်ရှိပြီး၊ Slovenia နိုင်ငံ၊ Kočevje မြို့မှဖြစ်သည်။ ဤအစီအစဉ်ကိုကာဒီ နယ် Giuseppe Bertello နှင့် ဆရာတော် Fernando Vérgez Alzaga် တို့မှဦးစီးဆောင်ရွက်မည်ဖြစ်သည်။ ထိုနေ့နံနက် ပိုင်း၌အလှူရှ၍်ကိုယ်စားလှယ်များနှင့်လည်းရဟန်းမင်းကြီးဖရန်စစ်တွေ့ဆုံပြီး၊ ၄င်းတို့၏လက်ဆောင်ကိုလက်ခံယူမည်ဖြစ် သည်။ သူငယ်တော်အိမ် သူငယ်တော်အိမ်ကိုကြွေဆင်းတုတော်များဖြင့်ဆောက်လုပ်မည်ဖြစ်သည်။ ထိုဆင်းတုတော်များ၊ အိမ်ပုံစံများကို "F.A. Grue"အနုပညာသင်တန်းကျောင်းမှတပည့်များ၊ ဆရာသမားတို့ပူးပေါင်း၍တည်ဆောက်မည်ဖြစ်သည်။

ဤ ကျောင်းတော်ကြီးသည် လွန်ခဲ့သော (၁၉၆၅-၁၉၇၅) ခုနှစ်အထိ သင်တန်းကျောင်း၏သင်ရိုးကို ခရစ်စမတ်အကြောင်းအ ရာကိုသာထည့်သွင်း၍ဒီဇိုင်းကိုထွင်စေခဲ့သည်။ စိန့်ပီတာရင်၌မူ သူငယ်တော်မွေးဖွားခြင်းမြင်ကွင်းကိုဖော်ဆောင်သော ရုပ် တု (၅၄) ခုကိုသာထုတ်ပြထားနိုင်မည်ဖြစ်သည်။ ခရစ်စမတ်သစ်ပင် ယခုနှစ်၏ခရစ်မတ်သစ်ကို Slovenia နိုင်ငံ၊ Kočevje မြို့မှဖြစ်သည်။ Kočevje မြို့သည် Rinža မြစ်ပေါ်တွင်မှေး တင်၍တည်ထားသောမြို့ဖြစ်သည်။ ဤဒေသရှိ (spruce) သစ်တောများသည် သဘာ၀အတိုင်းထူထပ်ဆဲရှိသည်။

မြို့၏ (၉၀) ရာခိုင် နှုန်းကိုသစ်တောများဖြင့်ဖုံးလွှမ်းထားသည်။ (spruce ) သစ်ပင်အမျိုးအစားကိုရှေးယခင်အစဉ်အလာအရ စည်ပင်တိုးပွားခြင်းကိုဖော်ညွှန်းသည်။ ထို့ကြောင့်ဒေသအတွက်အရေးကြီးသောပွဲလန်းများ၊ အထူးသဖြင့်မေလ (၁) ရက် နေ့ကဲ့သို့သော်အခမ်းအနားများ၊ ခရစ်မတ်ကဲ့သို့သောခမ်းနားသည့်ပွဲလန်းများတွင်အသုံးပြုသည်။ ဤသစ်ပင်အမျိုး အစား သည်ဥရောပ၌အမြင့်ဆုံးအမျိုးအစားဖြစ်သည်။ အမြင့်အားဖြင့် (၆၁၈၀) မီတာအထိမြင့်သည်။

သက်တမ်းအရကြည်လျှင် လည်းနှစ်ပေါင်း (၃၀၀) ခန့်ရှိသည်။ ဗာတီကန်၌ဆောက်လုပ်မည့် သူငယ်တော်အိမ်နှင့်ခရစ်မတ်သစ်ပင်၏အခင်းအကျင်း သည် (၂၀၂၁၊ ဇန္နာ၀ါရီလ ၁၀) ‘ယေဇူးသခင်ဆေးကြောခြင်းဆရာယောဟန်ထံမှဆေးကြောခြင်းခံယူတော်မူသည့်ပွဲ’ နေ့ တိုင်ဗာတီကန်ရင်ပြင်တွင်ခင်ကျင်းပြထားပေမည်။ အဘယ်ကြောင့်ဆိုသော် ခရစ်မတ်ကာလသည်ထိုပွဲအဖြင့်အဆုံးသတ် သောကြောင့်ဖြစ်ပါသည်။

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/36Ow4z8

Add new comment

3 + 3 =