ဗာတီကန်မှ lockdown ကာလ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ဩ၀ါဒကိုစာအုပ်အဖြစ်ပုံနှိပ်ထုတ်ဝေ

ဗာတီကန်မှ lockdown ကာလ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ဩ၀ါဒကိုစာအုပ်အဖြစ်ပုံနှိပ်ထုတ်ဝေ

ဗာတီကန်မှ lockdown ကာလ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ဩ၀ါဒကိုစာအုပ်အဖြစ်ပုံနှိပ်ထုတ်ဝေ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ဩ၀ါဒများကို ကိုဗစ် (၁၉) အိမ်အောင်းကာလ၌အတော်တရားနာဖြစ်ခဲ့ကြမည်ဖြစ်သည်။ နှစ်လည်းနှစ်သက်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော်ရဟန်းမင်းကြီး၏ဩ၀ါဒများသည်ရိုးရှင်းသည်။

ဘ၀ကြေးမုံကိုရောင် ပြန်စေသည်။ ထိုဩ၀ါဒများကိုစု၍ယခုအခါစာအုပ်အဖြစ်ထုတ် ဝေဖြန်ချီလိုက်ပြီဖြစ်ပါသည်။ ထို့အတူကပ်ရောဂါဆိုးကြီးကင်းဝေးရေးဆုတောင်းမေတ္တာများလည်းထည့်သွင်းထားပေးသည်။ ဤသို့ထုတ်ဝေရခြင်းမှာနေထိုင်မကောင်း ၍ ဖြစ်စေ၊ ကွာရန် တင်း၀င်နေရ၍သော်လည်းကောင်း၊ သို့မဟုတ်မည်သည့်အကြောင်းအမျိုးမျိုးကြောင့်သော်လည်းကောင်းမိမိတို့၏အိမ်ကိုချန်လှပ်ထား၍မရသောသူများအတွက်ရည်ရွယ်ထုတ်ဝေခြင်းဖြစ်သည်။

ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြောင့်အိမ်အောင့်ကာလမှစ၍ ရဟန်းမင်းကြီးသည်နေ့စဉ်အွန်လိုင်းမှမစ္ဆားပူဇော်ခြင်းကိုထုတ်လွှင့်ခဲ့သည်။ အီတလီ၌ထိုကာလသည် မတ်လ (၉) ရက်မှစတင်ခဲ့ရာ မေ (၁၈) ရက်နေ့အထိကြာခဲ့ပါသည်။ ထိုနေ့စဉ်ထုတ် လွှင့်သောမစ္ဆားပူဇော်ခြင်းနှင့်ဩ၀ါဒ၌လူမျိုးမရွေး၊ ဘာသာမရွေးစောင့်ကြည့်ကြားနာခဲ့၊ ပါ၀င်ခဲ့ကြသူထောင်သောင်းမကရှိခဲ့သည်။ ထိုဩ၀ါဒကြောင့်လည်း ရောဂါကပ်ဆိုးကြီး၏စိုးရိမ်ထိတ်လန့်မူသက် သာရာရခဲ့၊ အင်အားများတိုးစရာဖြစ်ခဲ့ကြရသည်။

နည်းပညာကျွမ်းကျင်သူများအနေဖြင့် ပုပ်ရဟန်းမင်းကြီး၏ဩ ၀ါဒကိုလိုင်းမှတိုက်ရိုက်နားထောင်လိုပါကလည်း YouTube channel နှင့် web portal တွင်တိုက်ရိုက်၀င်ရောက်နိုင်ပြီး၊ ကူးယူလိုပါကလည်းကူးယူနိုင် အောင်စီစဉ်ပေးထားသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/32LBrip
 

Add new comment

4 + 16 =