ဗာတီကန်မှ ဆေးမျက်နှာဖုံးစွပ် များ တရုတ်ပြည်သို့ ပေးပို့ခြင်း

ဗာတီကန်မှ ဆေးမျက်နှာဖုံးစွပ် များ တရုတ်ပြည်သို့ ပေးပို့ခြင်း

ဗာတီကန်မှ ဆေးမျက်နှာဖုံးစွပ် များ တရုတ်ပြည်သို့ ပေးပို့ခြင်း

ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားခြင်းကြောင့် အထောက်အကူဖြစ်စေရန် အတွက် တရုတ်ပြည်မ သို့ ဗာတီကန်မှ ဆေးဘက်ဆိုင်ရာ ဆေးမျက်နှာဖုံးစွပ်များ ပေးပို့လိုက်ပြီဖြစ်ပါသည်။
အီတလီအခြေစိုက် တရုတ်ပြည် သာသနာပြုဗဟိုရုံးချုပ်နှင့် ပုပ်ရဟန်းမင်းကြီးရုံးတော် ဂရုဏာရေး ရုံးတို့ပူးပေါင်းကာ ဤအစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုင်းရပ်စ် အဓိက ပျံ့နှံ့ ရာ နေရာများဖြစ်သည့် တရုတ်ပြည် ဟူးဘိန်၊ ဂျဲ့ဂျန် နှင့် ဖူးဂျဲန် ဒေသများသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကို ဗာတီကန်သတင်းတိုက်မှ ထုတ်ပြန်လိုက်ပါသည်။
တိရိစ္ဆာန်များမှ လူသို့ကူးစက်လာခဲ့သည့် ဗိုင်းရပ်စ် သည်ယခုအခါ ရာသီတုတ်ကွေးအားဖြင့် လူမှလူသို့ ကူးစက်နေကြောင်းနှင့် နိုင်ငံ ၂၀ ကျော်သို့လည်းကူးစက်ပြီးဖြစ်သည်ဟု ဆိုပါသည်။
တရုတ်ပြည်ကျန်းမာရေးဌာန ၏ တနင်္ဂနွေနေ့ သတင်းပေးပို့ချက်အရ တပြည်လုံးအတိုင်းအတာ အနေဖြင့် လူနာ ၄၇၅ ဉီး ပြန်လည်သက်သာလာပြီဖြစ်ကာ ၃၆၁ ဉီး သေဆုံးခဲ့ပြီဖြစ်သည် ဆိုခြင်းကို ဗာတီကန် သတင်းအရ သိရှိရပါသည်။

 

By Sr.Lucia Thandar Aung, SJA

Add new comment

3 + 0 =