ဗာတီကန်မှ ဆင်းရဲသားများအတွက် ကိုဗစ် ပိုး အခမဲ့ စစ်ပေးမည်

ဗာတီကန်မှ ဆင်းရဲသားများအတွက် ကိုဗစ် ပိုး အခမဲ့ စစ်ပေးမည်

ဗာတီကန်မှ ဆင်းရဲသားများအတွက် ကိုဗစ် ပိုး အခမဲ့ စစ်ပေးမည်

ဗာတီကန်အတွင်း စိန့်ပီတာရင်ပြင်တော် မှာ အိမ်ယာမဲ့များအတွက် ဆေးခန်းတစ်ခုဖွင့်လစ်ထားပါတယ်။

ဆင်းရဲသားများဟာ ယခုအခါ ထိုဆေးခန်းမှာ ကိုဗစ်ပိုး ဆေးစစ်ချက် ကို အခမဲ့ ရယူနိုင်ကြကြောင်း

ဒါဟာဆိုရင် လာမည့် တနင်္ဂနွေနေ့မှာ ကျင်းပမဲ့ ကမ္ဘာ့ဆင်းရဲ နွမ်းပါးသူများနေ့ အတွက် စတင်လိုက်တဲ့ လှုပ်ရှားမှုဖြစ်​ကာ ထိုနေ့မှာ အိုးအိမ်မဲ့သူများနှင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်ဟာ စိန့်ပီတာ ဘာဆီးလီးကား မှာ မစ္ဆားတရားဟောကြားမှာဖြစ်ပါတယ်။

မစ္ဆားတရားအတွင်း လူ အယောက် ၁၀၀ သာ ခွင့်ပြုပါမယ်။ သူတို့တွေဟာ ကမ္ဘာပေါ်မှ နွမ်းပါးသူအားလုံး ကို ကိုယ်စားပြုမှာပါ။ ဆက်ကပ်သူအချို့နဲ့ အလျှူရှင် အချို့လည်း ထိုမစ္ဆားမှာပါ၀င်ကြပါလိမ့်မယ်လို့
ဒီအစီအစဉ် တာ၀န်ခံ ဖြစ်တဲ့ ဧဝံဂလိသတင်းကောင်း ကို အသစ်သောနည်းဖြင့် ဟော​ပြောခြင်းဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော်ကောင်စီ မှ ဂိုဏ်းချုပ်ဆရာတော်ကြီး ရီးနို က ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဆင်းရဲနွမ်းပါးသူများနေ့ကို နှစ်စဉ် နို၀င်ဘာလထဲမှ တနင်္ဂနွေ တရက်တွင် ပြုလုပ်လေ့ရှိသည်ဆိုခြင်းကို Rome Reports သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊SJA

https://bit.ly/3lF6ym8

Add new comment

1 + 7 =