ဗာတီကန်မှာ ကိုဗစ် ကူးစက်ခံရသူတဉီးတိုးလာခြင်း

ဗာတီကန်မှာ ကိုဗစ် ကူးစက်ခံရသူတဉီးတိုးလာခြင်း

ဗာတီကန်မှာ ကိုဗစ် ကူးစက်ခံရသူတဉီးတိုးလာခြင်း

ကိုရိုနာဗိုင်းရပ်စ် သည် ဗာတီကန် အတွင်းမှာလည်း စတင်ကူးစက်ခဲ့ပြီဖြစ်ကြောင်းကို အရင်တပတ်က ဖော်ပြပေးခဲ့ပြီး အခုအခါမှာ​တော့ ကူးစက်ခံရသူ နံပါတ် ၇ အဖြစ်တယောက် တိုးလာခဲ့ပြီဖြစ်ပါတယ်။

တတ်နိုင်သမျှ ကာကွယ်ဘို့အတွက် ရုံးတော်မှ ကြိုးပမ်းဂရုစိုက်ကာ စစ်ဆေးမှုများပြုနေကြောင်း ကိုလဲ ဗာတီကန် သတင်းတိုက်၏ ဒါရိုက်တာ Matteo Bruni က ကြာသပတေးနေ့က ထုတ်ပြန်ပါတယ်။

မတ်လ အလယ်လောက်ကထဲက အထက်ပါ နံပါတ် ၇ လူနာမှာ သီးသန့်ထားစောင့်ကြည့်ခဲ့ကြောင်း နှင့် အီတလီ ဆေးရုံတခုမှ အလုပ်လုပ်သည့် ၄င်း၏ အမျိုးသမီးထံမှ ကူးစက်ခြင်းဖြစ်သည်ဟုဆိုပါသည်

ကြိုတင်ကာကွယ်ခြင်းနှင့်ဂရုစိုက်ခြင်းတွေ ဗာတီကန်ရုံးတော် အတွင်း အစဉ်မပြတ်ပြုလုပ်နေကြောင်း မိမိတို့အိမ်မှ နေ၍ အလုပ်လုပ်ခြင်းများကိုလည်း စီစဉ်ကာ အဆက်အသွယ် မပြတ်ရှိနေကြပါတယ် လို့ Matteo Bruni က ရှင်းလင်း ​ပြောကြားခဲ့သည် ကို ဗာတီကန် သတင်းအရ သိရှိရပါတယ်။

By Sr Lucia Thandar Aung,SJA

https://bit.ly/2UzKdLY

Add new comment

14 + 5 =