ဗာတီကန်မီးသတ်သမားများ စိန့်ပီတာရင်ပြင်ရှိကျောက်တိုင်ပေါ်မှာတင်နေသော ကြောင်တကောင်အား ကယ်တင်ပေးခဲ့ရ

ဗာတီကန်မီးသတ်သမားများ စိန့်ပီတာရင်ပြင်ရှိကျောက်တိုင်ပေါ်မှာတင်နေသော ကြောင်တကောင်အား ကယ်တင်ပေးခဲ့ရ

ဗာတီကန်မီးသတ်သမားများ စိန့်ပီတာရင်ပြင်ရှိကျောက်တိုင်ပေါ်မှာတင်နေသော ကြောင်တကောင်အား ကယ်တင်ပေးခဲ့ရ

            မိုးလင်းပြီဆိုသည်နှင့်ဘုရားဖူးများ၊ အားလပ်ရက်ခရီးထွက်လာကြသူများသည် အပြောကျယ်သော ဗာတီကန် ရင်ပြင်၌ စုဝေးလာကြ၊ ဆုံ မှတ်အဖြစ်သတ်မှတ်၍ဆုံကြသည်။ ထိုနေ့သည်လည်း နေ့စဉ်ပုံမှန်ဖြတ် သန်းသကဲ့သို့ပင်ဖြတ်သန်းလျှက်ရှိသည်။ ထိုအချိန်၌ အဖြစ်အပျက်တစ်ခု သည် ထိုနားတစ်၀ိုက်ရှိသူများ၏ အာရုံကိုဖမ်းစားလိုက်သကဲ့သို့ အားလုံးက ဘေးဖက်၀ဲယာဆီကိုကြည့်လိုက်ကြပြီး၊ တစ်စုံတစ်ရာကိုလိုက်ရှာ ဟန်၊ တွေ့ရနိုးဖြင့်လိုက်ကြည့်နေကြသည်။  မှန်ပါသည်။ လူထုကြီး၏အာရုံကိုဖမ်းစားသွားသည့်အခြေအနေမှာ အမြင့် (၅၂) ပေရှိ ဗာတီကန်ရင်ပြင် ၌စိုက်ထူထားသော ကျောက်တိုင်ထိပ်၌ ကြောင်တစ်ကောင်ရောက်ရှိပြီး၊ ပြန်မဆင်းတတ်၍အော်နေခြင်းဖြစ်သည်။ ကြောင်သည် အဘယ်မျှ ခုန်ပျံကျော်လွှားတတ်သည်ဆိုသော်လည်း ထိုမျှသောအမြင့်ကိုပြန်ခုန်ဆင်းရန်မှာအန္တရာယ်ရှိပေမည်။ ၄င်းအပြင် တောကြောင်မဟုတ်။ မြို့၌ကျင် လည်နေသောကြောင်ဖြစ်၍ ထိုမျှပေါ့ပါးပေမည်လော။ ထိုကြောင်ကိုကယ်ရန် ဗာတီကန်မီးသတ်များ အလုပ် အနည်း ငယ်ရှပ်သွားရသည်။ မီးသတ် ရာတွင်အသုံးပြုသော ကိရိယာများ၊ စက်များ၊ ယာဉ်များ ဖြင့်ကယ်ခဲ့ရသည်။ ကယ် သည်ဆိုသော်လည်း ကြောင်သည် ကြောက်အားပိုနေသည်က တစ်ကြောင်း၊ သူ့အားလာ ကယ်သည် ဟုအသိရှိချင်မှရှိပေမည်။ ထို့ကြောင့် ကုတ်ဖဲ့ရန်လုပ်မည်ကိုလည်းသတိထားရသေးသည်။ မှန်းထားသည့်အ တိုင်းပင်။ ကြောင်သည် အလွယ်တကူအကပ်မခံ။ အဖမ်းမခံပေ။ မီးသတ်သမားခမျာအကြံအိုက်နေခဲ့သည်။ ကြောင်သည် မီးသတ်သမားအား အရေးမလုပ်။ ထိုကျောက်တိုင်ထိပ်၌ရှိအကျယ်အ၀န်း၌ ပတ်လျှောက်က စိန့်ပီတာရင်ပြင်အား စိတ်ပြေနပြေကြည့်နေသေးသည်။ မီးသတ်သမား များအလုပ်ရှုပ်နေသောကြောင့် ဖြတ်သန်း သွားလာကြသော ခရီးသွားများလည်း စိတ်စားလာကြသည်။ ဤကြောင်သည် အဘယ်သို့ ထိုမျှမြင့်မား သောကျောက် တိုင်အပေါ်တက်ရောက်သွားသနည်း။ အဘယ်ကြောင့်နည်း။ စဉ်းစားစရာဖြစ်ပါသည်။ ပထမတစ်ကြိမ်မအောင်မြင်ခဲ့၍ ဒုတိယတစ် ကြိမ်၌မူ မီးသတ်သမားများသည် ကရိန်း (ယာဉ်များဆွဲကော်ယာဉ်) နှစ်စီးဖြင့်နှစ်နာရီကြာမျှ ထပ်မံကျိုးစားခဲ့ရပြီး အသာတကျီအဖမ်းမခံဘဲ ထို (၅၁) ပေအမြင့်မှဘေး ကင်းစွာခုန်ချပြလိုက်သည်။ သို့သော် အောက်၌လည်း အမှတ်မထင်ခုန်ချလာခဲ့သော မထိ ခိုက်စေရန် အခင်းများဖြင့်ပြင်ဆင်ပေးထားသည်။ မီးသတ်သမားအတွက်သော်လည်းကောင်း၊ အလည်အပတ် ရောက်ရှိနေ သော ဧည့်သည်များအ တွက်သော်လည်းကောင်း အလွန်ပင်စိတ်လှုပ်ရှားခဲ့ရသော စိန့်ပီတာရင်ပြင်မှ ကြောင်ဖမ်းပွဲတစ်ခုဖြစ်ခဲ့သည်ဟုဆိုသည်။ 

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3BtCNgZ

 

 

Add new comment

2 + 4 =