ဗာတီကန်ပြတိုက်မှခိုးယူသွားခဲ့သောရှေးဟောင်းအမွေအနှစ်များကိုပြန်လည်မွမ်းမံပြသထား

ဗာတီကန်ပြတိုက်မှခိုးယူသွားခဲ့သောရှေးဟောင်းအမွေအနှစ်များကိုပြန်လည်မွမ်းမံပြသထား

အတိအကျဆိုရပါက (၃၃) နှစ်ခန့်က အီတလီနိုင်ငံ၊ ဆီအဲနာမြို့ရှိဗာတီကန်အပိုင်ပြတိုက်မှ ရှေးဟောင်းအမွေအနှစ် (၁၁) ခုကိုခိုးယူခံထားရသည့်အနက် (၁၀) ခုမှာရဲတို့၏ကြိုးစားအား ထုတ်မှုဖြင့် ရရှိခဲ့ပြီး ခိုးယူခံခဲ့ရသောပစ္စည်းကိုပြန်လည်ရရှိပြီးသောအခါ ပြုပြင်ရန်နှင့်ရှေးဟောင်းအမွေအနစ်လက်ရာများကိုထိန်းသိမ်းရန် ဗာတီကန်သို့ပို့ဆောင်ပြီးမွမ်းမံစေခဲ့သည်။ '

From the Sword to the Cross' (ဓားသွားထက်မှသည်ကားတိုင်ဆီသို့) ဟုအမည်ပေးထားသောရှေးဟောင်းပစ္စည်းတစ်ခုကိုပြင်ဆင်မွမ်းမံအပြီး၌ ပြတိုက်တွင်ပြန်လည်ခင်းကျင်းပြထားသည်။ လက်၀ယ်ပြန်လည်ရရှိခဲ့သော အခိုးခံခဲ့ရသည့်ပစ္စည်း (၁၀) မျိုးအနက်မစ္ဆားပူ ဇော်ရာ၌အသုံးပြုသောဖလားတော် (၇) ခု၊ ရဟန္တာများ၏ဓာတ်တော်မွေတော် (၂) ခုနှင့်လက်၀ါးကပ်တိုင်တစ်ခုပါသည်။ ထိုခိုးယူခံခဲ့ရသောဓာတ်တော်မွေတော်အနက် စိန့် Galgano မှာအကြီးဆုံးပစ္စည်းဖြစ်သည်။ ဤဓာတ်တော်မွေတော်ကိုပြန်လည်ရရှိခဲ့ပြီဖြစ်ပါပြီး ဤဓာတ်တော်မွေတော်သည် (၁၄) ရာစုက သမိုင်းအမွေအနှစ်ဖြစ်၍အလွန်အဖိုးထိုက်သည်။

ဆီအဲနာဂိုဏ်းချုပ်သာသနာ၏ ရှေးဟောင်းသမိုင်းအမွေအနှစ်များဆိုင်ရာတာ၀န်ရှိသူဖြစ်သော ဖာသာရ် ENRICO GRASSINI က ယခုအခိုးခံခဲ့ရသောရှေးဟောင်းအမွေးနှစ်ပစ္စည်းများသည် သမိုင်းအမွေအနှစ်အရသာ တန်ဖိုးကြီးသည်မဟုတ်။ ဘာသာရေးအရလည်းတန်ဖိုးမဖြတ်နိုင်သောအမွေ အနှစ်များဖြစ်၍ ကာကွယ်ရမည်။ မြှင့်တင်ရမည်။ ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ အဆိုပါသမိုင်းအမွေနှစ်အပါအ၀င် ဘာသာရေး၏အမွေအနှစ်များကိုဖျောက်ဖျက် ပျောက်ပျက်သွားစေရန်ရည်ရွယ်၍ ခိုးယူရောင်းချခြင်းများကိုလည်းပြုလုပ်ရန်အကြိမ်ကြိမ်ကြိုးစားခဲ့မှုများရှိခဲ့ကြောင်း၊ လက်၀ယ်ပြန်လည်ရောက်ရှိလာသော အခိုးခံရသည့်ပစ္စည်းများအားဗာတီကန်သို့ပို့လိုက်ရခြင်းမှာ လက်ရာများသည် အလွန်အနုစိတ်သောကြောင့် ကျွမ်းကျင်းပညာရှင်များမှသာပြန်လည်မွမ်းမံနိုင်မည်ဖြစ်သောကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် သံထည်၊ သတ္တုထည်၊ ကြွေထည်၊ မြေထည်များကိုကိုင်တွယ်ရာ၌ကျွမ်းကျင်သူများရှိရာသို့ပို့၍ပြုပြင်ခိုင်းစေခြင်းဖြစ်ကြောင်းရှင်းပြခဲ့သည်။

ယခုကဲ့သို့ငွေကုန်ကြေးကျခံ၊ အပင်ပန်းခံလုပ်ဆောင်ရခြင်းမှာ အဆိုပါ၀တ္တုများသည် ဒေသန္တရဘာသာတူများ၏၀ိညာဉ်ရေးအတွက်အလွန်အရေးကြီးသည်။ ဆီအဲနာဂိုဏ်းချုပ်သာသနာသည် ရဟန္တာများစွာအားကြည်ညိုကြသကဲ့သို့ စိန့် Galgano အားလွန်စွာသဒ္ဓါကြည်ညိုခြင်းရှိကြသည်။ ဓာတ်တော်မွေတော်ထဲ၌ ရဟန္တာ၏ကြွင်းကျန်သောအရိုးများကိုထည့်ထားသည်။ ရဟန္တာ၏အရိုးအပိုင်းအစများကိုထည့်ထားသည့်ပခြုပ်၏အနုပညာလက်ရာမှာလည်း ဆီအဲနာဒေသ၏ရွှေပန်းတိမ်တို့ထံမှ ရှေးဟောင်းလက်ရာများကိုတွေ့နိုင်သည်။

ဆီအဲနာမြို့၏နာမည်ကြီးသော ရွှေပန်းတိမ်ဆရာများဖြစ်ကြသော Simone Martini, Pietro Lorenzetti, Ambroggio Lorenzetti တို့၏ပြောင်မြောက်အနုစိပ်လှသည့်လက်ရာများကိုမြင်တွေ့နိုင်သည်။ ၄င်းတို့အားနိုင်ငံဥရောပတစ်ခွင့်သို့ခေါ်ဖိတ်၍လုပ်ဆောင်စေသော်လည်း ရဟန်းမင်းကြီးနှင့်ဆိုင်သောအမှုတော်များ၌ပို၍လုပ်ဆောင်ပေးခဲ့ကြသည်ဟုဆိုသည်။

ဘာသာရေးနှင့်ယဉ်ကျေးမှုပိုင်းဆိုင်ရာ၀တ္ထုများအား ဗာတီကန်ပြတိုက်တွင် (ဖေဖော်၀ါရီ ၁၈၊ ၂၀၂၃) အထိခင်းကျင်းပြသထားသည်။ ၄င်းနောက် ဆီအဲနာဂိုဏ်းချုပ်သာသနာသို့ပြန်လည်ယူဆောင်သွားခဲ့ပြီဖြစ်ပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3HGqFOu

Add new comment

1 + 0 =