ဗာတီကန်ပြတိုက်ကြီးပြန်လည်ဖွင့်လှစ်မည်။

ဗာတီကန်ပြတိုက်ကြီးပြန်လည်ဖွင့်လှစ်မည်။

         ကိုးဗစ်ကူးစက်မြန်ရောဂါကြောင့်ယခင်နှစ်စက်တင်ဘာလမှစ၍ပြန်လည်ဖွင့်လှစ်တော့မည်ဟုတရား၀င်ကြေငြာခဲ့သော်လည်း ဒုတိယကြော့ကိုးဗစ်၏ပြန်လည်ရိုက်ခတ်လာမူကြောင့် မှန်းထားခဲ့သည့်အတိုင်းမဖွင့်လှစ်နိုင်ခဲ့ပေ။ ထို (၈၈) ရက်ကြာလုံး၀ပိတ်ထား ခဲ့ရာမှ (၂၀၂၁၊ ဖေဖော်၀ါရီလ ၁) ရက်နေ့ တွင်ပြန်လည်ဖွင့်လှစ်လိုက်ပါသည်။ ‘ဗာတီကန်ပြတိုက်’ ကို ‘ရဟန်းမင်းကြီး၏ပြတိုက်’ ဟုလည်းခေါ်ကြပြီး၊ ယခုကဲ့သို့ပြန်လည်ဖွင့်လှစ်ပေးလိုက်သော်လည်း ဧည့်သည်များအတွက်ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များ အတိုင်းနှခေါင်းစီး၊ လက်သန့်ဆေးရည်နှင့်ခပ်ကွာကွာနေရန်စသည်တို့ကိုစီမံထားပေးသည်။ ပြတိုက်သို့လာရောက်လည်းပတ်မည့် ဧည့်သည်များသည်လည်းကြိုတင်၍ခွင့်တောင်းခံထားရမည်ဖြစ်သည်။

            ပြတိုက်သို့လာရောက်လည်ပတ်ခဲ့သော Silvana က၄င်းတို့အနေဖြင့် ၀င်ခွင့်ကိုအွန်လိုင်းမှတောင်းခံခဲ့ကြောင်း၊ ထို့ကြောင့် ဗာတီကန်သို့ရောက်လာသောအခါစောင့်ဆိုင်းနေရန်မလိုကြောင်း၊ ပြတိုက်စဖွင့်သောနေ့ဖြစ်၍လူသိမများကြသေးကြောင်း၊ ထို့ ကြောင့်လာရောက်သူမများသေးကြောင်း သူ၏အတွေ့အကြုံကိုပြောပြသွားခဲ့သည်။

            ထို့အတူပြတိုက်ပြန်လည်ဖွင့်လှစ်လိုက်သည်နှင့်လာရောက်လည်ပတ်ခဲ့သော Patrizio ကလည်းခါတိုင်း၌ပြတိုက်သည်လာ ရောက်လည်ပတ်သူများဖြင့်ကြိတ်ကြိတ်တိုးနေခဲ့ရာယခုတစ်ကြိမ်၌မူစိတ်ပြေနပြေလည်ပတ်လေ့လာခဲ့ရကြောင်း၊ အလွန်ကျေနပ်ခဲ့ ရကြောင်း၊ ပြတိုက်သည်ကျန်းမာရေးဆိုင်ရာ၊ လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက်များကိုအလွန်စနစ်ကျနစွာစီစဉ်ထားပေးကြောင်း၊ လာရောက်လည်ပတ်သူများအနေဖြင့်ပြတိုက်၏ခန်းနားထည်၀ါမူကိုလည်းခံစားနိုင်ကြောင်း၊ ပန်းချီ၊ ပန်းပုဆရာရာဖာအဲလ်မှ သည်မိုက်ကယ်အန်းဂျေလိုအထိ၄င်းတို့၏လက်ရာများကိုခံစားနိုင်ကြောင်း၊ ဘဲတစ်နေ့လျှင်လာရောက်လည်ပတ်သူပေါင်း ( ၂၃၀၀၀) မှသည် (၂၄၀၀၀) အထိပြည့်နေတတ်သော ရဟန်းမင်းကြီး၏ဘုရားကျောင်းဟုခေါ်သော ‘စီစ္စတင်း’ ဘုရားကျောင်းတွင်း မှကျောက်ပန်းချီများကိုလည်း ယခုရက်ပိုင်း၌တိုးကြိတ်စရာမလိုဘဲအေးဆေးစွာကြည့်ရူခံစားနိုင်သည်။   

            လာရောက်လည်ပတ်သူအခြားတစ်ဦးဖြစ်သော Marie Cristine ကလည်း အလွန်အံ့မခန်းဖြစ်ရကြောင်း၊ အလွန်တိတ်ဆိတ် ပြီး၊ အေးချမ်းကြောင်း၊ ပြသထားသောရှေးဟောင်းအနုပညာလက်ရာများကိုလောစရာမလိုဘဲအေးဆေးစွာကြည့်ရူနိုင်ကြောင်း၊ အထူးသဖြင့်ရဟန်းမင်းကြီး၏ဘုရားကျောင်းတော်ကြီးကိုအေးဆေးစွာလည်ပတ်ကြည့်ရူခဲ့ရကြောင်း၊  ခါတိုင်းဆိုလျှင်မိမိသဘော ကျသောအရာများကိုခံစားဆင်ခြင်ရန်အချိန်ခဏလေးပင်မပေးနိုင်ကြောင်း၊ ယခုတစ်ကြိမ်၌မူ အချိန်ယူ၍ကောင်းစွာလေ့လာကြည့် ရူနိုင်ခဲ့ကြောင်း၊ မယုံကြည်နိုင်စရာဖြစ်ရကြောင်း၊ ပန်းချီ၊ ပန်းပုပညာကိုချစ်သောသူတိုင်း ဗာတီကန်ပြတိုက်မှပန်းချီ၊ ပန်းပုပညာကို လေ့လာသင်ယူနိုင်ပြီဖြစ်ကြောင်း၊ ကိုယ်တိုင်မလာရောက်နိုင်သော်လည်း www.museivaticani.va အွန်လိုင်းမှလည်း၀င်ရောက် လည်ပတ်ကြည့်ရူနိုင်ပါသည်။ 

 https://www.romereports.com/en/2021/02/01/vatican-museums-reopen/

Add new comment

3 + 1 =