ဗာတီကန်နှင့်ဗီယက်နမ်တို့သံတမန်လမ်းခင်းကြတော့မည်

ဗာတီကန်နှင့်ဗီယက်နမ်တို့သံတမန်လမ်းခင်းကြတော့မည်

နိုင်ငံရေးစနစ်အားဖြင့်ကွန်မြူနစ်ဖြစ်နေသော ဗီယက်နမ်နိုင်ငံနှင့်ဗာတီကန်တို့အလွန်‌ကျဲသောခြေလှမ်းကိုလှမ်းရန်ဆိုင်းပြင်းနေကြသည်။ ထိုခြေလှမ်းကျဲကြီးကား နိုင်ငံကြားသံတမန်တံတားခင်း၍ဗာတီ ကန်၏သံရုံးကိုနိုင်ငံအတွင်းဖွင့်လှစ်နိုင်ရန်သဘောတူထားပြီးဖြစ်သည်။

ဤကြေညာချက်ကိုတရား၀င်အဖြစ် ဗီယက်နမ်သမ္မတ Vo Van Thuong က
ဗာတီကန်သို့ယခုလနောင်းပိုင်း၌ရောက်ရှိလာချိန်နှင့်ဒွန်တွဲ၍ကြေညာရန်သဘောတူညီမှုများရရှိထားပြီဖြစ်ကြောင်းသတင်းတစ်စွန်းတစ်စကြားထားသည်။

ဗာတီကန်ရုံးတော်၏အကြီးတန်းတာ၀န်ရှိသူတစ်ဦးက ဗီယက်နမ်သမ္မတ၏ဗာတီကန်သို့ရောက်ရှိလာခြင်းသည် နှစ်နိုင်ငံကြားရှိနေခဲ့သောသံတမန်ဆက်ဆံရေးကိုပြောင်းလဲတိုးတက်လာလိမ့်မည်ဟုမျှော် လင့်ကြောင်း၊ ဆယ်စုနှစ်တစ်စုကြာဗာတီကန်အနေဖြင့် သံခင်းတမန်ခင်းချိပ်ဆက်နိုင်ရန်တောင်းခံလာခဲ့ခြင်းဖြစ်သည်။

ဗီယက်နမ်သမ္မတ ဗာတီကန်သို့လာရောက်လည်ခြင်းအား ရဟန်းမင်းကြီးဖရန်စစ်ကိုယ်တိုင်လက္ခံတွေ့ဆုံမည်ဟုမျှော်လင့်နေကြသည်။

မကြာမီလာရောက်မည့် ဗီယက်နမ်နိုင်ငံသမ္မတ၏လည်ပတ်ခြင်းသည် သမ္မတ ဟောင်း Tran Dai Quang (၂၀၁၆) လာရောက်ပြီးသည့်နောက်ပိုင်း ပထမဦးဆုံးအကြိမ်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံ၌ ဗာတီကန်သံရုံးဖွင့်လှစ်နိုင်ရေးအတွက် စင်ကာပူနိုင်ငံ၏ ရဟန်းမင်းကြီးကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာတော် Marek Zalewski ကပြင်ဆင်နေသည်။ ဂိုဏ်းချုပ်ဆရာတော်သည် ဗီယက်နမ်သို့ဗီယက်နမ်အစိုးရ၏ ခွင့်ပြု ချက်ကိုရယူကာ မကြာခဏသွားရောက်လေ့ရှိသည်။

ဗီယက်နမ်နိုင်ငံသည် လူဦးရေ (၉၅) သန်းရှိပြီး ကက်သလစ်ဘာသာတူ (၇) သန်းရှိသောနိုင်ငံတစ်ခုဖြစ်သည်။ အတိတ်ကဗာတီကန်နှင့်ဗီယက်နမ်နိုင်ငံတို့သံခင်း တမန်ခင်းရှိခဲ့သော်လည်း နိုင်ငံအားကွန်မြူနစ်များအုပ်ချုပ်လာသည့်ဗီယက်နမ်စစ်နောက်ပိုင်း (၁၉၇၅) မှစ၍ရပ်ထားခဲ့သည်။ ထိုအချိန်မှစ၍ ကက်သ လစ်ခရစ်ယာန်များသည် သံသယဖြင့်အစဉ်စောင့်ကြည့်ထောက်လှမ်းခံလာခဲ့ရသည်။ အဘယ် ကြောင့်ဆိုသော် ပြင်သစ်သည်ဗီယက်နမ်အားကိုလိုနီနယ်ပြုခဲ့သည့်သမိုင်းနောက်ခံလည်းရှိထားသောကြောင့်ဖြစ် သည်။

ကွန်မြူနစ်အစိုးရကလည်း သာသနာတော်ကြီး၏လှုပ်ရှားမှုအချို့ကိုပိတ်ပင်တားဆီးမှုများရှိသည်။ ဥပမာအားဖြင့် လိုအပ်ချက်များကြောင့် ၀တ်ပြုသည့်အဆောက်အဦးသစ်များဆောက်လုပ်ရန်၌ဖြစ်စေ၊ သာသ နာအုပ်စုအသစ်ဖွင့်လှစ်ရန်တို့ကို ခွင့်မပြုဘဲတင်းကြပ်စွာပိတ်ပင်ခဲ့သည်။ နိုင်ငံတော်အနေဖြင့် မိမိတို့၏ သက်၀င်ယုံကြည်မှုကိုလွတ်လပ်စွာခွင့်ပြုထားသည်ဟုဆိုသော် လည်း နိုင်ငံအတွင် ဘာသာရေးလွတ်လပ် ခွင့် များချိုးဖောက်ခံရသည်သတင်းများမကြာခဏကြားနေရသည်။ ထို့ကြောင့် ယခုကဲ့သို့ဗီယက်နမ်နိုင်ငံအ တွင်းရဟန်း မင်းကြီးကိုယ်စားလှယ်၏ရုံးတော်ဖွင့်လှစ်ခွင့်ပြုလိုက်ခြင်းသည် ဗီယက်နမ်အစိုးရနှင့်ဗာတီကန်တို့ကြား၌အပြုသဘောဆောင်သောတိုးတက်မှုအဖြစ်ရှုမြင်ရမည်ဖြစ်သကဲ့သို့ ကက်သလစ်သာသနာတော်ကြီးအတွက်လည်း အခွင့်အရေးကောင်းများရရှိလာနိုင်ဖွယ်ရာဖြစ်ပေမည်ဟုမျှော်လင့်ရပသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3O4xuLN

Add new comment

3 + 10 =