ဗာတီကန်နှင့်တရုတ်အစိုးရတို့သဘောတူညီမှုဖြင့်ရွေးချယ်တင်မြောက်သော (၆) ပါးမြောက် တရုတ်နိုင်ငံ၏ ဆရာတော်

ဗာတီကန်နှင့်တရုတ်အစိုးရတို့သဘောတူညီမှုဖြင့်ရွေးချယ်တင်မြောက်သော (၆) ပါးမြောက် တရုတ်နိုင်ငံ၏ ဆရာတော်

            ဗာတီကန်နှင့်တရုတ်အစိုးရတို့၏ (၂၀၁၈) သဘောတူညီချက်စံဖြင့် တင်မြောက်သော တရုတ် နိုင်ငံ ၏ (၆) ပါးမြောက် ကက်သလစ်ဆရာတော်မှာ Fr. Francis Cui Qingqi ဖြစ်သည်။ သူသည် သက်တော် (၅၇) နှစ်ရှိပြီး၊ ‘ကာပူချင်း’ သူတော်စင် အသင်းမှဖြစ် သည်။ သူသည် Hankou-Wuhan သာသနာအတွက်ဆရာတော်အသစ်ဖြစ်ပါ သည်။

ဤသတင်းကိုလည်း ဗာတီ ကန်၏သတင်း ပြန်ကြားရေးနှင့်ပြောရေးဆိုခွင့်ရှိသူ အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်သည်။ ဗာတီကန်နှင့်တရုတ်အစိုးရတို့ (၂၀၁၈) က လက်မှတ် ရေးထိုးခဲ့သော သဘောတူညီချက်ကို ယခင်နှစ် (၂၀၂၀) ကထပ်မံ၍သက်တမ်းတိုး မြှင့်ခဲ့သည်။

သဘောတူ ညီချက်နှင့်ပတ်သက်၍ ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် PIETRO PAROLIN က ‘ယခုသဘောတူညီမှု မျိုးစေ့နှင့် ခိုင်းနှိုင်းလိုကြောင်း၊ စိန်ခေါ်မှုကြီးသောမြေ၌ကြဲရသောမျိုး စေ့ တစ်စေ့ ဖြစ်ကြောင်း၊ အမိသာသနာတော်ကြီးသည် အခက်အခဲ များစွာကိုရင်ဆိုင် ကြုံတွေ့နေရ ကြောင်း၊ သို့သော် ဖြေးဖြေးချင်းအသီးအပွင့်များကိုသီးပွင့်လာမည်ဟုမျှော်လင့်ကြောင်း၊ သို့သော် စိတ်လက်ရှည်စွာစောင့်ဆိုင်းရမည် ဖြစ်ကြောင်း၊ အပြောင်းအလဲကိုချက်ချင်းမျှော်လင့်နေ၍မရကြောင်း’ ပြောကြားခဲ့ဖူးသည်။

ယခုတင်မြောက်ခံရသောဆရာတော် Francis Cui Qingqi သည် ဤသာသနာကို (၂၀၁၂) ခုနှစ်၊ ဒီဇင်ဘာလမှစ၍  တာ၀န်ခံအ ဖြစ်တာ၀န်ယူစောင့်ရှောက်ခဲ့သူဖြစ်သည်။ သူသည်လည်း တရုတ်အစိုးရ ၏ချု ပ်ကိုင်မှုရှိသော တရုတ်နိုင်ငံ၏ ကက်သလစ်ဆရာ တော်ကြီးများအဖွဲ့ချုပ်၏လက်ထောက် အတွင်း ရေးမှူး လည်းဖြစ်ခဲ့သည်။   

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်     

https://bit.ly/3ngmdfn

Add new comment

13 + 6 =