ဗာတီကန်တွင် ၁၀ ဉီး မြောက်ကိုဗစ် လူနာတွေ့ရှိ

ဗာတီကန်တွင် ၁၀ ဉီး မြောက်ကိုဗစ် လူနာတွေ့ရှိ

ဗာတီကန်တွင် ၁၀ ဉီး မြောက်ကိုဗစ် လူနာတွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ် အပေါင်းလက္ခဏာတဉီး ဗာတီကန် အတွင်းထပ်တိုးလာတာကြောင့် အခုဆိုရင် ကိုဗစ် အပေါင်းလက္ခဏာ ပြလူနာ ၁၀ ဉီးတွေ့ရှိရပြီဖြစ်တယ်လို့ ဗာတီကန် သတင်းတိုက်ရဲ့ ဒါရိုက်တာ မာတေးယို ဘရူးနီက အင်္ဂါနေ့မှာ တရားဝင်ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

အထက်ပါ နံပါတ် ၁၀ လူနာသည် မတ်လတွင် ကိုဗစ် လက္ခဏာများပြခဲ့ပြီး ထိုအချိန်ကထဲက အိမ်ကနေပဲ အလုပ်လုပ် အိမ်တွင်းကွာရဲန်တင်းနေခဲ့ကာ အခုမှ တကယ့် ကွာရဲန်တင်း စင်တာကို ရောက်ရှိကြောင်း

ဗာတီကန်အတွင်းက ၄င်း၏ အလုပ်ဌာန တခုလုံးကို သတ်မှတ်ချက်တွေအတိုင်း ပိုးသတ်ဆေးဖြန်းကာ လုပ်ဖော်ကိုင်ဖက်အားလုံးကိုလဲ ဆေးစစ်ခဲ့ပြီးဖြစ်ပေမဲ့ အားလုံးမှာ ပိုးမတွေ့ရကြောင်း
 

ဗာတီကန် မှ နံပါတ် ၉ လူနာကတော့ ဧပြီလ ၂၀ ရက်နေ့က သတင်းပို့ခဲ့တာဖြစ်တဲ့အကြောင်း ကို Vatican သတင်းအရ သိရှိရပါတယ်။
 

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်
 

https://bit.ly/2VKSjlm

Add new comment

2 + 0 =