ဗာတီကန်စိန့်ပီတာဘာစီးလီကာဘုရားကျောင်းကြီး၌၀န်ထမ်းလျှောက်သူများ၌ တက်တူးနှင့်ကွင်း၊များတပ်ဆင်ထားသူများမဖြစ်ရ

ဗာတီကန်စိန့်ပီတာဘာစီးလီကာဘုရားကျောင်းကြီး၌၀န်ထမ်းလျှောက်သူများ၌ တက်တူးနှင့်ကွင်း၊များတပ်ဆင်ထားသူများမဖြစ်ရ

လူမြင်သာသောခန္ဓာကိုယ်များ၌ တက်တူးများ၊ နှာကွင်း၊ နားကပ်၊ နားကွင်းများထိုးထားသူ၊ တပ်ထားသူများ၊ လက်ထပ်ခြင်းစက္ကရာမင်တူးမခံယူမီအတူနေထိုင်နေကြသောသူများအား ဗာတီကန်စိန့်ပီတာဘာစီးလီကာဘုရားရှိခိုးကျောင်း၏၀န်ထမ်းများအဖြစ်လျှောက်လာပါကလက်ခံစဉ်းစားမည်မဟုတ်ဟုဆိုသည်။

ဤသတ်မှတ်ချက်များသည် စည်းကမ်းချက်သစ်များအနက်အချို့သောအချက်အလက်များဖြစ်သည်။ အဆို ပါ၀န်ထမ်းများသည် စိန့်ဘာစီးလီကာဘုရားရှိခိုးကျောင်းအားပြုပြင်ထိန်းသိမ်းရသောတာ၀န်ကိုထမ်းဆောင်ရသူများဖြစ်သည်။ ဗာတီကန်အတွင်းအမှုထမ်းနေသော၀န်ထမ်း (၃၀၀၀) အနက် (၁၂၀) ဦးမှာဘာစီးလီကာဘုရားရှိခိုးကျောင်း၌ထမ်းဆောင်ကြရသည်။

ဤသတ်မှတ်ပြဌာန်းချက်အသစ်များကို လာမည့် (၂၀၂၅) ဂျူဗလီပွဲတော်ကြီးမကျင်းပမီ၌ ကြိုတင်၍ ဇွန်လ (၂၉) ရက်၊ စိန့်ပီတာနှင့်စိန့်ပေါလ်တို့၏ပွဲနေ့ ၌တရား၀င်ချပြ၍ပြဌာန်းလိုက်ခြင်းဖြစ်သည်။ ဤပြဌာန်းချက်အသစ်သည် စိန့်ပီတာဘာစီးလီကာဘုရားရှိခိုးကျောင်းကြီး၌အမှုထမ်းနေသူတိုင်းနှင့်အကျုံး ၀င်သောကြေညာချက်ဖြစ်သည်။

၀န်ထမ်းများ၌ လုံခြုံရေး၊ ကြေညာ ချက်စာများထုတ်ပြန်ခြင်း၊ ပန်းချီ၊ ပန်း ပုပညာရှင်များနှင့်ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ၀န်ထမ်းများဟူ၍အပိုင်းလိုက်ရှိသည်။
လက်ထပ်ထိမ်းမြှားခြင်းစက္ကရာမင်တူးမခံယူမီ အတူပေါင်းသင်းနေထိုင်သူများအားထည့် သွင်းစဉ်းစားခြင်းမပြုရခြင်းမှာ ဘာသာရေးအမှုတော်ကိုထမ်းသောသူများဖြစ်၍ ဘာသာ တရား၏သွန်သင်ချက်များနှင့်ကိုယ်ကျင့်တရားပိုင်းဆိုင်ရာစောင့် စည်းရမည်ဖြစ်သည်။

၀န်ထမ်းများအနေဖြင့် မီဒီယာများ၏ မေးမြန်းခြင်းတို့ကိုလည်း ပြောရေး ဆိုခွင့်မရှိ ဖြေဆိုခွင့်မရှိကြောင်း လူမှုရေးဆိုင်ရာလှုပ်ရှားမှုများ၌ဖြစ်စေ ဘာစီးလီကာ၌အမှုထမ်းသော၀န်ထမ်းတစ်ဦးအတွက်မသင့်လျှော်သော၊ ဂုဏ်ညှိုးနွမ်းစေသည့်မည်သည့်အခမ်းအ နားမျိုးကိုမဆိုတက်ရောက်ခွင့်မရှိဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

https://bitly.cx/nxz2G

Add new comment

4 + 5 =