ဗာတီကန်စာကြည်တိုက်တာ၀န်ခံများသည် ခေတ်နှင့်ညီလျှော်မည့်ပြခန်းအဖြစ်ပြောင်းလဲရန်လုပ်ဆောင်နေ

ဗာတီကန်စာကြည်တိုက်တာ၀န်ခံများသည် ခေတ်နှင့်ညီလျှော်မည့်ပြခန်းအဖြစ်ပြောင်းလဲရန်လုပ်ဆောင်နေ

ဗာတီကန်စာကြည်တိုက်တာ၀န်ခံများသည် ခေတ်နှင့်ညီလျှော်မည့်ပြခန်းအဖြစ်ပြောင်းလဲရန်လုပ်ဆောင်နေ

ဗာတီကန်စာကြည်တိုက်၌ ခေတ်ကြေးမုံနှင့်ညီလျှော်သော ပြခန်းတစ်ခုကိုအမြဲထားရှိပြသနိုင်ရန်လုပ်ဆောင်နေကြ သည်။ ဤစီမံကိန်းကိုဦးဆောင်သူမှာ ရောမမြို့မှပန်းချီပညာရှင် Pietro Ruffo ဖြစ်သည်။ ဤပြခန်း၌ လူမှုရေး၊ ယဉ်ကျေးမှု များကိုအခြေခံသည်။

ပြခန်း၏ဆောင်ပုဒ်မှာ ရဟန်းမင်းကြီးဖရန်စစ်၏ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့်ဆိုင်သော စာချွန်တော်ဖြစ်သည့် “Laudato si' နှင့်လူသားများ ညီအစ်ကိုရင်းစိတ်ဓာတ်များမွေးမြူရှင်သန်စေရန်အလင်းပြတိုက်တွန်း ထားသော “Fratelli tutti” စာချွန်တော်၏ခေါင်းစဉ်များဖြစ်ကြသည်။ ဤသို့ပြုလုပ်ရခြင်းမှာ ခေတ်သစ်ပန်းချီပညာရှင်များ အားဖိတ်ခေါ်၍ ရဟန်းမင်းကြီး၏စာချွန်တော်များကိုယဉ်ကျေးမှုအခြေခံပြီး၊ ပုံများဖြင့်ဖော်ကျူးနိုင်ရန်ဖြစ်ကြောင်း ကာဒီနယ် Jose Tolentino De Mendonca ကရှင်းပြခဲ့ပါသည်။

ပြခန်းကိုအကန့် (၄) ကန့်ခွဲထားသည်။ Pietro Ruffo ၏ပထ၀ီနှင့်ကောင်းကင်ယံကိုပုံဖော်သော ပြခန်းဖြင့်စဖွင့်ထားသည်။

ရဟန်းမင်းကြီးစုဆောင်းထားသော ရှားပါးမြေပုံ များကိုကြည့်ရှုနိုင်မည်ဖြစ်သည်။ အိန္ဒိယမှ (၁၆) ရာစု အာကာသဆိုင်ရာပေလွှာများကူိ လည်းတွေ့ရမည်ဖြစ်သည်။

ပြခန်းကိုနို၀င်ဘာလ (၅) ရက်နေ့ကဖွင့်လှစ်ခဲ့ပြီး၊ ပထမဦးဆုံး၀င်ရောက်ကြည့်ရူခဲ့သူမှာ ရဟန်းမင်းကြီးဖရန်စစ်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3F8RFlJ

Add new comment

14 + 6 =