ဗာတီကန်ကစိန့်ပီတာရင်ပြင်တွင် ရွေ့ပြောင်းနိုင်သောဆေးခန်းတစ်ခုဖွင့်လှစ်

ဗာတီကန်ကစိန့်ပီတာရင်ပြင်တွင် ရွေ့ပြောင်းနိုင်သောဆေးခန်းတစ်ခုဖွင့်လှစ်

ဗာတီကန်ရုံးတော်၏ ဧ၀ံဂေလိသတင်းကောင်းပြန့်ပွားရေးဌာနမှ ဂိုဏ်ချုပ်ဆရာတော် Rino Fisichella သည် စိန့်ပီတာရင်ပြင်၌ ပြောင်းရွေ့နိုင်သောဆေးခန်းတစ်ခုကို နို၀င်ဘာလ (၉) ရက်နေ့ကဖွင့်လှစ်ပေးခဲ့သည်။ ထိုနေ့သည်လည်း (၆) ကြိမ်မြောက် ‘ကမ္ဘာ့နွမ်းပါးသူများနေ့’ လည်းဖြစ်သည်။ ‘ချို့တဲ့သူ များသည် ယေဇူးသခင်နှင့်အနီးကပ်ဆုံးသူများဖြစ်ကြသည်။ ဧ၀ံဂေလိတရားသယ်ဆောင်ပေးသူများဖြစ် ကြသည်။

ဧ၀ံဂေလိတရား၏အနှစ်ကား လိုအပ်သူများနှင့်နီးကပ်စွာရှိရန်၊ ချို့တဲ့နွမ်းပါးသူများသည် ကမ္ဘာပေါ်ရှိ အားနည်းသူများအားကူညီရန်ဖြစ်သည်ကိုနားလည်စေသူများဖြစ်သည်’ ဟူသောရဟန်းမင်း ကြီးဖရန်စစ်၏စကားကိုပြန်လည်အမှတ်ရနေမိသည်။

ယခုကဲ့သို့ ဆေးခန်းဖွင့်လှစ်ရခြင်းမှာ ကျန်းမာရေးအတွက် ငွေကြေးမတတ်နိုင်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အဘယ်ကြောင့်ဆိုသော် ကပ်ရောဂါဆိုးဖြစ်ပွားရိုက်ခတ်သွားသော နှစ်နှစ်တာကာလနှင့်ရုရှား၏ယူကရိန်းစစ်ကြောင့်ငွေကြေးဖောင်းပွမှုများမြင့်တက်လာခြင်းနှင့်ကမ္ဘာ့လောင်စာဆီပြဿနာများကြောင့်စီးပွားပျက်ကပ်မှုကိုခံနေကြရသည်။

ကျန်းမာရေးစောင့်ရှောက်မှု၌ အထွေ ထွေဆေးစစ်ခြင်း၊ ဓာတ်ကင်ခြင်း၊ သွေးစစ်ခြင်း၊ တုတ်ကွေးကာကွယ်ဆေး၊ ကိုးဗစ် (၁၉) စစ်ဆေးပေးခြင်း၊ HIV ပိုးရှိမရှိစစ်ဆေးပေးခြင်း၊ ဘီပိုး၊ စီပိုးစစ်ဆေးခြင်းနှင့်အဆုပ်ရောဂါစစ်ဆေးခြင်းများကိုပြုလုပ် နိုင်သည်။ ဤ၀န်ဆောင်မှုသည် နိုင်ငံတကာ၏လိုအပ်ချက်ဖြစ်သည်။ ဤသို့၀န်ဆောင်မှုပေခြင်းဖြင့် ဤသို့ပြုလုပ်သင့်ကြောင် းကမ္ဘာပေါ်မှရောက်ရှိလာမည့်ဘုရားဖူးသိန်းသန်းအားအသိရစေမည်ဖြစ်သကဲ့ သို့ဆင်းရဲချမ်းသာမရွေး ရောဂါများကိုကုသပေးရန်လိုအပ်ကြောင်းအသိများရရှိစေမည်ဟုမျှော်လင့်ကြောင်း၊ ဘုရားဖူးများသည် နေရာဒေသ၏အလှအပကိုခံစားရန်ဤနေရာသို့ရောက်လာကြမည်ဖြစ်သကဲ့သို့ ဤ ၀န်းကျင်၌ဆင်းရဲနွမ်းပါးသူများလည်းရှိကြောင်းကိုအသိရှိလာစေပြီ၊ ၄င်းတို့သည်လည်း ကျန်းမာရေးစောင့်ရှောက်မှုကိုလိုအပ်ကြောင်းသိစေလိုပါသည်ဟုဆိုသည်။

ဂိုဏ်းချုပ်ဆရတော်က ‘ဆင်းရဲချို့တဲ့သူများသည် ကျွန်ုပ်တို့အနီးအပါး၌အစဉ်ရှိနေသည်။ မမြင်မတွေ့နိုင်သူများမဟုတ်။ သူတို့သည်ဂုဏ်သိက္ခာနှင့်လူသားများဖြစ်ကြသည်’ ဟုရဟန်းမင်းကြီးဖရန်စစ်၏မိန့်ကြားချက်ကိုပြန်လည်ကိုးကားထားသည်။ လူချမ်းသာ များအားဦးစားပေးလွန်း၍လစ်လျူရှူခံရသောလူများစုနွမ်းပါးချို့တဲ့သူများ၏ဆုံးရှုံးနစ်နာမှုများကိုပြန် လည်ပေးအပ်ခြင်းဖြစ်သည်။

‘ကမ္ဘာ့ဆင်းနွမ်းပါးသူများနေ့’ ကိုနှစ်စဉ် အမိသာသနာ၏၀တ်ပြုခြင်းဒုတိယနောက်ဆုံးပတ်ဖြစ် သော (၃၃) ကြိမ်မြောက်တနဂ်နွေနေ့၌ အမှတ်ရကျင်းပပါသည်။ ယခုနှစ်၌ နို၀င်ဘာလ (၁၃) ရက်နေ့က ကျရောက်ခဲ့သည်။ ဤနေ့ကိုရဟန်းမင်းကြီးဖရန်စစ်က (၂၀၁၆) ခုနှစ်က ‘သနားကြင်နာခြင်း၏ထူးခြားဂျူ ဗလီနှစ်’ အဖြစ်ကြေညာ၍ စတင်ကျင်းပလာခဲ့သည်။ ဤနေ့မျိုးကိုသတ်မှတ်ကျင်းပရခြင်းမှာ ခရစ်ယာန် များအနေဖြင့် စီးပွားရေးခက်ခဲကြပ်တည်းသော၊ ရုန်းကန်နေကြရသောသူများထံသို့အရောက်သွား၍ ယေဇူးသခင်ပြသခဲ့သောချစ်ခြင်းမေတ္တာ (အာဂါပေ) ကိုပြသပေးရန်ဖြစ်သည်။

ဤနေ့ကိုလူများသတိထားပါ၀င်လုပ်ဆောင်ရန်အတွက် ဗာတီကန်၏ဧဝံဂေလိတရားပြန့်ပွားရေးရုံးတော်မှအားစိုက်ထုတ်မြင့်တင်လုပ်ဆောင်ခဲ့သည်။ ထိုနေ့၌ရုံးတော်မှ ရောမရှိနွမ်းပါးချို့တဲ့သူများအား ဗာတီကန်၀င်းအတွင်းရှိ ရဟန်းမင်းကြီးပေါလ် (၆) ၏ခန်းမ၌ နေ့လယ်စာဧည့်ခံကျွေးမွေးခဲ့သည်။ (ဤနေ့သာ ကျွေးမွေးသည်မဟုတ်။ နွမ်းပါးချို့တဲ့သူများအား တစ်နှစ်ပတ်လုံးဗာတီကန်၀င်းရှိ မာသာရ်ထရေးဇာသီလရှင်များ၏ကြီးကြပ်ပေးမှုဖြင့် နေ့စဉ်ကျွေးမွေးပေးလျှက်ရှိသည်။) အလွန်ခက်ခဲသောမိသားစုများကို မှု ရေရှည်ပံ့ပိုးမှုကိုလည်းပြုလုပ်လျှက်ရှိသည်။ ထို့အတူ ရောမဂိုဏ်းချုပ်သာသနာအတွင်းရှိ ကျောင်းထိုင် သီတင်းသုံးသောဘုရားကျောင်းများ၌လည်း ထမင်းထုပ်များကို‌ဝေငှပေးလျှက်ရှိသည်။

အီတလီနိုင်ငံ သည် ကမ္ဘာ့အချမ်းသာဆုံး (၆) နိုင်ငံ၌ပါ၀င်သည်ဟုဆိုသော်လည်း နိုင်ငံအတွင်း၌ ချို့တဲ့နွမ်းပါးသူ (၅) သန်းကျော်ရှိကြောင်း၊ ဤသို့ဆိုလျှင် ကမ္ဘာတစ်၀ှမ်း၏ အနေအထားကိုခန့်မှန်းနိုင်ပေလိမ့်မည်။ သို့ဖြစ် လျှင် အာရှ၊ လာတင်းအမေရိကားနှင့်အာဖရိကနိုင်ငံများ၏အခြေအနေသည်အဘယ်သို့ရှိမည်ကိုမှန်းဆ နိုင်သည်။ ချို့တဲ့သူများ၌ သီးသန့်ကိုင်ဆောင်ထားသော မှတ်ပုံတင်မရှိ။ သူတို့သည်နွမ်းပါးချို့တဲ့သူများ ဖြစ်သည်ဟုသာ လူများမြင်တွေ့ပြီး၊ အကူအညီပေးရုံသာရှိသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3AiboiP

Add new comment

1 + 16 =