ဗာတီကန် နိုင်ငံနှင့် သံတမန် ဆက်သွယ်ရေး သံအမတ် အဖြစ် အသစ်ခန့်အပ်ခံရသော သံအမတ်များ နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တွေ့ဆုံ

အသစ်ခန့်အပ်ခံရသော သံအမတ်များ နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တွေ့ဆုံ

ဗာတီကန် နိုင်ငံနှင့် သံတမန် ဆက်သွယ်ရေး သံအမတ် အဖြစ် အသစ်ခန့်အပ်ခံရသော သံအမတ်များ နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တွေ့ဆုံ
မေလ ၂၃၊ ၂၀၁၉

ဗာတီကန် နိုင်ငံနှင့် သံတမန် ဆက်သွယ်ရေး သံအမတ် အဖြစ် အသစ်ခန့်အပ်ခံရသော ထိုင်း၊ နယူးဇီလန်၊ ဂီနီ၊ အီသီယိုးပီယား၊ နော်ဝေး၊ စီအဲရာ လီယွန်၊ ဂီနီ ဘစ်စော၊ လပ်ဇင်ဘပ်ခ် နှင့် မိုဇမ်ဘစ် နိုင်ငံတို့မှ သံအမတ်များ နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် တွေ့ဆုံခဲ့ပါသည်။

ယင်း ၉ နိုင်ငံ မှ သံအမတ်များ နှင့်တွေ့ဆုံခြင်းတွင် တို့တတွေအတူတကွ စည်း​လုံးစွာရှိနေကြခြင်းသည် မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်မူ အနည်းဆုံးသူများကို ကာကွယ်စောင့်ရှောက်ပေးကြရန်နှင့် အဆင်ရဲဆုံးနိုင်င်ငံသားများကို ကူညီခြင်းသည် အကြီးမားဆုံးတာဝန်ဖြစ်ကြောင်းသိရှိရန်၊ မတူကွဲပြားမူများကို ရိုသေလေးစားဖို့ နှင့် လူသားတိုင်းပြည့်ဝ စွာ တိုးတက်မြင့်မားလာရေးအတွက် အတူတကွ ရှိနေခြင်းကို သတိရှိကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ပြောကြားခဲ့ပါသည်။

ညီကို​မောင်နှမ စိတ်ဓာတ်နှင့် ဆက်ဆံသော ပေါင်းသင်းဆက်ဆံရေးမှာ စည်းလုံးဆိုတဲ့စကားလုံးဟာ ပိုမိုပြည့်ဝစွာ အဓိပ္ပါယ် ဖော်ဆောင်နိုင်တယ်၊ ရှုပ်ထွေးလှတဲ့ စိန်ခေါ်မူ​တွေနဲ့ပြည့်နှက်နေတဲ့ကမ္ဘာကြီးမှာ ညီကိုမောင်နှမ စိတ်ဓာတ်နှင့် ပေါင်းသင်းဆက်ဆံရေးဟာ အဖွဲ့အစည်းတွေကြား၊ နိုင်ငံအချင်းချင်းကြား တစ်​ဦးနှင့်တစ်ဦးပေါင်သင်းဆက်ဆံရေးကြာမှာ လိုအပ်နေသော ဆန္ဒတစ်ခုဖြစ်တယ်။ ယင်းကဲ့သို့သော စည်းလုံးမူကိုဖော်ဆောင်ကြတဲ့နေရာမှာ အပေါ်ယံမဟုတ်ပဲ တို့အားလုံးမျှော်လင့်တောင့်တတဲ့ တကမ္ဘာလုံးငြိမ်းချမ်းစည်းလုံးမူထိ ရရှိအောင်လေးနက်စွာလုပ်ဆောင်ကြရမယ်။

အကြမ်းဖက်မူ​တွေ၊ လက်နှက်စွဲကိုင်တိုက်ခိုက်သတ်ြ​ဖတ်နေမူ​တွေဟာ စည်းလုံးခြင်းကို ထိခိုက်ပျက်ပြားစေတဲ့အဓိကအရာတွေဖြစ်တယ်။ အဲ့ဒီက​​ ရလာတဲ့ဒဏ်ရာဒဏ်ချက်တွေက တို့တတွေစည်းလုံးကြဖို့လိုနေပြီ ဆိုတာ သင်ခန်းစာပေးနေတယ်ဆိုတာသတိထားကြပါ။ ပဠိပက္ခတွေ ကိုအဖြေရှာခြင်း၊ ပြန်လည်သင့်မြတ်အောင်လုပ်ဆောင်ကြခြင်းဟာ ငြိမ်းချမ်းခြင်းရရှိစေသော အမှတ်လက္ခဏာ တွေဖြစ်တယ်၊ အစိတ်စိတ်အမြွှာမြွာ ကွဲပြားခြင်းထက် စည်းလုံးခြင်းက ငြိမ်းချမ်းမူကိုရစေတယ် ဆိုတာဖော်ပြခြင်းဖြစ်တယ်။ ပြောဆိုညှိနိုင်းဆွေးနွေခြင်း အမူကိုပြုလုပ်ကြပါ ယင်းနည်းလမ်းက အခက်အခဲ​တွေ စိန်ခေါ်မူ​တွေကို အကောင်းဆုံးဖြေရှင်းသော နည်းလမ်းဖြစ်တယ်။

ဗာတီကန်နိုင်ငံ ရဟန်းမင်းကြီးရုံးတော် အနေနှင့် ယင်းလုပ်ငန်းများကို သင်တို့နှင့် အတူတကွ ပူပေါင်းလုပ်ဆောင်ပေးနေမည်၊ ထောက်ပံ့ကူညီပေးနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-ambassadors-holy-see-thailand-new-zealand-ethiopia.html

#pope, #vatican, #ambassadors, #peterkm,
Photo credit to vaticannews
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

8 + 3 =