ဗာတီကန်သံအမတ်ကြီးနှင့် မန္တလေးဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီးများတွေ့ဆုံခြင်း

ဗာတီကန်သံအမတ်ကြီးနှင့် မန္တလေးက်သလစ်ဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီးများတွေဆုံခြင်း

မန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံအမတ် ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ချန်အင်နန်မှ မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ဘုန်းတော်ကြီးများနှင့် တွေ့ဆုံခြင်း။
(25.8.2019)
မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာဂိုဏ်းချုပ်ဆရာတော်ကြီးမာကုတင်ဝင်း၏ဂိုဏ်းချုပ်ဆရာတော် လည်ဆွဲအပ်နှင်းပွဲအပြီး၌ ဗာတီကန်သံအမတ်သည် မန္တလေးသာသနာမှ ဘုန်းတော်ကြီးများနှင့် တွေ့ဆုံမှုတစ်ခုကို ပြုလုပ်ခဲ့ပါသည်။
မန္တလေးသာသနာမှ ဘုန်းတော်ကြီးများသည် ဗာတီကန်သံအမတ်ကြီးအား နွေးထွေးစွာ ဖြင့်ကြိုဆိုကြောင်း၊ ယခုလို တွေ့ဆုံခွင့်ပေးတဲ့အတွက် ဂုဏ်ယူကြပါကြောင်း၊ ဆရာတော်အသစ်နှင့် အပြည့်အ၀ပူးပေါင်းကြပါမည်ဟု ကတိပြုပါကြောင်း၊ ဆရာတော်သစ် အောင်မြင်ဖို့ရန်အတွက်လည်း ဆုတောင်းခြင်းဖြင့်လည်း ပါဝင်မည်ဟု ကတိပြုကြောင်းကိုပြောကြားခဲ့ပါသည်။
ဗာတီကန်သံအမတ်အား ဘုန်းတော်ကြီးများမှ တစ်ပါးချင်းခြင်း မိမိတို့ကိုယ်ကို မိတ်ဆက်ခဲ့ကြပါသည်။
ဆရာတော်ကြီးမာကုတင်ဝင်းရေးဆွဲထားသည့် သာသနာဖွဲ့စည်းပုံကို Fr.Peter Sein Hlaing Oo မှ တင်ပြခဲ့ပါသည်။
ဗာတီကန်သံအမတ်ကြီးမှလည်းမြန်မာဘာသာစကားဖြင့်မင်္ဂလာပါဟုနှုတ်ခွန်းဆက်သခဲ့ပါသည်။    

ပထမဦ်းဆုံးအနေဖြင့်မန္တလေးသာသနာမှဘုန်းတော်ကြီးများအားကျေးဇူးတင်ကြောင်းကို ပြောကြားခဲ့ပါသည်။Fr.Dominicဂြိုလ်တုမွန်ဆီညော်ဖြစ်သွားသည့်အတွက်လည်းဂုဏ်ယူပါကြောင်း၊မန္တလေးသာသနာအတွက် အရမ်းရှည်ကြာခဲ့တဲ့ဖြစ်စဉ်ဖြစ်သည့်အတွက် ဘုန်းတော်ကြီးများအနေဖြင့် စိတ်ရှည်စွာဖြင့် ပူးပေါင်း ပါဝင်ပေးကြဖို့ရန်လည်း ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံမှာပုပ်ရဟန်းမင်းကြီးကြွရောက်မှာဖြစ်တဲ့အတွက်ပြင်ဆင်နေကြကြောင်း၊ပုပ်ရဟန်းမင်းကြီး၏ခရီးစဉ်အောင်မြင်ရေးအတွက်လည်းဆုတောင်းပေးရန်တောင်းခံကြောင်း၊

ဘုန်းတော်ကြီးများအနေဖြင့်သန့်ရှင်းတဲ့ဘ၀ကိုရှင်သန်ရမှာဖြစ်ကြောင်း၊ရဟန်းဘ၀ဟာဝန်ထမ်း၊အလုပ်သမားဘ၀များနှင့်မတူကြောင်း၊ဘုန်းတော်ကြီးများလုပ်နေကြရတဲ့အလုပ်ကဘုန်းကြီးတွေရဲ့

သန့်ရှင်းတဲ့ဘ၀နဲ့ဆက်စပ်မူတည်ကြောင်း၊သန့်ရှင်းတဲ့ဘ၀ကိုရှင်သန်ဖို့ရန်အတွက်ပုပ်ရဟန်းမင်းကြီးကတိုက်တွန်းထားကြောင်း၊စီမွန်ပေတရူးဟာတစ်ညလုံးငါးဖမ်းချိန်တစ်ကောင်မှမရှိခဲ့ကြောင်း၊သခင်ခရစ်တော်မှ ရေနက်ရာသို့ရွှေ့လော့ဆိုတဲ့အမိန့်တော်ကိုနာခံတဲ့အခါမှာငါးအများကြီးမိ၍လှေနစ်လုနီးပါးဖြစ်ခဲ့ရ ကြောင်း၊ခရစ်တော်ရဲ့ရှေ့တော်မှာဒူးထောက်ပြီးကျွန်ုပ်ဟာအပြစ်သားဖြစ်ကြောင်းထွက်သွားခွင့်ပေးဖို့ရန် တောင်းဆိုသည့်အခါခရစ်တော်ကလူကိုဖမ်းသောတံငါဖြစ်စေမည်ဟုပြောကြားခဲ့ကြောင်း၊ဘုန်းတော်ကြီးများအားလုံးကိုခေါ်တော်မူခြင်းနဲ့အတူကိုယ့်ကိုခေါ်ထားတဲ့သခင်ရှေ့မှာကျွန်ုပ်တို့ဟာအပြစ်သား ဖြစ်ကြောင်းဝန်ခံဖို့လိုကြောင်း၊ခရစ်တော်ဟာသူ့ရဲ့နောက်ကိုလိုက်စေချင်ကြောင်း၊ကျွန်ုပ်တို့ဟာအပြစ်သားဖြစ်တဲ့အတွက်အကျင့်ပြောင်းလဲဖို့ရန်ဖိတ်ခေါ်နေကြောင်း၊အပြစ်ရှိပြီးအသင်းတော်က ရဟန္တာတင်မြှောက်ထားသူတွေဟာလုံးဝအပြစ်ကင်းပြီးပြည့်စုံသူတွေမဟုတ်ခဲ့ကြကြောင်း၊အပြစ်သား ဖြစ်ပေမယ့်ကြိုးစားခဲ့ကြကြောင်း၊အသင်းတော်ရဲ့ပုံသက်သေဆိုးတွေကို  

ပုပ်ရဟန်းမင်းကြီးကလည်းအသိအမှတ်ပြုကြောင်းများမြွက်ကြား၍ သခင်ခရစ်တော်၏ ခေါ်သံကို လိုက်ဖို့ ၊ ဘ၀သစ်ကို စဖို့ရန်အတွက် တိုက်တွန်းပြောကြားခဲ့ပါသည်။
အဲ့ဒီနောက် မန္တလေးသာသနာမှ ဘုန်းတော်ကြီးများသည် မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်သံအမတ်အား လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြပြီးနောက် တွေ့ဆုံမှုပြီးဆုံးခဲ့ပါသည်။

Add new comment

1 + 2 =