Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ဗင်နီဇွဲလား နိုင်ငံရေးအခြေအနေ ညှိနှိုင်းဆွေးနွေးသော နည်းလမ်းဖြင့်အဖြေရှာကြဖို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် တိုက်တွန်း
ဗင်နီဇွဲလား နိုင်ငံရေးအခြေအနေ ညှိနှိုင်းဆွေးနွေးသော နည်းလမ်းဖြင့်အဖြေရှာကြဖို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် တိုက်တွန်း
ဇူလိုင်လ ၁၄၊ ၂၀၁၉
တိုင်းပြည်တစ်ခုလုံးခံစားနေရသော ဒုက္ခမှ အမြန်ဆုံးလွတ်မြောက်ပြီး အများအကြိုးအတွက်ကောင်းမွန်သော သဘောတူညီမှူ့ရရှိဖို့ ဗင်နီဇွဲလား နိုင်ငံရေးခေါင်းဆောင်များကို ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် တောင်းဆိုလိုက်ပါသည်။
အပတ်စဉ်တွေ့ဆုံနေကြ တနင်္ဂနွေနေ့ တိုင်း လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်းတွင် ဒုက္ခမျိုးစုံကြုံတွေ့နေရသော ဗင်နီဇွဲလား ပြည်သူများ နှင့် ရှိနေကြောင်း ဖော်ပြခဲ့ပြီး စိန့်ပီတာ ရင်ပြင်တွင် စုရုံးနေကြသော လူထုပရိတ်သတ်အား ဗင်နီဇွဲလား နိုင်ငံရေးခေါင်းဆောင်များအပေါ် ဘုရားသခင်၏ ကျေးဇူးတော်များ အမြန်ဆုံးသွန်းလောင်းချပေးကာ စစ်မှန်သော သဘောတူညီမှူ့ရှိပြီး ပြည်သူပြည်သားများ ခံစားနေရသော ဒုက္ခများမှ အမြန်ဆုံးလွတ်မြောက်ဖို့ရန် သူနှင့် အတူ ဆုတောင်းပေးကြဖို့ တိုက်တွန်းခဲ့ပါသည်။
ဗင်နီဇွဲလား ပြည်သူများမှ တရားဝင်မဟုတ်သော အစိုးရကို ဖယ်ရှားပြီး နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်း သမ္မတအသစ်ပြန်လည်ရွေးကောက် တင်မြောက်ရန်နှင့် နိုင်ငံတွင်း ကြုံတွေနေရသော ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေမှုများ၊ အလုပ်လက်မဲ့များပြားလာမူ့၊ ဆေးဝါးမလုံလောက်မူ့၊ အစားအစာရှားပါးလာမူ့တို့ကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေသော နိုင်ငံတစ်ခုဖြစ်ပါသည်။ ၄ သန်းသော ဗင်နီဇွဲလား နိုင်ငံသားများမှာလည်း ဒုက္ခသည်များအဖြစ် တိုင်းတပါးသို့ ထွက်ပြေးနေကြကြောင်းလည်း ဖော်ပြထားပါသည်။
By Kyi Maung
https://bit.ly/2xPrf7H
Photo credit to Vatican News
Add new comment