ဖွံဖြိုးဆဲနိုင်ငံများတွင် နှစ်စဥ် ကလေးနှစ်သန်းခန့် အဖတ်မတင် မွေးဖွားကြောင်းတွေ့ရှိ

ဖွံဖြိုးဆဲနိုင်ငံများတွင် နှစ်စဥ် ကလေးနှစ်သန်းခန့် အဖတ်မတင် မွေးဖွားကြောင်းတွေ့ရှိ

ဖွံဖြိုးဆဲနိုင်ငံများတွင် နှစ်စဥ် ကလေးနှစ်သန်းခန့် အဖတ်မတင် မွေးဖွားကြောင်းတွေ့ရှိ

ယူနီဆက်နှင့်ကမ္ဘ့ာကျန်းမာရေးအဖွဲ့ (WHO)တို့၏စစ်တမ်းအရ ၂၀၁၉ ခုနှစ်တွင် ကလေး၂သန်းခန့် အသေမွေးဖွားကြောင်းသိရသည်။ ထိုကိုယ်ဝန်ဆောင်များမှ ဆင်းရဲသော နိုင်ငံများမှ ဖြစ်ကြသည်။

ကိုရိုနာလော့ဒေါင်းကာလတွင် ထိုသေဆုံးမှုရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ "လျစ်လျူရှုခံနေရသော ကမ္ဘာလုံးဆိုင်ရာ မီးဖွားခြင်း"ဟူသော စာတမ်းတွင် သေဆုံးသောကလေးများ၏ ၈၄ ရာခိုင်နှုန်းသည် ဖွံဖြိုးဆဲနိုင်ငံများမှ ဖြစ်သည်။

ထိုစာရင်းတွင် ကိုယ်ဝန်ဆောင်နေစဥ် သေဆုံးခြင်းနှင့် မီးဖွားနေစဥ်သေဆုံးခြင်းတို့ အကျုံးဝင်သည်။၁၆စက္ကန့်တိုင်းတွင် သန္ဓေသားတစ်ဦးစီ သေဆုံးနေကြောင်း။ ထိုသေဆုံးမှု၏ထက်ဝက်သည် ဆာဟာရသဲကန္တာရ၊အာဖရိကနှင့် အာရှအလယ်ပိုင်း၊အာရှတောင်ပိုင်းတို့တွင် ဖြစ်ပွားနေသည်။ဖွံဖြိုးပြီးသော ဥရောပ၊သြစတေးလျနှင့်အမေရိကတိုက်တို့တွင်မူ ၆ရာခိုင်နှုန်းသာ အဖိတ်အစင်ရှိသည်။

မီးဖွားစဥ်သေဆုံးသော ကလေးငယ်များ၏ ၄၀ရါခိုင်နှုန်းမှာ ကာကွယ်ခြင်း၊ကုသခြင်း ကျမ်းမာရေးအသိမရှိကြသောကြောင့် ဖြစ်သည်။ နီပေါနိုင်ငံရှိ ဆေးရုံကိုးခုကို သြဂုတ်လအတွင်း စစ်တမ်းကောက်ယူခဲ့ရာ ကိုဗစ်အတွင်း သေဆုံးသောသန္ဓေသားအရေအတွက်ပိုများနေသည်။

မတ်လအတွင်း ကိုယ်ဝန်ဆောင် အယောက်၁၀၀၀တွင် ၁၄ရာခိုင်နှုန်း အဖိတ်အစင်ရှိခဲ့သော်လည်း မေလအကုန်လော့ဒေါင်းကာလတွင် အယောက်၁၀၀၀တွင် ၂၁ယောက်အထိ သေဆုံးခဲ့သည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of: Liderina | Shutterstock

https://bit.ly/2FobMmy

Add new comment

7 + 12 =