ဖျားနာသောသူများကို အရေအတွက်လိုမမြင်ပဲ လူတစ်ယောက်ရဲ့ခံစားချက်နှင့် ကူညီကုသပေးကြဖို့ ကျန်းမာရေး အဖွဲ့များအား ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် တိုက်တွန်း

အီတလီ နိုင်ငံ ကက်သလစ် ဘာသာဝင်များဖြင့်ဖွဲ့စည်းထားသော ကျန်းမားရေး ကူညီစောင့်ရှောက်ပေးသောအဖွဲအစည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်

ဖျားနာသောသူများကို အရေအတွက်လိုမမြင်ပဲ လူတစ်ယောက်ရဲ့ခံစားချက်နှင့် ကူညီကုသပေးကြဖို့ ကျန်းမာရေး အဖွဲ့များအား ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် တိုက်တွန်း
မေလ ၁၇၊ ၂၀၁၉

အီတလီ နိုင်ငံ ကက်သလစ် ဘာသာဝင်များဖြင့်ဖွဲ့စည်းထားသော ကျန်းမားရေး ကူညီစောင့်ရှောက်ပေးသောအဖွဲအစည်း၏ နှစ် ၄၀ ပြည့်အခန်းအနားတွင် ကျန်းမားရေး ကူညီစောင့်ရှောက်ပေးသော အဖွဲဝင်များအား ဖျားနာသောသူများကို အရေအတွက်လိုမမြင်ပဲ လူတစ်ယောက်ရဲ့ခံစားချက်နဲ့ ကူညီကုသပေးကြဖို့ ကျန်းမာရေး အဖွဲ့များအား မေလ ၁၇ သောကြာနေက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် တိုက်တွန်းအားပေးခဲ့ပါသည်။

အစွန့်ပြစ်ခံဘဝများ၊ သက်ကြီးရွယ်အိုများ၊ ဖျားနာသောသူများ၊ မိမိကိုကိုယ်ခုခံကာကွယ်နိုင်​စွမ်းမရှိသော သူများကို ကူညီပေးနေသော အဖွဲ့အား ယနေ့ခေတ်တိုးတက်လာသော ဆေးပညာနည်းလမ်းများ သည် လူအသက်ကို ကာကွယ်ဖို့၊ ရိုသေလေးစားဖို့ နှင့် မြှင့်တင်ပေးဖို့ အချက်များကို အခြေခံ ရမည်ဟု အားပေးရင်း သင်တို့ လုပ်ဆောင်နေသော အလုပ်သည် အစားထိုးမရနိုင်သော ကောင်းမြတ်သော ပေးဆပ်မှုအတွက်ကျေးဇူးတင်ကြောင်း ပြေားကြားခဲ့ပါသည်။

ကျန်းမာရေးဝန်ထမ်းများ ကြုံတွေ့ရလေ့ရှိသည့် အသက်အန္ဒရာယ် နောက်ဆုံးအခြေအနေ၊ ဆိုးဝါးနေသော အခြေအနေတွင် လူနာများကို မိမိအမြင်၊ အခြေအနေ တစ်ချို့ပေါ်မှာ ကြည့်ပြီး ဆုံးဖြတ်ချက်မချပဲ၊ ဆေးကုသပေးခြင်း၏ ရည်ရွယ်ချက် သည့်အသက်ကယ်တင်ဖို့၊ လူနား နှင့် လူနာ၏ မိသားစုဝင်များ ကိုလည်း ထည့်သွင်းစဉ်းစားဖို့၊ အထူးသဖြင့် မိမိအသိဥာဏ် အတွင်းစိတ်ကပြေားလာသည် နီတိတရားများကို ဆန်ကျင်ပြီး ဆုံးဖြတ်ချက်များမပြုလုပ်ကြဖို့ တိုက်တွန်းခဲ့ပါသည်။

လူအယောက်တိုင်းစီသည် နောက်ထပ် မရှိနိုင်တော့သော ပြန်လည်အစားထိုးမရနိုင်တော့သည့် သီးခြား ဘုရားသခင်ဖန်ဆင်းထားသော အရာဖြစ်တယ် ဒါကြောင့် လူနာတစ်ယောက်တိုင်းစီ ကို တန်ဖိုးထားကြဖို့၊ အခြားသော အရာအခြေအနေများထက် လူ၏သက်သည်သာ အဓိကဖြစ်ဖို့ ကိုလည်း ပြေားကြားခဲ့ပါသည်။

ကျမ်းမားရေးစောက်ရှောက်ပေးရသူများ၏ အခန်ကဏ္ဍသည် အလွန်ရေးပါအရာရောက်သလို့ အရည်အချင်းပြည့်ဝသော စောင့်ရှောက်မှုစွမ်းအားသည် အရေးပါ ပါသည့် ထို့အတွက်ကြောင့် လူနားများကိုပြုစုစောင့်ရှောက်ပေးနေကြသော သင်တို့ သူတပါးကို ကူညီပြုစုပေးခြင်းမှာ အားအင်ကုန်ခန်းသွားခြင်း၊ စိတ်မပါတော့ခြင်းမျိုး ကို သတိထားဖို့လိုကြောင်း၊ ကျန်းမာရေးစောင်ရှောက်မှုပေးရေး သင်တန်းကျောင်များတွင် အထူးသဖြင့် ဘုရားတရားအပိုင်း၊ ဝိညာဉ်ရေးရာအပိုင်ကို အထူးဂရုစိုက်စေလိုကြောင်း ဘုရားတရားရှိသူ၊ ဝိညာဉ်ရေးတရာပြည့်ဝသူသည် အမှာအမှန်ဆုံးဖြတ်ရာတွင် တန်ဖိုးထားရမည့်အရာကို မိမိအသိစိတ်ကလှုပ်ဆော်ပေးမှုကို ပိုမိုသိရှိခံစားနိုင်ကြကြောင်းကိုလည်း ထည့်သွင်းပြေားကြားခဲ့ပါသည်။

https://www.vaticannews.va/en/pope/news/2019-05/pope-to-healthcare-workers-treat-the-sick-as-people-not-as-num.html

#pope, #meet, #caregivers, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

2 + 11 =