ဖောကိုလားရေအသင်း၏ဦးဆောင်သူအသစ်ကိုရွေးချယ်တင်မြောက်လိုက်ခြင်း

ဖောကိုလားရေအသင်း၏ဦးဆောင်သူအသစ်ကိုရွေးချယ်တင်မြောက်လိုက်ခြင်း

            ဖောကိုလားရေအသင်းသည် အရပ်သားဘာသာတူများ၊ သူတော်စင်များဖြင့်ဖွဲ့စည်းထားသောဘာသာရေးအသင်းဖြစ် သည်။ ဤအသင်းကို (၁၉၄၃) ခုနှစ်၌ကီအားရာလူးဘီချ်မှသူငယ်ချင်းတစ်စုနှင့်ကမ္ဘာစစ်ကာလကစတင်တည်ထောင်ခဲ့သည်။ ယခုရွေးချယ်တင်မြောက်ခံရသောဦးဆောင်သူက ‘အသင်းတည်ထောင်သူ၏အမွေများကိုဆက်လက်အသက်၀င်အောင်လုပ် ဆောင်နိုင်ရန်ကြိုစားသွားမည်’ ဟု Margaret Karram ကပြောကြားခဲ့သည်။ သူသည် သူ့မတိုင်မီကအသင်းကိုဦးဆောင်ခဲ့သော Maria Voce အားဆက်ခံသူဖြစ်သည်။ သူသည်အသင်းစတင်တည်ထောင်သူကွယ်လွန်သွားပြီးနောက်အသင်း အားဦးဆောင်သူဒုတိ ယတစ်ဦးဖြစ်လာသည်။     

            Margaret Karram အနေဖြင့်အသင်းအားဦးဆောင်ရမည့်သူအဖြစ်ရွေးချယ်ခံရကြောင်း သူ၏အမည်ကိုကြေငြာလိုက်ချိန်၌ အလွန်ပင်စိတ်လှုပ်ရှားခဲ့ရကြောင်း၊ ထို့အတူသန့်ရှင်းသော၀ိညာဉ်တော်၏ခွန်အားကိုလည်းတစ်တည်း၌ခံစားရကြောင်း၊ ဤသန့် ရှင်းသော၀ိညာဉ်တော်သည် ကျွန်မဘ၀တစ်လျှောက်၌ခေါ်တရွတ်ဆိုခဲ့ရကြောင်း၊ သူ့အတိုင်ခင်အသင်းကိုဦးဆောင်ခဲ့သောသူ သည်အသင်းကိုနှစ်ကြိမ်တိုင်ရွေးချယ်တင်မြောက်ခံခဲ့ရသည်။ အသင်းအားဦးဆောင်ရန်အများဆုံးသက်တမ်းနှစ်ကြိမ်အထိအမူထမ်း နိုင်ကြောင်း အသင်း၏အခြေခံမူ၌ပြဌာန်းထားချက်ဖြစ်သည်။ အသင်းတစ်ခုလုံးအားဦးဆောင်သူသည် အမျိုးသမီးသာဖြစ်ရမည်ဖြစ် ကြောင်းပြဌာန်းထားသည်။ သူ၏ရွေးချယ်တင်မြောက်ခံရခြင်းကိုရန်းမင်းကြီးရုံးတော်မှလည်းအသိအမှတ်ပြုလိုက်ပြီဖြစ်သည်။ သူ သည် (၅၈) နှစ်ရှိပြီဖြစ်ပြီး၊ လူမျိုးမှာအာရပ်လူမျိုးဖြစ်သည်။ သူ့အားအီစ္စရေးနိုင်ငံ၌မွေးဖွားကြီးပြင်းလာခဲ့သည်။ သူသည်ကော်ရှင်း များစွာ၌အလုပ်လုပ်ခဲ့ဖူးပြီး၊ သက်၀င်ယုံကြည်မူမတူသောဘာသာများနှင့်တွေ့ဆုံဆွေးနွေးခြင်းကိုတိုးမြှင့်လုပ်ဆောင်ခဲ့သည်။  

            ခြောက်နှစ်အတွင်း အသင်းကိုစတင်တည်ထောင်လျှောက်လှမ်းခဲ့သူ၏အမွေအနှစ်များကိုအမှန်တကယ်အသက်၀င်လာ အောင်ဖော်ဆောင်ရန်မျှော်လင့်ထားပါသည်။ ဘုရားသခင်၏နှုတ်တော်ထွက်စကားကိုအမှန်တကယ်အခြေခံ၍တည်ထောင်ရှင်သန် သောမိသားစုဖြစ်ရန်ကြိုးစားမည်။ ဤအချက်သည်သာလျှင် ကျွန်ုပ်တို့အားလုံး၏ဦးတည်ချက်ဖြစ်သော ‘စည်းလုံးညီညွှတ်ခြင်း’ ကို ရယူနိုင်မည်ဖြစ်သည်။ အသင်း၏အထွေထွေအစည်းအ‌ေ၀းကြီးကိုအွန်လိုင်းမှပြုလုပ်ခဲ့ပြီး၊ ကမ္ဘာတစ်၀န်းလုံးမှကိုယ်စားလှယ် ပေါင်း (၃၅၉) ဦးပါ၀င်ခဲ့သည်။ ဤအသင်းသည် ကမ္ဘာ့နိုင်ငံ (၁၈၂) နိုင်ငံတွင်ပျံနှံ့ရောက်ရှိနေပြီး၊ အသင်းသူ၊ အသင်းသား (၂) သန်း ခန့်ရှိသည်။ ၄င်းတို့အသင်း၏ကျင့်စဉ်မှာတစ်ကမ္ဘာလုံး၌ညီအစ်ကိုမောင်နှမစိတ်ဓာတ်နှင့်စည်းလုံးညီညွှတ်ခြင်းကိုတိုးမြှင့်လုပ်ဆောင်ရှင်သန်ရန်ဖြစ်သည်။   https://bit.ly/3judG4U  

Add new comment

2 + 6 =